Skip to main content
ဒုက္ခသည်ဘင်္ဂါလီများမှာ ကော့ခ်ဘဇားအား ပိုမိုချိနဲ့အောင် လုပ်ဆောင်နေဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြော
Ads Block

ဒုက္ခသည်ဘင်္ဂါလီများမှာ ကော့ခ်ဘဇားအား ပိုမိုချိနဲ့အောင် လုပ်ဆောင်နေဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြော

ဒုက္ခသည်ဘင်္ဂါလီများ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) တို့ ကော့ခ်ဘဇားတွင် ရောက်ရှိနေခြင်းမှာ ခရိုင်အား ပိုမိုချိနဲ့အောင် လုပ်ဆောင်နေသဖြင့် ၎င်းတို့အား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရေးအတွက် အထူးသဖြင့် အာဆီယံတိုင်းပြည်များအပါအဝင် နိုင်ငံတကာက တိုးမြှင့်အာမခံရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်သည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ယမန်နေ့ ရေးသားသည်။

ဗုဒ္ဓဟူးနေ့ ဒါကာမြို့ ၁၅ ကြိမ်မြောက် တောင်အာရှနိုင်ငံများ သဘာပတ်ဝန်းကျင်ဆိုင်ရာအုပ်ချုပ်မှုကောင်စီ ( SACEP ) အစည်းအဝေး ဖွင့်ပွဲအခန်းအနား၌ နိုင်ငံခြားရေးဝန်ကြီးအေကေအဗ္ဗဒူမိုမန် က မိန့်ခွန်းပြောကြားရာတွင် အများသိရှိပြီး ဖြစ်သည့်အတိုင်း မြန်မာနိုင်ငံက အတင်းအဓမ္မမောင်းနှင်ထုတ်ခြင်းခံရသည့် ဒုက္ခသည်ဘင်္ဂါလီ ၁.၁ သန်းအား ဘင်္ဂလားဒေ့ရှ် က လက်ခံ၍ ကော့ခ်ဘဇားတွင် နေရာထိုင်ခင်းပေးထာားရကြောင်း၊ ကော့ခ်ဘဇားသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြင်းထန်စွာ ထိခိုက်လျှက်ရှိသည့်ဒေသဖြစ်ကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီများ ရောက်ရှိ နေခြင်းသည့် ကော့ခ်ဘဇားအား ပိုမိုထိခိုက်စေလျှက်ရှိကြောင်း ဆိုသည်။

SACEP သည် ၁၉၈၂ ခုနှစ်တွင် တောင်အာရှနိုင်ငံများတည်ရှိရာဒေသအတွင်း သဘာဝပန်ဝန်းကျင်ဆိုင်ရာ ကာကွယ်ရေး၊ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးရေးတို့အတွက် အစိုးရချင်းဆက်သွယ်ဆောင်ရွက်ရန် ရည်မှန်းလျှက် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရ ှိ၊ ဘူတန်၊ အိန္ဒိယ၊ မော်လဒိုက်၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံတို့ပါဝင်သည်။

လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခအကြပ်အတည်းမှာ မြန်မာနိုင်ငံနှင့် ၎င်း၏ နိုင်ငံသားဖြစ်သော ဒုက္ခသည်ဘ င်္ဂါလီတို့နှင့်သာ သက်ဆိုင်သည့် ပြဿနာဖြစ်ကြောင်း၊ ဘေးကင်းလုံခြုံသိက္ခာရှိစွာနေရပ်ပြန်ရေးခြင်းဖြင့် ပြဿ နာဖြေရှင်းရမည်ဖြစ်ကြောင်း၊ ကော့ခ်ဘဇားခရိုင်၏ ယခင်နှင့် ယခု ရာသီဥတုပြောင်းလဲမှု့နှင့် သက်ဆိုင်၍ ဘင်္ဂလားဒေ့ရှ် တွင် အချက်အလက်၊ သက်သေအထောက်အထား ခိုင်မာစွာလက်ဝယ်ရှိကြောင်း၊ ဖွံ့ဖြိုးဆဲ တိုင်းပြည်ဖြစ်သော်လည်း နိုင်ငံ့ GDP ၁ ရာခိုင်နှုန်းကျော်ကို ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး၌ သုံးစွဲ လျှက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိူးရေးတည်ဆောက်ရာတွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ ပြန်လည် ပြည့်ဖြိုး မြဲစွမ်းအင်အသုံးပြုမှု တိုးချဲ့ရေး၊ စွမ်းအင်ထုတ်လုပ်အသုံးပြုမှု့နှင့် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဆောင်ရွက်လျှက်ရှိကြောင်း မိုမန်က ပြောကြားသည်။


Htay Oung အကုန်သိ သတင်းဌာန 

Zawgyi Version


ဒုက္ခသည်ဘင်္ဂါလီများ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) တို့ ကော့ခ်ဘဇားတွင် ရောက်ရှိနေခြင်းမှာ ခရိုင်အား ပိုမိုချိနဲ့အောင် လုပ်ဆောင်နေသဖြင့် ၄င်းတို့အား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရေးအတွက် အထူးသဖြင့် အာဆီယံတိုင်းပြည်များအပါအ၀င် နိုင်ငံတကာက တိုးမြှင့်အာမခံရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်သည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ယမန်နေ့ ရေးသားသည်။



လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခအကြပ်အတည်းမှာ မြန်မာနိုင်ငံနှင့် ၄င်း၏ နိုင်ငံသားဖြစ်သော ဒုက္ခသည်ဘ င်္ဂါလီတို့နှင့်သာ သက်ဆိုင်သည့် ပြဿနာဖြစ်ကြောင်း၊ ဘေးကင်းလုံခြုံသိက္ခာရှိစွာနေရပ်ပြန်ရေးခြင်းဖြင့် ပြဿ နာဖြေရှင်းရမည်ဖြစ်ကြောင်း၊ ကော့ခ်ဘဇားခရိုင်၏ ယခင်နှင့် ယခု ရာသီဥတုပြောင်းလဲမှု့နှင့် သက်ဆိုင်၍ ဘင်္ဂလားဒေ့ရှ် တွင် အချက်အလက်၊ သက်သေအထောက်အထား ခိုင်မာစွာလက်ဝယ်ရှိကြောင်း၊ ဖွံ့ဖြိုးဆဲ တိုင်းပြည်ဖြစ်သော်လည်း နိုင်ငံ့ GDP ၁ ရာခိုင်နှုန်းကျော်ကို ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး၌ သုံးစွဲ လျှက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးတည်ဆောက်ရာတွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ ပြန်လည် ပြည့်ဖြိုး မြဲစွမ်းအင်အသုံးပြုမှု တိုးချဲ့ရေး၊ စွမ်းအင်ထုတ်လုပ်အသုံးပြုမှု့နှင့် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဆောင်ရွက်လျှက်ရှိကြောင်း မိုမန်က ပြောကြားသည်။


အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။