Skip to main content
Twitter ဝန်ထမ်းဟောင်းနှစ်ဦး ဆော်ဒီအာရေးဗျအတွက် သူလျှိုလုပ်ပေးမှုဖြင့် အမေရိကန်တွင် တရားစွဲဆိုခံရ
Ads Block

Twitter ဝန်ထမ်းဟောင်းနှစ်ဦး ဆော်ဒီအာရေးဗျအတွက် သူလျှိုလုပ်ပေးမှုဖြင့် အမေရိကန်တွင် တရားစွဲဆိုခံရ

Twitter ဝန်ထမ်းဟောင်းနှစ်ဦးတို့သည် ဆော်ဒီအာရေးဗျနိုင်ငံအတွက် သူလျှိုလုပ်ပေးကြောင်း ယုံကြည်ရသည့် အတွက် ဗုဒ္ဓဟူးနေ့ ဆန်ဖရန်စစ္စကိုခရိုင်ဖက်ဒရယ်ရုံးတော်၌ တရားစွဲဆိုခြင်းခံရသည်ဟု CNN က ယနေ့ ရေးသားသည်။

အလီအယ်ဇာဘာရာအမည်ရှိ ဆော်ဒီနိုင်ငံသားနှင့် အာမက် အဘူယာနိုအမည်ရှိ အမေရိကန်နိုင်ငံသားတို့သည် ထင်ရှားသော လူမှုကွန်ရက်ကြီး၏ စနစ်အတွင်း ဝင်ရောက်ခွင့် ရရှိထားသူများဖြစ်သည်။ ၎င်းတို့သည် အဆိုပါ လုပ်ပိုင်ခွင့်ကို အသုံးချလျှက် ဆော်ဒီအစိုးရအားဆန့်ကျင်သော Account များစွာတို့၏ လျှို့ဝှက်သတင်း အချက်များကို ရယူခဲ့ကြကြောင်း စွပ်စွဲခြင်းခံရခြင်းဖြစ်သည်။

ယခုအမှုမှာ ဆော်ဒီအစိုးရအနေဖြင့် ၎င်းတို့အစိုးရအပေါ် အွန်လိုင်းပလက်ဖောင်းအား လက်နက်သဖွယ် အသုံးပြုဆန့်ကျင်သူတို့အား အဝေးမှ ထိန်းချုပ်ရန်အားထုတ်လျှက်ရှိကြောင်း ထင်ထင်ရှားစေခဲ့သည်။ ထို့ပြင် Twitter အနေဖြင့်လည်း ပလက်ဖောင်းအသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တို့ကို ကာကွယ်ရာ၌ စေ့စပ်သေချာမှုနည်းလမ်းအချို့အသစ်ပြဋ္ဌာန်းရတော့မည်ဖြစ်ကြောင်း ပြသလျှက်ရှိသည်။

ဆော်ဒီထောက်လှမ်းရေးတို့ စည်းရုံးထားသည့် စွပ်စွဲခံရသူများသည် Twitter ၏ အတွင်းပိုင်းစနစ်သို့ ဝင်ရောက် ခဲ့ကြသည်။ ဆော်ဒီနိုင်ငံရေးဝေဖန်သူများ၊ Follower အမြောက်အမြားရှိသူများနှင့် အခြား Twitter အသုံးပြုသူ Account ထောင်ပေါင်းများစွာတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ အီးမေးလ်များနှင့် အသုံးပြုသူ၏ တည်နေရာကို သိရှိနိုင်သည့် I.P. Address တို့ကို ဆော်ဒီအစိုးရအတွက် စုဆောင်းပေးခဲ့ကြောင်း စွပ်စွဲခြင်း ခံရသည်ဟု ဆိုသည်။

တည်ဆဲတရားဥပဒေအရ အမေရိကန်ကုမ္ပဏီများအပေါ် ဥပဒေမဲ့ ပြည်ပထိုးဖောက်မှုများမှ အကာအကွယ် ပေးထားသည်။ အမေရိကန်ကုမ္ပဏီ သို့မဟုတ် နည်းပညာတစ်ရပ်အပေါ် ပြည်ပလွှမ်းမိုးထိန်းချုပ်ခြင်းမှာလည်း ဥပဒေချိုးဖောက်ခြင်းအဖြစ် မှတ်ယူပြဋ္ဌာန်းထားသည်။

အာမက်အယ်လူတာရီ အမည်ရှိ အခြားဆော်ဒီနိုင်ငံသားမှာ ဆော်ဒီအစိုးရနှင့် Twitter ဝန်ထမ်းနှစ်ဦးတို့အကြား ဆက်သွယ်ဆောင်ရွက်ပေးသည်ဟု စွပ်စွဲခြင်းခံရသူဖြစ်သည်။ ၎င်းသည် Twitter ဝန်ထမ်းတို့အား တန်ဖိုးကြီး လက်ပတ်နာရီနှင့် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ သိန်းချီပေးအပ်ခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ အချက်အလက်များရယူရန် သူလျှိုလုပ်မှုတွင် ပါဝင်ပတ်သက်သော ဆော်ဒီအရာရှိများ၏ အမည်ကို မသိရှိရသော်လည်း အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်၏ အတွင်းစည်း လူယုံအရာရှိကြီးများ ဖြစ်ကြောင်း Washington Post က ရေးသားသည်။

၎င်းတို့ ၃ ဦးစလုံးကို ပြည်ပအစိုးရ၏ တရားမဝင်အေးဂျင့်အဖြစ် ဆောင်ရွက်မှုဖြင့် တရားစွဲဆိုထားသည်။ ၎င်းတို့ အနက် အမေရိကန်နိုင်ငံသားမှာ ငွေတောင်းခံလွှာ အတုပြုလုပ်မှုဖြင့် FBI က ဖမ်းဆီးစစ်ဆေးလျှက်ရှိစဉ် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းဖြစ်သည်။


Htay oung (အကုန်သိ သတင်းဌာန) 

Zawgyi Version

Twitter ၀န္ထမ္းေဟာင္းႏွစ္ဦး ေဆာ္ဒီအာေရးဗ်အတြက္ သူလွ်ိဳလုပ္ေပးမွဳျဖင့္ အေမရိကန္တြင္ တရားစြဲဆိုခံရ
 

Twitter ၀န္ထမ္းေဟာင္းႏွစ္ဦးတို႔သည္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံအတြက္ သူလွ်ိဳလုပ္ေပးေၾကာင္း ယံုၾကည္ရသည့္ အတြက္ ဗုဒၶဟူးေန႔ ဆန္ဖရန္စစၥကိုခရိုင္ဖက္ဒရယ္ရံုးေတာ္၌ တရားစြဲဆိုျခင္းခံရသည္ဟု CNN က ယေန႔ ေရးသားသည္။

အလီအယ္ဇာဘာရာအမည္ရွိ ေဆာ္ဒီႏိုင္ငံသားႏွင့္ အာမက္ အဘူယာႏိုအမည္ရွိ အေမရိကန္ႏိုင္ငံသားတို႔သည္ ထင္ရွားေသာ လူမွဳကြန္ရက္ၾကီး၏ စနစ္အတြင္း ၀င္ေရာက္ခြင့္ ရရွိထားသူမ်ားျဖစ္သည္။ ၄င္းတို႔သည္ အဆိုပါ လုပ္ပိုင္ခြင့္ကို အသံုးခ်လွ်က္ ေဆာ္ဒီအစိုးရအားဆန္႔က်င္ေသာ Account မ်ားစြာတို႔၏ လွ်ိဳ႕၀ွက္သတင္း အခ်က္မ်ားကို ရယူခဲ့ၾကေၾကာင္း စြပ္စြဲျခင္းခံရျခင္းျဖစ္သည္။

ယခုအမွဳမွာ ေဆာ္ဒီအစိုးရအေနျဖင့္ ၄င္းတို႔အစိုးရအေပၚ အြန္လိုင္းပလက္ေဖာင္းအား လက္နက္သဖြယ္ အသံုးျပဳဆန္႔က်င္သူတို႔အား အေ၀းမွ ထိန္းခ်ဳပ္ရန္အားထုတ္လွ်က္ရွိေၾကာင္း ထင္ထင္ရွားေစခဲ့သည္။ ထို႔ျပင္ Twitter အေနျဖင့္လည္း ပလက္ေဖာင္းအသံုးျပဳသူမ်ား၏ ပုဂၢိဳလ္ေရးဆိုင္ရာအခ်က္အလက္တို႔ကို ကာကြယ္ရာ၌ ေစ့စပ္ေသခ်ာမွဳနည္းလမ္းအခ်ိဳ႕အသစ္ျပ႒ာန္းရေတာ့မည္ျဖစ္ေၾကာင္း ျပသလွ်က္ရွိသည္။

ေဆာ္ဒီေထာက္လွမ္းေရးတို႔ စည္းရံုးထားသည့္ စြပ္စြဲခံရသူမ်ားသည္ Twitter ၏ အတြင္းပိုင္းစနစ္သို႔ ၀င္ေရာက္ ခဲ့ၾကသည္။ ေဆာ္ဒီႏိုင္ငံေရးေ၀ဖန္သူမ်ား၊ Follower အေျမာက္အျမားရွိသူမ်ားႏွင့္ အျခား Twitter အသံုးျပဳသူ Account ေထာင္ေပါင္းမ်ားစြာတို႔၏ ပုဂၢိဳလ္ေရးဆိုင္ရာ သတင္းအခ်က္အလက္မ်ား၊ အီးေမးလ္မ်ားႏွင့္ အသံုးျပဳသူ၏ တည္ေနရာကို သိရွိႏိုင္သည့္ I.P. Address တို႔ကို ေဆာ္ဒီအစိုးရအတြက္ စုေဆာင္းေပးခဲ့ေၾကာင္း စြပ္စြဲျခင္း ခံရသည္ဟု ဆိုသည္။

တည္ဆဲတရားဥပေဒအရ အေမရိကန္ကုမၸဏီမ်ားအေပၚ ဥပေဒမဲ့ ျပည္ပထိုးေဖာက္မွဳမ်ားမွ အကာအကြယ္ ေပးထားသည္။ အေမရိကန္ကုမၸဏီ သို႔မဟုတ္ နည္းပညာတစ္ရပ္အေပၚ ျပည္ပလႊမ္းမိုးထိန္းခ်ဳပ္ျခင္းမွာလည္း ဥပေဒခ်ိဳးေဖာက္ျခင္းအျဖစ္ မွတ္ယူျပ႒ာန္းထားသည္။

အာမက္အယ္လူတာရီ အမည္ရွိ အျခားေဆာ္ဒီႏိုင္ငံသားမွာ ေဆာ္ဒီအစိုးရႏွင့္ Twitter ၀န္ထမ္းႏွစ္ဦးတို႔အၾကား ဆက္သြယ္ေဆာင္ရြက္ေပးသည္ဟု စြပ္စြဲျခင္းခံရသူျဖစ္သည္။ ၄င္းသည္ Twitter ၀န္ထမ္းတို႔အား တန္ဖိုးၾကီး လက္ပတ္နာရီႏွင့္ တစ္ဦးလွ်င္ အေမရိကန္ေဒၚလာ သိန္းခ်ီေပးအပ္ခဲ့သည္ဟု ဆိုသည္။

ယခုကဲ့သို႔ အခ်က္အလက္မ်ားရယူရန္ သူလွ်ိဳလုပ္မွဳတြင္ ပါ၀င္ပတ္သက္ေသာ ေဆာ္ဒီအရာရွိမ်ား၏ အမည္ကို မသိရွိရေသာ္လည္း အိမ္ေရွ႔မင္းသား မိုဟာမက္ဘင္ဆယ္လ္မန္၏ အတြင္းစည္း လူယံုအရာရွိၾကီးမ်ား ျဖစ္ေၾကာင္း Washington Post က ေရးသားသည္။

၄င္းတို႔ ၃ ဦးစလံုးကို ျပည္ပအစိုးရ၏ တရားမ၀င္ေအးဂ်င့္အျဖစ္ ေဆာင္ရြက္မွဳျဖင့္ တရားစြဲဆိုထားသည္။ ၄င္းတို႔ အနက္ အေမရိကန္ႏိုင္ငံသားမွာ ေငြေတာင္းခံလႊာ အတုျပဳလုပ္မွဳျဖင့္ FBI က ဖမ္းဆီးစစ္ေဆးလွ်က္ရွိစဥ္ ယခုကဲ့သို႔ တရားစြဲဆိုခံရျခင္းျဖစ္သည္။

Htay oung (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။