Skip to main content
အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် BPI စက်ရုံမှူးအမှုရုတ်သိမ်းလွှာ ပယ်ချခံရ 
Ads Block

အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် BPI စက်ရုံမှူးအမှုရုတ်သိမ်းလွှာ ပယ်ချခံရ 

အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်အမှု ရုတ်သိမ်းလွှာကို တရားရုံးက ပယ်ချလိုက်ကြောင်းသိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်၌ ယနေ့(နိုဝင်ဘာလ ၇ ရက်)တွင် ရုံးထုတ်စစ်ဆေးရာ၌ ယခုကဲ့သို့ ပယ်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အမှုနှင့်ပတ်သက်ပြီး တရားလိုကိုဆက်လက်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ထို့အပြင် စွပ်စွဲခံရသူဒေါက်တာအောင်ဇော်၏ဆန္ဒအရ ၎င်း၏ဘက်မှလိုက်ပါဆောင်ရွက်ပေးသူ ဥပဒေအကြံပေးတရားလွတ်တော်ရှေ့နေဦးခင်မောင်မြင့်အပါအဝင် ၅ ဦးကို ရှေ့နေပါဝါရုပ်သိမ်းလိုက်ပြီး အခြားရှေ့နေအဖွဲ့မှ လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version







အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။