Skip to main content
လုပ်ဖော်ကိုင်ဖက် ၁၆ ဦးကို သတ်ပြီး တောင်ကိုရီးယားဘက် ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားနှစ်ဦးကို တောင်ကိုရီးယားက ပြန်နှင်လွှတ် 
Ads Block

လုပ်ဖော်ကိုင်ဖက် ၁၆ ဦးကို သတ်ပြီး တောင်ကိုရီးယားဘက် ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားနှစ်ဦးကို တောင်ကိုရီးယားက ပြန်နှင်လွှတ် 

           တောင်ကိုရီးယားကို ထွက်ပြေးလာခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသားနှစ်ဦးဟာ ထွက်ပြေးမလာခင်က ငါးဖမ်းလှေတစ်စီးပေါ်ရှိ ၎င်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သတ်ဖြတ်ခဲ့သူတွေဖြစ်ကြောင်း သိရှိရပြီး နောက်မှာ ၎င်းတို့နှစ်ဦးကို ပြန်နှင်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား အစိုးရက ကြာသာပတေးနေ့ (နိုဝင်ဘာ ၇) မှာ ပြောဆိုပါတယ်။

          ဂျပန်ပင်လယ်လို့လည်း သိကြတဲ့ အရှေ့ပင်လယ် ရေပြင်နယ်နိမိတ် အနီးမှာ စနေနေ့က အသက် ၂၀ အရွယ်တွေဖြစ်ကြတဲ့ ၎င်းတို့နှစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် တောင်ကိုရီးယား အာဏာပိုင်တွေက စစ်ဆေး မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ယင်း အမျိုးသားနှစ်ဦးဟာ ၎င်းတို့ရဲ့ ငါးဖမ်းလှေပေါ်က လုပ်ဖော်ကိုင်ဖက် တံငါသည် ၁၆ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် တောင်ကိုရီးယားကို ထွက်ပြေး လာတာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုအရ ကောက်ချက်ချခဲ့ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

            မြောက်ကိုရီးယား အစိုးရထံ အစီအစဉ်ကို အကြောင်းကြားခဲ့ပြီးနောက်မှာ ကြာသပတေးနေ့က ယာယီစစ်ပြေငြိမ်းကျေးရွာ ပန်မွန်ဂျွမ်ကနေတဆင့် ယင်း အမျိုးသားနှစ်ဦးကို မြောက်ကိုရီးယားဘက် ပြန်ပို့ခဲ့တာဖြစ်တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဆန်မင်းက သတင်းထောက်တွေကို ပြောဆိုပါတယ်။

            သူတို့တွေ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုပုံစံ သတ်ဖြတ်ခဲ့တယ်ဆိုတာနဲ့ ငါးဖမ်းလှေကို ဘယ်နေရာမှာ တွေ့ခဲ့တာဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

           လွန်ခဲ့တဲ့ ၆၅ နှစ်ကျော်က စစ်ပွဲကြောင့် တောင် - မြောက် နှစ်နိုင်ငံ ကွဲသွားပြီးချိန်မှစကာ တောင်ကိုရီးယားဘက်ကို ထွက်ပြေးလာခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသား ၃၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရ စာရင်းတွေအရ သိရပြီး အများစုက ကာလကြာရှည် စီးပွားရေး ကြပ်တည်းမှု ဒဏ်ကြောင့် ထွက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။ 

CNA

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

လုပ္ေဖာ္ကုိင္ဖက္ ၁၆ ဦးကုိ သတ္ၿပီး ေတာင္ကုိရီးယားဘက္ ထြက္ေျပးလာတဲ့ ေျမာက္ကုိရီးယားႏွစ္ဦးကုိ ေတာင္ကုိရီးယားက ျပန္ႏွင္လႊတ္

           ေတာင္ကုိရီးယားကုိ ထြက္ေျပးလာခဲ့တဲ့ ေျမာက္ကုိရီးယားႏုိင္ငံသားႏွစ္ဦးဟာ ထြက္ေျပးမလာခင္က ငါးဖမ္းေလွတစ္စီးေပၚရွိ ၄င္းတုိ ့ရဲ႕ လုပ္ေဖာ္ကုိင္ဖက္ေတြကုိ သတ္ျဖတ္ခဲ့သူေတြျဖစ္ေၾကာင္း သိရွိရၿပီး ေနာက္မွာ ၄င္းတုိ ့ႏွစ္ဦးကုိ ျပန္ႏွင္လႊတ္ခဲ့တယ္လုိ ့ ေတာင္ကုိရီးယား အစုိးရက ၾကာသာပေတးေန႕ (ႏုိ၀င္ဘာ ၇) မွာ ေျပာဆုိပါတယ္။

          ဂ်ပန္ပင္လယ္လုိ ့လည္း သိၾကတဲ့ အေရွ႕ပင္လယ္ ေရျပင္နယ္နိမိတ္ အနီးမွာ စေနေန ့က အသက္ ၂၀ အရြယ္ေတြျဖစ္ၾကတဲ့ ၄င္းတုိ ့ႏွစ္ဦးကုိ ေတြ႕ရွိခဲ့ၿပီးေနာက္ ေတာင္ကုိရီးယား အာဏာပုိင္ေတြက စစ္ေဆး ေမးျမန္းမႈေတြ လုပ္ခဲ့ပါတယ္။ ဒါေပမဲ့ ယင္း အမ်ဳိးသားႏွစ္ဦးဟာ ၄င္းတုိ ့ရဲ႕ ငါးဖမ္းေလွေပၚက လုပ္ေဖာ္ကုိင္ဖက္ တံငါသည္ ၁၆ ဦးကုိ သတ္ျဖတ္ခဲ့ၿပီးေနာက္ ေတာင္ကုိရီးယားကုိ ထြက္ေျပး လာတာျဖစ္တယ္လုိ ့ စုံစမ္းစစ္ေဆးမႈအရ ေကာက္ခ်က္ခ်ခဲ့ေၾကာင္း ေတာင္ကုိရီးယား ျပန္လည္ေပါင္းစည္းေရး ၀န္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

            ေျမာက္ကုိရီးယား အစုိးရထံ အစီအစဥ္ကုိ အေၾကာင္းၾကားခဲ့ၿပီးေနာက္မွာ ၾကာသပေတးေန ့က ယာယီစစ္ေျပၿငိမ္းေက်းရြာ ပန္မြန္ဂၽြမ္ကေနတဆင့္ ယင္း အမ်ဳိးသားႏွစ္ဦးကုိ ေျမာက္ကုိရီးယားဘက္ ျပန္ပုိ ့ခဲ့တာျဖစ္တယ္လုိ ့ ၀န္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူ လီဆန္မင္းက သတင္းေထာက္ေတြကုိ ေျပာဆုိပါတယ္။

            သူတုိ ့ေတြ လုပ္ေဖာ္ကုိင္ဖက္ေတြကုိ ဘယ္လုိပုံစံ သတ္ျဖတ္ခဲ့တယ္ဆုိတာနဲ႕ ငါးဖမ္းေလွကုိ ဘယ္ေနရာမွာ ေတြ႕ခဲ့တာဆုိတဲ့ အေသးစိတ္အခ်က္အလက္ေတြကုိေတာ့ ေျပာဆုိခဲ့ျခင္း မရွိပါဘူး။

           လြန္ခဲ့တဲ့ ၆၅ ႏွစ္ေက်ာ္က စစ္ပြဲေၾကာင့္ ေတာင္ - ေျမာက္ ႏွစ္ႏုိင္ငံ ကြဲသြားၿပီးခ်ိန္မွစကာ ေတာင္ကုိရီးယားဘက္ကုိ ထြက္ေျပးလာခဲ့တဲ့ ေျမာက္ကုိရီးယားႏုိင္ငံသား ၃၀၀၀၀ ေက်ာ္ရွိၿပီျဖစ္ေၾကာင္း ေတာင္ကုိရီးယား အစုိးရ စာရင္းေတြအရ သိရၿပီး အမ်ားစုက ကာလၾကာရွည္ စီးပြားေရး ၾကပ္တည္းမႈ ဒဏ္ေၾကာင့္ ထြက္ေျပးခဲ့ၾကတာလုိ ့ ဆုိပါတယ္။

CNA

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။