Skip to main content
့်္ဘိန့န့
Ads Block

နဂါးရံကပ္ေက်ာ္ေစတီအတြင္းထားရွိသည့္ ေဒၚေအာင္ဆန္းစုၾကည္ရုပ္တုကို ဖယ္ရွားၿပီးျဖစ္ဟု ဆို

နဂါးရံကပ္ေက်ာ္ေစတီေတာ္အတြင္းထားရွိသည့္ ေဒၚေအာင္ဆန္းစုၾကည္ရုပ္တုကို ႏို၀င္ဘာလ ၅ ရက္တြင္ ဖယ္ရွားလိုက္ၿပီျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီပါတီသစ္မွ ဗဟိုအလုပ္အမႈေဆာင္ဦးသန္းထြန္း ေျပာျပခ်က္အရ သိရသည္။

်ဘဘိဘ

အဆိုပါနဂါးရံကပ္ေက်ာ္ေစတီေတာ္သည္ မႏၱေလးတိုင္းေဒသႀကီး၊ မလိႈင္ၿမိဳ႕နယ္၊ ေရငံအုပ္စု၊ ေရႊေပၚေက်းရြာအနီးတည္ရွိၿပီး ေစတီအတြင္း၌ အျမင့္ ၁ ေပခြဲခန္႔ရွိ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရုပ္တုထားရွိသည့္အတြက္ သံဃာအခ်ိဳ႕ႏွင့္ေဒသခံမ်ားကကန္႔ကြက္မႈမ်ားရွိခဲ့သည္။

“မေန႔(ႏို၀င္ဘာလ ၅ ရက္)ညကပဲ ဖယ္လိုက္ၿပီ။ ရုပ္တုကို ဘုရားအျပင္ဘက္ထုတ္ၿပီး ၾကမ္းျပင္ေပၚ ခ်ထားတယ္။ လွဴတဲ့သူက ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ က်န္းမာေရးအတြက္လွဴတယ္ဆိုၿပီး ေျပာတယ္။ ဘုရားဝင္းကိုေတာ့ ေသာ့ခတ္ထားလိုက္ၿပီ” ဟုအမ်ိဳးသားဒီမိုကေရစီပါတီသစ္မွ ဗဟိုအလုပ္အမႈေဆာင္ ဦးသန္းထြန္းက ေျပာသည္။

ွ့ဘနမ့မ့

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၏ပံုတူရုပ္တုကို ျပည္တြင္းသာမက ျပည္ပႏိုင္ငံမ်ားတြင္လည္း အမွတ္တရအျဖစ္ထားရွိမႈမ်ားရွိေၾကာင္း သိရသည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

နဂါးရံကပ်ကျော်စေတီအတွင်းထားရှိသည့် ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကို ဖယ်ရှားပြီးဖြစ်ဟု ဆို

ိါညည

နဂါးရံကပ်ကျော်စေတီတော်အတွင်းထားရှိသည့် ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကို နိုဝင်ဘာလ ၅ ရက်တွင် ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဗဟိုအလုပ်အမှုဆောင်ဦးသန်းထွန်း ပြောပြချက်အရ သိရသည်။

အဆိုပါနဂါးရံကပ်ကျော်စေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေငံအုပ်စု၊ ရွှေပေါ်ကျေးရွာအနီးတည်ရှိပြီး စေတီအတွင်း၌ အမြင့် ၁ ပေခွဲခန့်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရုပ်တုထားရှိသည့်အတွက် သံဃာအချို့နှင့်ဒေသခံများကကန့်ကွက်မှုများရှိခဲ့သည်။

“မနေ့(နိုဝင်ဘာလ ၅ ရက်)ညကပဲ ဖယ်လိုက်ပြီ။ ရုပ်တုကို ဘုရားအပြင်ဘက်ထုတ်ပြီး ကြမ်းပြင်ပေါ် ချထားတယ်။ လှူတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက်လှူတယ်ဆိုပြီး ပြောတယ်။ ဘုရားဝင်းကိုတော့ သော့ခတ်ထားလိုက်ပြီ” ဟုအမျိုးသားဒီမိုကရေစီပါတီသစ်မှ ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ပုံတူရုပ်တုကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများတွင်လည်း အမှတ်တရအဖြစ်ထားရှိမှုများရှိကြောင်း သိရသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။