Skip to main content
ဘဂ္ဂဒါဒီရဲ့ ဇနီးကို ဖမ်းဆီးရမိထားဟု တူရကီ သမ္မတ ပြော 
Ads Block

ဘဂ္ဂဒါဒီရဲ့ ဇနီးကို ဖမ်းဆီးရမိထားဟု တူရကီ သမ္မတ ပြော 

               သေဆုံးခဲ့ပြီဖြစ်တဲ့ အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ အယ်ဘဂ္ဂဒါဒီရဲ့ ဇနီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တူရကီ သမ္မတ တေယစ်အာဒိုဂန်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆီးရီးယား မြောက်ပိုင်းဒေသမှာ အမေရိကန် အထူးတပ်တွေရဲ့ စီးနင်းမှုတစ်ခုအတွင်း အိုင်အက်စ်ခေါင်းဆောင် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီးနောက် တစ်ပတ်ကျော်အကြာမှာ ၎င်းရဲ့ ဇနီးဖြစ်သူကို ဖမ်းမိခဲ့တာပါ။

            “ဘဂ္ဂဒါဒီဟာ မြေအောက်ဥမင်တစ်ခုမှာ သူ့ကိုယ်သူ သတ်သေသွားပြီလို့ အမေရိပြည်ထောင်စုက ပြောပါတယ်။ အဲဒီအချိန်ကစပြီး ဒီအကြောင်းနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်မှု ကမ့်ပိန်းတစ်ခု သူတို့စတော့တာပါပဲ”လို့ အာဒိုဂန်က ပြောပါတယ်။

           ဒါပေမဲ့ အခု ဒီနေရာကနေ ပထမဆုံးအကြိမ်အဖြစ် သူ ဒီသတင်းကို ကြေညာပါကြောင်း၊ မိမိတို့တွေ ဘဂ္ဂဒါဒီရဲ့ ဇနီးကို ဖမ်းမိထားခဲ့ကြောင်း သူတို့(အမေရိကန်) လိုတော့ ပျာယာခတ်နေတဲ့ပုံစံနဲ့ အလျင်စလို ထုတ်ပြန်တာမျိုး မလုပ်ကြောင်း၊ အလားတူစွာပဲ သူ့ရဲ့ အစ်မဖြစ်သူနဲ့ ယောက္ဖတို့ကိုလည်း ဆီးရီးယားမှာ မိမိတို့ ဖမ်းမိထားခဲ့ကြောင်း အန်ကာရာတက္ကသိုလ်မှာ မိန့်ခွန်းပြောစဉ် အာဒိုဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့ပုံနဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ၎င်းက မပြောခဲ့ပါဘူး။

             ဘဂ္ဂဒါဒီရဲ့ အစ်မ၊ သူမရဲ့ ခင်ပွန်းနဲ့ ချွေးမဖြစ်သူတို့ကို တူရကီက ဖမ်းဆီးရမိထားကြောင်းနဲ့ သူတို့တွေထံကနေ အိုင်အက်စ်အဖွဲ့နဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်းကောင်းတွေ ရနိုင်ကြောင်း တူရကီ ထိပ်တန်းအရာရှိတစ်ဦးက အခု သီတင်းပတ် အစောပိုင်းမှာ ပြောဆိုထားခဲ့ပါတယ်။ ဒါပေမဲ့လည်း အိုင်အက်စ်အဖွဲ့ရဲ့ အတွင်းပိုင်းလုပ်ငန်းဆောင်ရွက်ပုံနဲ့ပတ်သက်ပြီး ၎င်းတို့တွေ ဘာတွေသိထားခဲ့ပြီဆိုတာမျိုးတော့ တူရကီအစိုးရက မပြောခဲ့ပါဘူး။

           ဗုဒ္ဓဟူးနေ့က တူရကီ အရာရှိတစ်ဦးက ပြောဆိုရာမှာ ဘဂ္ဂဒါဒီရဲ့ ဇနီးကို ဖမ်းဆီးရမိခဲ့တဲ့ စစ်ဆင်ရေးကို ၂၀၁၈ ခုနှစ် ဇွန် ၂ ရက်နေ့က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ယင်း အချိန်က တူရကီရဲ့ ဟာတေပြည်နယ်မှာ သံသယရှိအိုင်အက်စ် ၁၁ ဦးပါ အုပ်စုကို တူရကီရဲက ဖမ်းဆီးခဲ့စဉ် သူမကို ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ စစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့တဲ့ အမျိုးသမီးလေးဦးထဲမှ အမျိုးသမီးတစ်ဦးဟာ ဘဂ္ဂဒါဒီရဲ့ ပထမဇနီး အက်စ်မာ ဖောဇီ မူဟာမက် အယ် ကူဘေစီရဲ့ အချက်အလက်တွေနဲ့ ကိုက်ညီနေခဲ့တာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

      မိမိတို့တွေ သူမရဲ့ ကိုယ်ရေးမှတ်တမ်း အမှန်ကို အလျင်အမြန်ရှာဖွေတွေ့ခဲ့ကြောင်း သူမက ဘဂ္ဂဒါဒီနဲ့ အိုင်အက်စ်အဖွဲ့ အတွင်းရေးလုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များစွာ သူ့သဘောနဲ့သူ ထုတ်ပြောခဲ့ကြောင်း ယင်း အရာရှိက ပြောဆိုခဲ့ပြီး ယင်း အချက်အလက်တွေမှ တဆင့် နောက်ထပ် ဖမ်းဆီးမှုတွေ လုပ်နိုင်ခဲ့ကြောင်း ဆက်လက် ပြောဆိုသွားခဲ့ပါတယ်။ 

Reuters

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

ဘဂၢဒါဒီရဲ႕ ဇနီးကုိ ဖမ္းဆီးရမိထားဟု တူရကီ သမၼတ ေျပာ

               ေသဆုံးခဲ့ၿပီျဖစ္တဲ့ အုိင္အက္စ္ေခါင္းေဆာင္ အဘူဘာကာ အယ္ဘဂၢဒါဒီရဲ႕ ဇနီးတစ္ဦးကုိ ဖမ္းဆီးရမိခဲ့ေၾကာင္း တူရကီ သမၼတ ေတယစ္အာဒုိဂန္က ဗုဒၶဟူးေန ့မွာ ထုတ္ေဖာ္ေျပာဆုိခဲ့ပါတယ္။ ဆီးရီးယား ေျမာက္ပုိင္းေဒသမွာ အေမရိကန္ အထူးတပ္ေတြရဲ႕ စီးနင္းမႈတစ္ခုအတြင္း အုိင္အက္စ္ေခါင္းေဆာင္ ကုိယ့္ကုိယ္ကုိ သတ္ေသသြားခဲ့ၿပီးေနာက္ တစ္ပတ္ေက်ာ္အၾကာမွာ ၄င္းရဲ႕ ဇနီးျဖစ္သူကုိ ဖမ္းမိခဲ့တာပါ။

            “ဘဂၢဒါဒီဟာ ေျမေအာက္ဥမင္တစ္ခုမွာ သူ႕ကုိယ္သူ သတ္ေသသြားၿပီလုိ ့ အေမရိျပည္ေထာင္စုက ေျပာပါတယ္။ အဲဒီအခ်ိန္ကစၿပီး ဒီအေၾကာင္းနဲ႕ပတ္သက္တဲ့ သတင္းထုတ္ျပန္မႈ ကမ့္ပိန္းတစ္ခု သူတုိ ့စေတာ့တာပါပဲ”လုိ ့ အာဒုိဂန္က ေျပာပါတယ္။

           ဒါေပမဲ့ အခု ဒီေနရာကေန ပထမဆုံးအႀကိမ္အျဖစ္ သူ ဒီသတင္းကုိ ေၾကညာပါေၾကာင္း၊ မိမိတုိ ့ေတြ ဘဂၢဒါဒီရဲ႕ ဇနီးကုိ ဖမ္းမိထားခဲ့ေၾကာင္း သူတုိ ့(အေမရိကန္) လုိေတာ့ ပ်ာယာခတ္ေနတဲ့ပုံစံနဲ႕ အလ်င္စလုိ ထုတ္ျပန္တာမ်ဳိး မလုပ္ေၾကာင္း၊ အလားတူစြာပဲ သူ႕ရဲ႕ အစ္မျဖစ္သူနဲ႕ ေယာကၹတုိ ့ကုိလည္း ဆီးရီးယားမွာ မိမိတုိ ့ ဖမ္းမိထားခဲ့ေၾကာင္း အန္ကာရာတကၠသုိလ္မွာ မိန္ ့ခြန္းေျပာစဥ္ အာဒုိဂန္က ထည့္သြင္းေျပာဆုိခဲ့ပါတယ္။ ဖမ္းဆီးရမိခဲ့ပုံနဲ႕ ပတ္သက္တဲ့ အေသးစိတ္ကုိေတာ့ ၄င္းက မေျပာခဲ့ပါဘူး။

             ဘဂၢဒါဒီရဲ႕ အစ္မ၊ သူမရဲ႕ ခင္ပြန္းနဲ႕ ေခၽြးမျဖစ္သူတုိ ့ကုိ တူရကီက ဖမ္းဆီးရမိထားေၾကာင္းနဲ႕ သူတုိ ့ေတြထံကေန အုိင္အက္စ္အဖြဲ႕နဲ႕ပတ္သက္တဲ့ ေထာက္လွမ္းေရးသတင္းေကာင္းေတြ ရႏုိင္ေၾကာင္း တူရကီ ထိပ္တန္းအရာရွိတစ္ဦးက အခု သီတင္းပတ္ အေစာပုိင္းမွာ ေျပာဆုိထားခဲ့ပါတယ္။ ဒါေပမဲ့လည္း အုိင္အက္စ္အဖြဲ႕ရဲ႕ အတြင္းပုိင္းလုပ္ငန္းေဆာင္ရြက္ပုံနဲ႕ပတ္သက္ၿပီး ၄င္းတုိ ့ေတြ ဘာေတြသိထားခဲ့ၿပီဆုိတာမ်ဳိးေတာ့ တူရကီအစုိးရက မေျပာခဲ့ပါဘူး။

           ဗုဒၶဟူးေန ့က တူရကီ အရာရွိတစ္ဦးက ေျပာဆုိရာမွာ ဘဂၢဒါဒီရဲ႕ ဇနီးကုိ ဖမ္းဆီးရမိခဲ့တဲ့ စစ္ဆင္ေရးကုိ ၂၀၁၈ ခုႏွစ္ ဇြန္ ၂ ရက္ေန ့က လုပ္ေဆာင္ခဲ့တာျဖစ္ေၾကာင္း ယင္း အခ်ိန္က တူရကီရဲ႕ ဟာေတျပည္နယ္မွာ သံသယရွိအုိင္အက္စ္ ၁၁ ဦးပါ အုပ္စုကုိ တူရကီရဲက ဖမ္းဆီးခဲ့စဥ္ သူမကုိ ထိန္းသိမ္းခဲ့တာျဖစ္တယ္လုိ ့ ထုတ္ေဖာ္ေျပာဆုိခဲ့ပါတယ္။ စစ္ဆင္ေရးအတြင္း ဖမ္းမိခဲ့တဲ့ အမ်ဳိးသမီးေလးဦးထဲမွ အမ်ဳိးသမီးတစ္ဦးဟာ ဘဂၢဒါဒီရဲ႕ ပထမဇနီး အက္စ္မာ ေဖာဇီ မူဟာမက္ အယ္ ကူေဘစီရဲ႕ အခ်က္အလက္ေတြနဲ႕ ကုိက္ညီေနခဲ့တာျဖစ္ေၾကာင္း ၄င္းက ဆုိပါတယ္။

      မိမိတုိ ့ေတြ သူမရဲ႕ ကုိယ္ေရးမွတ္တမ္း အမွန္ကုိ အလ်င္အျမန္ရွာေဖြေတြ႕ခဲ့ေၾကာင္း သူမက ဘဂၢဒါဒီနဲ႕ အုိင္အက္စ္အဖြဲ႕ အတြင္းေရးလုပ္ငန္းေဆာင္တာေတြနဲ႕ ပတ္သက္တဲ့ သတင္းအခ်က္အလက္မ်ားစြာ သူ႕သေဘာနဲ႕သူ ထုတ္ေျပာခဲ့ေၾကာင္း ယင္း အရာရွိက ေျပာဆုိခဲ့ၿပီး ယင္း အခ်က္အလက္ေတြမွ တဆင့္ ေနာက္ထပ္ ဖမ္းဆီးမႈေတြ လုပ္ႏုိင္ခဲ့ေၾကာင္း ဆက္လက္ ေျပာဆုိသြားခဲ့ပါတယ္။

Reuters

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။