Skip to main content
sgsgb
Ads Block

အေသးစားေငြေရးေၾကးေရးက႑ႀကီးထြားလာသည္ကို ေလ့လာသံုးသပ္ခဲ့ေၾကာင္း စီမံ/ဘ႑ာ၀န္ႀကီး ေျပာ

ျမန္မာႏိုင္ငံတြင္ အေသးစားေငြေရးေၾကးေရးက႑ႀကီးထြားလာသည္ကို ေလ့လာသံုးသပ္ခဲ့ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးစိုးဝင္းက ေျပာသည္။

ျမန္မာႏိုင္ငံအေသးစားေငြေရးေၾကးေရးဖိုရမ္ႏွင့္ ျမန္မာႏိုင္ငံအေသးစားေငြေရးေၾကးေရးလုပ္ငန္းမ်ား ကူညီေရးအသင္းညီလာခံတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

dvdsav

 “ကြ်န္ေတာ္တို႔အေနနဲ႔ ႏိုင္ငံအတြင္းက အေသးစားေငြေရးေၾကးေရးက႑ႀကီးထြားလာတာကို ေလ့လာသံုးသပ္ခဲ့ပါတယ္။ အေသးစားေငြေရးေၾကးေရးက႑ေခ်းေငြဟာ ႏိုင္ငံ GDP ရဲ႕ ၁ ဒႆမ ၅ ရာခိုင္ႏႈန္း ရွိေနပါတယ္။ အေသးစားေငြေရးေၾကးေရးက႑က လက္ရွိေငြေခ်းယူသူစုစုေပါင္းဟာ တိုင္းျပည္ရဲ႕ အရြယ္ေရာက္ၿပီးသူေတြျဖစ္ၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၉ ဒႆမ ၆၃ ရာခိုင္ႏႈန္း ရွိေနပါတယ္။ က႑အတြင္းက အဖြဲ႔အစည္းေတြအားလံုး အျပန္အလွန္ပူးေပါင္းလုပ္ေဆာင္ၾကဖို႔ စီးပြားေရးက႑ေရရွည္ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ဝင္ေငြနည္းပါးတဲ့ ျပည္သူလူထုအၾကား လူမႈစီးပြားက႑တိုးတက္ေရးကို ကူညီပံ့ပိုးေစလိုပါတယ္”ဟုစီးမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးစိုးဝင္းက ေျပာသည္။

svbsvs

ျမန္မာႏိုင္ငံတြင္၂၀၁၉ ခုႏွစ္ ေအာက္တိုဘာတစ္ရက္မွစ၍ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနမွ အေသးစားေခ်းေငြမ်ားအတြက္ အတိုးႏႈန္းေလွ်ာ့ခ်သတ္မွတ္ခဲ့ေပးၿပီး ေနာက္ပိုင္းတြင္ အေသးစားေငြေရးေၾကးေရးက႑သည္ တိုးတက္လာေၾကာင္း သိရသည္။

အဆိုပါက႑တိုးတက္လာျခင္းသည္ ေရရွည္တည္တ့ံေသာ ဆင္းရဲမႈေလွ်ာ့ခ်ေရးႏွင့္ စီးပြားေရးက႑ တုိးတက္ဖြံ႕ၿဖိဳးလာေစရန္ ေဆာင္ရြက္မႈမ်ားအတြက္ ႀကီးမားသည့္ အခြင့္အလမ္းေကာင္းမ်ားျဖစ္လာႏိုင္ေၾကာင္း သိရသည္။

dvds

လက္ရွိ ျမန္မာႏိုင္ငံ၏ အေသးစားေငြေရးေၾကးေရးက႑တြင္ ျပည္တြင္း၊ ျပည္ပမွ လိုင္စင္ရ အေသးစား ေငြေရးေၾကးေရးအဖြဲ႕အစည္းေပါင္း (၁၈၉) ဖြဲ႕ရွိေနၿပီး ဝန္ေဆာင္မႈရယူလ်က္ရွိသူေပါင္း (၅.၆) သန္း ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

 စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

 

အသေးစားငွေရေးကြေးရေးကဏ္ဍကြီးထွားလာသည်ကို လေ့လာသုံးသပ်ခဲ့ကြောင်း စီမံ/ဘဏ္ဍာဝန်ကြီး ပြော

မြန်မာနိုင်ငံတွင် အသေးစားငွေရေးကြေးရေးကဏ္ဍကြီးထွားလာသည်ကို လေ့လာသုံးသပ်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောသည်။

မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးဖိုရမ်နှင့် မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းညီလာခံတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 “ကျွန်တော်တို့အနေနဲ့ နိုင်ငံအတွင်းက အသေးစားငွေရေးကြေးရေးကဏ္ဍကြီးထွားလာတာကို လေ့လာသုံးသပ်ခဲ့ပါတယ်။ အသေးစားငွေရေးကြေးရေးကဏ္ဍချေးငွေဟာ နိုင်ငံ GDP ရဲ့ ၁ ဒဿမ ၅ ရာခိုင်နှုန်း ရှိနေပါတယ်။ အသေးစားငွေရေးကြေးရေးကဏ္ဍက လက်ရှိငွေချေးယူသူစုစုပေါင်းဟာ တိုင်းပြည်ရဲ့ အရွယ်ရောက်ပြီးသူတွေဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၉ ဒဿမ ၆၃ ရာခိုင်နှုန်း ရှိနေပါတယ်။ ကဏ္ဍအတွင်းက အဖွဲ့အစည်းတွေအားလုံး အပြန်အလှန်ပူးပေါင်းလုပ်ဆောင်ကြဖို့ စီးပွားရေးကဏ္ဍရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝင်ငွေနည်းပါးတဲ့ ပြည်သူလူထုအကြား လူမှုစီးပွားကဏ္ဍတိုးတက်ရေးကို ကူညီပံ့ပိုးစေလိုပါတယ်”ဟုစီးမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင်၂၀၁၉ ခုနှစ် အောက်တိုဘာတစ်ရက်မှစ၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အသေးစားချေးငွေများအတွက် အတိုးနှုန်းလျှော့ချသတ်မှတ်ခဲ့ပေးပြီး နောက်ပိုင်းတွင် အသေးစားငွေရေးကြေးရေးကဏ္ဍသည် တိုးတက်လာကြောင်း သိရသည်။

အဆိုပါကဏ္ဍတိုးတက်လာခြင်းသည် ရေရှည်တည်တံ့သော ဆင်းရဲမှုလျှော့ချရေးနှင့် စီးပွားရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်မှုများအတွက် ကြီးမားသည့် အခွင့်အလမ်းကောင်းများဖြစ်လာနိုင်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အသေးစားငွေရေးကြေးရေးကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပမှ လိုင်စင်ရ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းပေါင်း (၁၈၉) ဖွဲ့ရှိနေပြီး ဝန်ဆောင်မှုရယူလျက်ရှိသူပေါင်း (၅.၆) သန်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

 စုသက်နှင်း(အကုန်သိသတင်းဌာန) 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။