Skip to main content
ထရန့်ကို လက်ခလယ် ထောင်ပြခဲ့တဲ့ အမျိုးသမီး ဒေသဆိုင်ရာ ရွေးကောက်ပွဲတစ်ခုမှာ အနိုင်ရ 
Ads Block

ထရန့်ကို လက်ခလယ် ထောင်ပြခဲ့တဲ့ အမျိုးသမီး ဒေသဆိုင်ရာ ရွေးကောက်ပွဲတစ်ခုမှာ အနိုင်ရ 

         အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ယာဉ်တန်းဖြတ်သွားစဉ် ရိုင်းပြတဲ့ လက္ခဏာအဖြစ် စက်ဘီးပေါ်ကနေ လက်ခလယ်ထောင်ပြခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ ဗာဂျီးနီးယားပြည်နယ်က ဒေသဆိုင်ရာ ရာထူးတစ်ခုအတွက် ရွေးကောက်ခံလိုက်ရကြောင်း သိရပါတယ်။

           လက်ခလယ်ထောင် နှုတ်ဆက်ခဲ့တဲ့ ဂျူလီဘရစ္စမန်ရဲ့ ပုံရိပ်ကို AFP သတင်းဌာနက ဖော်ပြခဲ့တဲ့ ဓါတ်ပုံတစ်ပုံကနေ ပျံ့နှံ့ သိရှိသွားခဲ့ကြတာပါ။ သူဟာ ပြည်နယ် ရွေးကောက်ပွဲတွေမှာ Loudoun စီရင်စုနယ်မြေ ကြီးကြပ်ရေးမှူး ဘုတ်အဖွဲ့ နေရာအတွက် ယှဉ်ပြိုင်ရာမှာ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု သူကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ယင်းပြည်နယ်ရွေးကောက်ပွဲတွေမှာ ထရန့်ရဲ့ ရီပတ်ဘလီကန်ပါတီဟာ ဆုံးရှုံးမှုတွေ ရင်ဆိုင်ခဲ့ရတယ်လို့ ရှုမြင်ထားကြပါတယ်။

 ဆယ်ကျော်သက် ကလေးနှစ်ယောက် မိခင်ဖြစ်တဲ့ ဘရစ္စမန်ဟာ ၂၀၁၇ ခုနှစ်က သူ လက်ခလယ် ထောင်ပြခဲ့တဲ့ပုံ မီဒီယာတွေ၊ အင်တာနက်တွေမှာ ပျံ့နှံ့ရောက်ရှိသွားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု အစိုးရနဲ့ စစ်တပ် လက်ခွဲကုမ္ပဏီအတွက် ဈေးကွက်ဆန်းစစ်သူရာထူးကနေ ထုတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အင်တာနက်ပေါ်ကနေ ဆဲဆို ခြိမ်းခြောက်မှုတွေလည်း  ခံခဲ့ရပါတယ်။

      ဒါပေမဲ့ အလုပ်ထုတ်ခံလိုက်ရမှုဟာ တံခါးများစွာကို ပွင့်သွားစေခဲ့ကြောင်းလည်း အသက် ၅၂ နှစ်အရွယ် သူမက မဲဆွယ်ပွဲတစ်ခုမှာ ပြောဆိုခဲ့ကာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသူအဖြစ် ဒေသဆိုင်ရာ ရာထူး အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်မှုကို လက်ခံလိုက်ခြင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    အင်္ဂါနေ့ညက မဲရလဒ်ထုတ်ပြန်ခဲ့ရာမှာ မဲအရေအတွက် ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန် ဘစ္စမန်က မဲ ၅၂ ရာခိုင်နှုန်းရခဲ့ကာ ရီပတ်ဘလီကန်ပါတီမှ ဆူဇန်ဗုပ်ကို ဒုတိယနေရာသို့ ဖြုတ်ချနိုင်ခဲ့ပါတယ်။

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version 

ထရန္ ့ကုိ လက္ခလယ္ ေထာင္ျပခဲ့တဲ့ အမ်ဳိးသမီး ေဒသဆုိင္ရာ ေရြးေကာက္ပြဲတစ္ခုမွာ အႏုိင္ရ

         အေမရိကန္သမၼတ ေဒၚနယ္ထရန္ ့ရဲ႕ ယာဥ္တန္းျဖတ္သြားစဥ္ ရုိင္းျပတဲ့ လကၡဏာအျဖစ္ စက္ဘီးေပၚကေန လက္ခလယ္ေထာင္ျပခဲ့တဲ့ အမ်ဳိးသမီးတစ္ဦးဟာ ဗာဂ်ီးနီးယားျပည္နယ္က ေဒသဆုိင္ရာ ရာထူးတစ္ခုအတြက္ ေရြးေကာက္ခံလုိက္ရေၾကာင္း သိရပါတယ္။

           လက္ခလယ္ေထာင္ ႏႈတ္ဆက္ခဲ့တဲ့ ဂ်ဴလီဘရစၥမန္ရဲ႕ ပုံရိပ္ကုိ AFP သတင္းဌာနက ေဖာ္ျပခဲ့တဲ့ ဓါတ္ပုံတစ္ပုံကေန ပ်ံ႕ႏွံ႕ သိရွိသြားခဲ့ၾကတာပါ။ သူဟာ ျပည္နယ္ ေရြးေကာက္ပြဲေတြမွာ Loudoun စီရင္စုနယ္ေျမ ႀကီးၾကပ္ေရးမွဴး ဘုတ္အဖြဲ႕ ေနရာအတြက္ ယွဥ္ၿပိဳင္ရာမွာ ရီပတ္ဘလီကန္ပါတီ ကုိယ္စားျပဳ သူကုိ အႏုိင္ရခဲ့တာျဖစ္ပါတယ္။ ယင္းျပည္နယ္ေရြးေကာက္ပြဲေတြမွာ ထရန္႕ရဲ႕ ရီပတ္ဘလီကန္ပါတီဟာ ဆုံးရႈံးမႈေတြ ရင္ဆုိင္ခဲ့ရတယ္လုိ ့ ရႈျမင္ထားၾကပါတယ္။

 ဆယ္ေက်ာ္သက္ ကေလးႏွစ္ေယာက္ မိခင္ျဖစ္တဲ့ ဘရစၥမန္ဟာ ၂၀၁၇ ခုႏွစ္က သူ လက္ခလယ္ ေထာင္ျပခဲ့တဲ့ပုံ မီဒီယာေတြ၊ အင္တာနက္ေတြမွာ ပ်ံ႕ႏွံ႕ေရာက္ရွိသြားခဲ့ၿပီးေနာက္ အေမရိကန္ျပည္ေထာင္စု အစုိးရနဲ႕ စစ္တပ္ လက္ခြဲကုမၸဏီအတြက္ ေစ်းကြက္ဆန္းစစ္သူရာထူးကေန ထုတ္ခံခဲ့ရပါတယ္။ ဒါ့အျပင္ အင္တာနက္ေပၚကေန ဆဲဆုိ ၿခိမ္းေျခာက္မႈေတြလည္း  ခံခဲ့ရပါတယ္။

      ဒါေပမဲ့ အလုပ္ထုတ္ခံလုိက္ရမႈဟာ တံခါးမ်ားစြာကုိ ပြင့္သြားေစခဲ့ေၾကာင္းလည္း အသက္ ၅၂ ႏွစ္အရြယ္ သူမက မဲဆြယ္ပြဲတစ္ခုမွာ ေျပာဆုိခဲ့ကာ ဒီမုိကရက္တစ္ပါတီ ကုိယ္စားျပဳသူအျဖစ္ ေဒသဆုိင္ရာ ရာထူး အတြက္ ၀င္ေရာက္ယွဥ္ၿပိဳင္ဖုိ ့ ဖိတ္ေခၚမႈကုိ လက္ခံလုိက္ျခင္းလည္း ပါ၀င္တယ္လုိ ့ ဆုိပါတယ္။

    အဂၤါေန ့ညက မဲရလဒ္ထုတ္ျပန္ခဲ့ရာမွာ မဲအေရအတြက္ ၉၉ ရာခုိင္ႏႈန္းကုိ ေရတြက္ၿပီးခ်ိန္ ဘစၥမန္က မဲ ၅၂ ရာခုိင္ႏႈန္းရခဲ့ကာ ရီပတ္ဘလီကန္ပါတီမွ ဆူဇန္ဗုပ္ကုိ ဒုတိယေနရာသုိ ့ ျဖဳတ္ခ်ႏုိင္ခဲ့ပါတယ္။

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။