Skip to main content
zdmnm
Ads Block

စြန္႔ပစ္ရန္အခက္အခဲျဖစ္ေနေသာ အမွိဳက္သရိုက္မ်ားမွ ဟိုက္ၿဒိဳဂ်င္ေလာင္စာထုတ္ယူ၍ စြမ္းအင္က႑လိုအပ္ခ်က္ ျဖည့္ဆည္းရန္ ဘဂၤလားေဒ့ရွ္ သိပၸံပညာရွင္တို႔ စီစဥ္ေန

 

 

ဘဂၤလားေဒ့ရွ္သိပၸံပညာရွင္တို႔သည္ အေမရိကန္ေဒၚလာ ၇.၂ ဘီလ်ံတန္ဖိုးရွိ ႏိုင္ငံေတာ္စြမ္းအင္  လိုအပ္ခ်က္ ကိုျဖည့္ဆည္းရာတြင္ စြန္႔ပစ္အမွိဳက္သရိုက္မ်ားမွ ဟိုက္ျဒိဳဂ်င္ေလာင္စာ ၁၈.၂၂ တန္ထုတ္ယူႏိုင္မည့္နည္းလမ္းကို ရွာေဖြလွ်က္ရွိသည္ဟု ဘဂၤလားအေျခစိုက္ bdnews24 ေရးသားသည္။

ဘဂၤလားေဒ့ရွ္ ျပည္နယ္ေဒသႏၱရအစိုးရတို႔၏ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ ႒ာနတို႔သည္ ႏွစ္စဥ္ အမွိဴက္ သရိုက္တန္ခ်ိန္ ၂၂၇ သန္းကို စြန္႔ပစ္ရန္ အခက္အခဲႏွင့္ ရင္ဆိုင္ေနရသည္။ အကယ္၍ သဘာ၀ပတ္၀န္းက်င္ႏွင့္ သဟဇာတျဖစ္သည့္ ဟိုက္ျဒိဳဂ်င္ေလာင္စာကို ၄င္းစြန္႔ပစ္အမွိဳက္မ်ားမွ ေျပာင္းလဲထုတ္ယူႏိုင္ခဲ့လွ်င္ ႏိုင္ငံ့စြမ္းအင္ လိုအပ္ခ်က္ကို ျဖည့္ဆည္းရာေရာက္မည္ျဖစ္သည္။

မ်က္ေမွာက္ကမၻာၾကီး၌ ေလထုညစ္ျငမ္းမွဳေၾကာင့္ ႏွစ္စဥ္ဆံုးရွံဳးရေငြမွာ အေမရိကန္ေဒၚလာ ၂.၄၂ ဘီလွ်ံရွိေၾကာင္း ကမၻာ့ဘဏ္၏ အစီရင္ခံစာ၌ ေဖာ္ျပထားသည္။ သဘာ၀ပတ္၀န္းက်င္ႏွင့္ ဆန္႔က်င္ျခင္းမရွိေသာ ဟိုက္ျဒိဳဂ်င္ကို အစားထိုးသံုးစြဲလွ်င္ ဓါတ္ဆီ၊ ဒီဇယ္ႏွင့္ ေအာ့တိန္းကဲ့သို႕ ဇီ၀ရုပ္ၾကြင္းေလာင္စာ သံုးစြဲမွဳကို ေလွ်ာ့ခ်ႏိုင္ေၾကာင္း သိပၸံပညာရွင္တို႔က ေျပာဆိုသည္။ ၂၀၅၀ ခုႏွစ္တြင္ ေရနံစြမ္းအင္လိုအပ္ခ်က္၏ ၃၀ ရာႏွဳန္းကို ဟိုက္ျဒိဳဂ်င္က ျဖည့္ဆည္းေပးလိမ့္မည္ ႏိုင္ငံတကာဟိုက္ျဒိဳဂ်င္ေကာင္စီက ခန္႔မွန္းထားသည္။

ေျမာက္ကိုရီးယား၊ ဂ်ာမနီ၊ ဂ်ပန္၊ အဂၤလန္ႏွင့္ ၾသစေတးလ်တို႔သည္ သဘာ၀ပတ္၀န္းက်င္မိတ္ေဆြအျဖစ္ ဟိုက္ျဒိဳဂ်င္ကို သံုးစြဲၾကမည္ျဖစ္သည္။ ဘဂၤလားေဒ့ရွ္သည္လည္း ဟိုက္ျဒိဳဂ်င္စြမ္းအင္စက္ရံုအတြက္ ေရွ႕ေျပးစီမံကိန္းမ်ား ေဆာင္ရြက္ေနျပီျဖစ္သည္။ ထိုအတြက္ ၂၀၂၁ ခုႏွစ္တြင္ လိုအပ္ေသာ ဟိုက္ျဒိဳဂ်င္ပမာဏကို ထုတ္ယူႏိုင္ရန္ စြမ္းအင္သုေတသနစီမံကိန္းအား ၂၀၁၇ ခုႏွစ္မွစတင္၍ အေမရိကန္ေဒၚလာ ၅.၆ သိန္း အကုန္အက်ခံ၍ ထူေထာင္ခဲ့သည္။ လာမည့္ ၂၀၂၀ ဇြန္လတြင္ ၅ မီဂါ၀ပ္စြမ္းအင္ရရွိႏိုင္မည့္ ဟိုက္ျဒိဳဂ်င္ စြမ္းအင္ စက္ရံုလည္ပတ္ရန္ လိုအပ္ေသာ သုေတသနစက္ရံုမ်ား၊ ျပည္ပနည္းပညာအေထာက္အပ႔ံမ်ား တည္ေဆာက္ရွာေဖြ လွ်က္ရွိသည္။

Htay Oung (အကုန္သိ သတင္းဌာန)

 

 

Unicode Version

 

 

 

စွန့်ပစ်ရန်အခက်အခဲဖြစ်နေသော အမှိုက်သရိုက်များမှ ဟိုက်ဒြိုဂျင်လောင်စာထုတ်ယူ၍ စွမ်းအင်ကဏ္ဍလိုအပ်ချက် ဖြည့်ဆည်းရန် ဘင်္ဂလားဒေ့ရှ် သိပ္ပံပညာရှင်တို့ စီစဉ်နေ


ဘင်္ဂလားဒေ့ရှ်သိပ္ပံပညာရှင်တို့သည် အမေရိကန်ဒေါ်လာ ၇.၂ ဘီလျံတန်ဖိုးရှိ နိုင်ငံတော်စွမ်းအင်  လိုအပ်ချက် ကိုဖြည့်ဆည်းရာတွင် စွန့်ပစ်အမှိုက်သရိုက်များမှ ဟိုက်ဒြိုဂျင်လောင်စာ ၁၈.၂၂ တန်ထုတ်ယူနိုင်မည့်နည်းလမ်းကို ရှာဖွေလျှက်ရှိသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 ရေးသားသည်။

ဘင်္ဂလားဒေ့ရှ် ပြည်နယ်ဒေသန္တရအစိုးရတို့၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဋ္ဌာနတို့သည် နှစ်စဉ် အမှိူက် သရိုက်တန်ချိန် ၂၂၇ သန်းကို စွန့်ပစ်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ အကယ်၍ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ဟိုက်ဒြိုဂျင်လောင်စာကို ၎င်းစွန့်ပစ်အမှိုက်များမှ ပြောင်းလဲထုတ်ယူနိုင်ခဲ့လျှင် နိုင်ငံ့စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းရာရောက်မည်ဖြစ်သည်။

မျက်မှောက်ကမ္ဘာကြီး၌ လေထုညစ်ငြမ်းမှုကြောင့် နှစ်စဉ်ဆုံးရှုံးရငွေမှာ အမေရိကန်ဒေါ်လာ ၂.၄၂ ဘီလျှံရှိကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ သဘာဝပတ်ဝန်းကျင်နှင့် ဆန့်ကျင်ခြင်းမရှိသော ဟိုက်ဒြိုဂျင်ကို အစားထိုးသုံးစွဲလျှင် ဓါတ်ဆီ၊ ဒီဇယ်နှင့် အော့တိန်းကဲ့သို့ ဇီဝရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို လျှော့ချနိုင်ကြောင်း သိပ္ပံပညာရှင်တို့က ပြောဆိုသည်။ ၂၀၅၀ ခုနှစ်တွင် ရေနံစွမ်းအင်လိုအပ်ချက်၏ ၃၀ ရာနှုန်းကို ဟိုက်ဒြိုဂျင်က ဖြည့်ဆည်းပေးလိမ့်မည် နိုင်ငံတကာဟိုက်ဒြိုဂျင်ကောင်စီက ခန့်မှန်းထားသည်။

မြောက်ကိုရီးယား၊ ဂျာမနီ၊ ဂျပန်၊ အင်္ဂလန်နှင့် သြစတေးလျတို့သည် သဘာဝပတ်ဝန်းကျင်မိတ်ဆွေအဖြစ် ဟိုက်ဒြိုဂျင်ကို သုံးစွဲကြမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည်လည်း ဟိုက်ဒြိုဂျင်စွမ်းအင်စက်ရုံအတွက် ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်နေပြီဖြစ်သည်။ ထိုအတွက် ၂၀၂၁ ခုနှစ်တွင် လိုအပ်သော ဟိုက်ဒြိုဂျင်ပမာဏကို ထုတ်ယူနိုင်ရန် စွမ်းအင်သုတေသနစီမံကိန်းအား ၂၀၁၇ ခုနှစ်မှစတင်၍ အမေရိကန်ဒေါ်လာ ၅.၆ သိန်း အကုန်အကျခံ၍ ထူထောင်ခဲ့သည်။ လာမည့် ၂၀၂၀ ဇွန်လတွင် ၅ မီဂါဝပ်စွမ်းအင်ရရှိနိုင်မည့် ဟိုက်ဒြိုဂျင် စွမ်းအင် စက်ရုံလည်ပတ်ရန် လိုအပ်သော သုတေသနစက်ရုံများ၊ ပြည်ပနည်းပညာအထောက်အပံ့များ တည်ဆောက်ရှာဖွေ လျှက်ရှိသည်။


Htay Oung (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။