Skip to main content
Ads Block




ရိုက်ကူး - စောဘောသိုလ်
တည်းဖြတ် - ဆလိုင်းကျော်မိုး 

Unicode Version

နိုင်ငံတော် တည်ဆောက်ရေးတွင် ကရင်ဒုံးယိမ်းကသကဲ့သို့ လုပ်ဆောင်ရန် သမ္မတပြောကြား
ကရင်ပြည်နယ် ဘားအံမြို့မှာကျင်းပနေတဲ့  ၆၄နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားပွဲတော်ကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ ဇနီး ဒေါ်ချိုချိုတို့နဲ့အတူ ပြည်ထောင်စုဝန်ကြီးများ ပါဝင်တဲ့အဖွဲ့က တက်ရောက်ချီးမြှင့်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

အခမ်းအနားအဖွင့်အမှာစကားပြောကြားရာမှာတော့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအနေနဲ့ ကျရာ အစိတ်အပိုင်းကနေ ကရင်ဒုံးယိမ်းကသလိုမျိုး ခေါင်း၊ခါး၊ခြေ၊လက် ကကြိုးကကွက် စုပေါင်းညီညာစွာ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုတယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။