Skip to main content
အသက် ၆၀ ကျော်အမျိုးသမီးကို တစ်အိမ်တည်းနေ မတ်ဖြစ်သူကဓားဖြင့်ခုတ်သတ်
Ads Block

အသက် ၆၀ ကျော်အမျိုးသမီးကို တစ်အိမ်တည်းနေ မတ်ဖြစ်သူကဓားဖြင့်ခုတ်သတ်

အသက် ၆၄ နှစ်အရွယ်အမျိုးသမီးကို တစ်အိမ်တည်းနေ မတ်ဖြစ်သူကဓားဖြင့်ခုတ်သတ်မှု ပြည်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ကြာအင်းအုပ်စု၊ ခုံကြီးကျေးရွာနေ ဒေါ်ဆောင်းတင်(ခ)ဒေါ်ဆောင်း၊ (၆၄) နှစ်သည် နိုဝင်ဘာလ ၆ ရက်၊ နံနက် ၄ နာရီခွဲခန့်က နေအိမ်အပေါ်ထပ်အခန်းအတွင်း အိပ်နေစဉ် တစ်အိမ်တည်းနေ မတ်တော်စပ်သူ စန်းဦး၊ (၅၀)နှစ်က ကိုင်းခုတ်ဓားဖြင့်ခုတ်၍ ထွက်ပြေးသွားကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့မှ နေအိမ်တွင်နေထိုင်သူတို့အား စစ်ဆေးမေးမြန်းရာ နေအိမ်အပေါ်ထပ်တွင် အိပ်နေသည့် ဒေါ်ဆောင်းတင်၏ အော်သံကြား၍ အပေါ်ထပ်တံခါးမကြီးအားဖွင့်စဉ် စန်းဦးသည် ကိုင်းခုတ်ဓားကိုင်၍ အိမ်ပေါ်မှ ဆင်းပြေးသွားပြီး အိမ်ပေါ်ထပ်ဘုရားခန်းရှေ့ကြမ်းပြင်တွင် ဒေါ်ဆောင်းတင်အား ဦးခေါင်းသွေးထွက် ဒဏ်ရာများဖြင့် မြင်တွေ့ရသဖြင့် ဆေးရုံသို့ပို့ဆောင်ကုသစဉ် နံနက် ၈ နာရီခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

ဓားဖြင့်ခုတ်သူစန်းဦးအား ပြည်မြို့နယ်၊ ဝက်မြေတောကျေးရွာနေ ၎င်းနှင့်ယခင်က ခင်မင်ရင်းနှီးသူ၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီးနောက်စစ်ဆေးရာ စန်းဦးသည် တစ်အိမ်တည်းနေ ဇနီးဖြစ်သူ၏ အစ်မအရင်းဖြစ်သူ ဒေါ်ဆောင်းတင်နှင့်လူမှုရေးကိစ္စဖြစ်ပွားရာမှ ၎င်းအားတိုင်တန်းမည်ဟုပြောဆိုသဖြင့် ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စန်းဦး၊ (၅၀)နှစ်ကို ပြည်မြို့၊ အမှတ်(၃)နယ်မြေရဲစခန်း၌ (ပ) ၁၀၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ (လူသတ်မှု)ဖြင့် ဖမ်းဆီးအမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

ဓာတ်ပုံ-ပဲခူးရဲတပ်ဖွဲ့

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

Zawgyi Version

အသက္ ၆၀ ေက်ာ္အမ်ဳိးသမီးကို တစ္အိမ္တည္းေန မတ္ျဖစ္သူကဓားျဖင့္ခုတ္သတ္

အသက္ ၆၄ ႏွစ္အရြယ္အမ်ဳိးသမီးကို တစ္အိမ္တည္းေန မတ္ျဖစ္သူကဓားျဖင့္ခုတ္သတ္မႈ ျပည္ၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕နယ္၊ ၾကာအင္းအုပ္စု၊ ခုံႀကီးေက်းရြာေန ေဒၚေဆာင္းတင္(ခ)ေဒၚေဆာင္း၊ (၆၄) ႏွစ္သည္ ႏိုဝင္ဘာလ ၆ ရက္၊ နံနက္ ၄ နာရီခြဲခန႔္က ေနအိမ္အေပၚထပ္အခန္းအတြင္း အိပ္ေနစဥ္ တစ္အိမ္တည္းေန မတ္ေတာ္စပ္သူ စန္းဦး၊ (၅၀)ႏွစ္က ကိုင္းခုတ္ဓားျဖင့္ခုတ္၍ ထြက္ေျပးသြားေၾကာင္း ပဲခူးတိုင္းရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္ အရ သိရသည္။

သက္ဆိုင္ရာရဲတပ္ဖြဲ႔မွ ေနအိမ္တြင္ေနထိုင္သူတို႔အား စစ္ေဆးေမးျမန္းရာ ေနအိမ္အေပၚထပ္တြင္ အိပ္ေနသည့္ ေဒၚေဆာင္းတင္၏ ေအာ္သံၾကား၍ အေပၚထပ္တံခါးမႀကီးအားဖြင့္စဥ္ စန္းဦးသည္ ကိုင္းခုတ္ဓားကိုင္၍ အိမ္ေပၚမွ ဆင္းေျပးသြားၿပီး အိမ္ေပၚထပ္ဘုရားခန္းေရွ႕ၾကမ္းျပင္တြင္ ေဒၚေဆာင္းတင္အား ဦးေခါင္းေသြးထြက္ ဒဏ္ရာမ်ားျဖင့္ ျမင္ေတြ႔ရသျဖင့္ ေဆး႐ုံသို႔ပို႔ေဆာင္ကုသစဥ္ နံနက္ ၈ နာရီခန႔္တြင္ ေသဆုံးသြားေၾကာင္း သိရသည္။

ဓားျဖင့္ခုတ္သူစန္းဦးအား ျပည္ၿမိဳ႕နယ္၊ ဝက္ေျမေတာေက်းရြာေန ၎ႏွင့္ယခင္က ခင္မင္ရင္းႏွီးသူ၏ ေနအိမ္တြင္ ဖမ္းဆီးရမိခဲ့ၿပီးေနာက္စစ္ေဆးရာ စန္းဦးသည္ တစ္အိမ္တည္းေန ဇနီးျဖစ္သူ၏ အစ္မအရင္းျဖစ္သူ ေဒၚေဆာင္းတင္ႏွင့္လူမႈေရးကိစၥျဖစ္ပြားရာမွ ၎အားတိုင္တန္းမည္ဟုေျပာဆိုသျဖင့္ ဓားျဖင့္ခုတ္သတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ စန္းဦး၊ (၅၀)ႏွစ္ကို ျပည္ၿမိဳ႕၊ အမွတ္(၃)နယ္ေျမရဲစခန္း၌ (ပ) ၁၀၃၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ (လူသတ္မႈ)ျဖင့္ ဖမ္းဆီးအမႈဖြင့္ကာ စစ္ေဆးေနေၾကာင္း သိရသည္။

ဓာတ္ပုံ-ပဲခူးရဲတပ္ဖြဲ႔

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။