Skip to main content
ငါးမြုံးထောင်သည့်ကိစ္စနှင့်ရန်ဖြစ်ပြီး ကိုင်းခုတ်ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
Ads Block

ငါးမြုံးထောင်သည့်ကိစ္စနှင့်ရန်ဖြစ်ပြီး ကိုင်းခုတ်ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား

မြုံးထောင်သည့်ကိစ္စနှင့်ပတ်သက်ပြီး တစ်ရွာတည်းနေသူချင်းရန်ဖြစ်စကားများရာမှ ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်မှု ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာ၌ နိုဝင်ဘာလ ၇ ရက်၊ နံနက် ၈ နာရီခွဲခန့်က လူသတ်မှုဖြစ်ပွားကြောင်းသတင်းပေးတိုင်ကြားမှုကြောင့် မလတ်တိုရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးတို့အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ကြသည်။

စစ်ဆေးချက်အရ မလတ်တိုကျေးရွာ၏လယ်မြေအနီးရှိရေပြင်တွင် ဦးနေဝင်း၊ (၅၅)နှစ်ဆိုသူသည် ဦးခေါင်းနှင့် လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် ရေထဲ၌သေဆုံးနေသည်ကိုတွေ့ရှိသဖြင့် အလောင်းကိုဆယ်ယူကာ ရင်ခွဲရုံသို့တင်ပို့ပေးခဲ့ကြကြောင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

တစ်ဆက်တည်းမှာပင် ဓားဖြင့်ခုတ်သည့် မင်းမင်း၊ (၃၈)နှစ်ကိုလည်း ရွာထဲတွင်ပင်ဖမ်းဆီးရမိခဲ့သဖြင့် စခန်းသို့ ခေါ်ဆောင်ကာအမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

“သေဆုံးသူဦးနေဝင်းက ၎င်းပိုင်ဆိုင်တဲ့ လယ်မြေမှာငါးမြုံးတွေလာမထောင်နဲ့ဆိုပြီးတော့ ထောင်ထားပြီးသား ငါးမြုံးကြိုးတွေကို ကိုင်းခုတ်ဓားနဲ့လိုက်ဖြတ်နေတာပေါ့။အဲဒါကြောင့် ရေလုပ်သားဖြစ်တဲ့မင်းမင်းက မကျေနပ်တဲ့အတွက် ဦးနေဝင်းရဲ့ဓားကိုလုယူပြီး ၂/၃ ချက်လောက်ခုတ်သတ်လိုက်တာ ပွဲချင်းပြီးသေဆုံးသွားရတယ်။ ပြီးတော့ အသာတကြည်အဖမ်းလည်းခံခဲ့တာပေါ့” ဟု မလတ်တိုရဲကင်းစခန်းမှ ရဲအရာရှိကပြောသည်။

ယင်းအတွက်ကြောင့် မင်းမင်း(၃၈)နှစ်ကိုမအူပင်မြို့မရဲစခန်းသို့ပို့ဆောင်ကာ လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

သတင်းနှင့်ဓာတ်ပုံ - မအူပင်ကျော်လွှား


ဒါးဇ(အကုန်သိသတင်းဌာန) 

Zawgyi Version

ငါးၿမံဳးေထာင္သည့္ကိစၥႏွင့္ရန္ျဖစ္ၿပီး ကိုင္းခုတ္ဓားျဖင့္ခုတ္သတ္မႈျဖစ္ပြား

ၿမံဳးေထာင္သည့္ကိစၥႏွင့္ပတ္သက္ၿပီး တစ္ရြာတည္းေနသူခ်င္းရန္ျဖစ္စကားမ်ားရာမွ ကိုင္းခုတ္ဓားျဖင့္ ခုတ္သတ္မႈ ဧရာ၀တီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕နယ္၌ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ မအူပင္ၿမိဳ႕နယ္၊ မလတ္တိုေက်းရြာအုပ္စု၊ ပေလာင္ေက်းရြာ၌ ႏို၀င္ဘာလ ၇ ရက္၊ နံနက္ ၈ နာရီခြဲခန္႔က လူသတ္မႈျဖစ္ပြားေၾကာင္းသတင္းေပးတိုင္ၾကားမႈေၾကာင့္ မလတ္တိုရဲကင္းစခန္းမွ တပ္ဖြဲ႔၀င္မ်ားႏွင့္အတူ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးတို႔အဖြဲ႕ကသြားေရာက္စစ္ေဆးခဲ့ၾကသည္။

စစ္ေဆးခ်က္အရ မလတ္တိုေက်းရြာ၏လယ္ေျမအနီးရွိေရျပင္တြင္ ဦးေန၀င္း၊ (၅၅)ႏွစ္ဆိုသူသည္ ဦးေခါင္းႏွင့္ လည္ပင္းျပတ္ရွဒဏ္ရာမ်ားျဖင့္ ေရထဲ၌ေသဆံုးေနသည္ကိုေတြ႔ရွိသျဖင့္ အေလာင္းကိုဆယ္ယူကာ ရင္ခြဲရံုသို႔တင္ပို႔ေပးခဲ့ၾကေၾကာင္းရဲတပ္ဖြဲ႔ထံမွ သိရသည္။

တစ္ဆက္တည္းမွာပင္ ဓားျဖင့္ခုတ္သည့္ မင္းမင္း၊ (၃၈)ႏွစ္ကိုလည္း ရြာထဲတြင္ပင္ဖမ္းဆီးရမိခဲ့သျဖင့္ စခန္းသို႔ ေခၚေဆာင္ကာအမႈဖြင့္ထားေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။

“ေသဆံုးသူဦးေန၀င္းက ၎ပိုင္ဆိုင္တဲ့ လယ္ေျမမွာငါးၿမံဳးေတြလာမေထာင္နဲ႔ဆိုၿပီးေတာ့ ေထာင္ထားၿပီးသား ငါးၿမံဳးႀကိဳးေတြကို ကိုင္းခုတ္ဓားနဲ႔လုိက္ျဖတ္ေနတာေပါ့။အဲဒါေၾကာင့္ ေရလုပ္သားျဖစ္တဲ့မင္းမင္းက မေက်နပ္တဲ့အတြက္ ဦးေန၀င္းရဲ႕ဓားကိုလုယူၿပီး ၂/၃ ခ်က္ေလာက္ခုတ္သတ္လိုက္တာ ပြဲခ်င္းၿပီးေသဆံုးသြားရတယ္။ ၿပီးေတာ့ အသာတၾကည္အဖမ္းလည္းခံခဲ့တာေပါ့” ဟု မလတ္တိုရဲကင္းစခန္းမွ ရဲအရာရွိကေျပာသည္။

ယင္းအတြက္ေၾကာင့္ မင္းမင္း(၃၈)ႏွစ္ကိုမအူပင္ၿမိဳ႕မရဲစခန္းသုိ႔ပို႔ေဆာင္ကာ လူသတ္မႈျဖင့္ အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။

သတင္းႏွင့္ဓာတ္ပံု - မအူပင္ေက်ာ္လႊား

ဒါးဇ(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။