Skip to main content
nfnfnmn
Ads Block

တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ဟု ဆို

ရကၡိဳင့္တပ္မေတာ္(AA)အေနျဖင့္ ရဲတပ္ဖြဲ႔ဝင္မ်ား၊ တပ္မေတာ္သားမ်ား၊ အစိုးရဝန္ထမ္းမ်ားစသူတို႔ကို ဖမ္းဆီးေခၚေဆာင္မႈမ်ားျပဳလုပ္ေနေသာ္လည္း တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

အကုန္သိသတင္းဌာနမွ ႏိုဝင္ဘာလ ၆ ရက္၌ ဆက္သြယ္ေမးျမန္းရာတြင္ ယင္းကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္းျဖစ္သည္။

sxhbhnj

"ေျမာက္ပိုင္း ၄ ဖြဲ႔နဲ႔ ေတြ႔ဆုံမႈကေတာ့ NRPC က သူတို႔ဆက္လုပ္ပါလိမ့္မယ္။ ကြ်န္ေတာ္တို႔ တပ္မေတာ္ကလည္း ေျပာထားၿပီးသားျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔ လုပ္ေဆာင္ရမယ့္ဟာေတြ ဝင္လို႔ရမယ့္ဟာေတြ လုပ္ေဆာင္သြားမယ္ဆိုတာကို ေျပာၿပီးသားျဖစ္ပါတယ္။ ဒီေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ကေတာ့ ကြ်န္ေတာ္တို႔ NRPC ရဲ႕ ဦးေဆာင္မႈေအာက္မွာပဲ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ ဒီအၾကမ္းဖက္လုပ္ရပ္ေတြ လုပ္ေဆာင္ေနတာနဲ႔ပတ္သက္ၿပီးေတာ့ တာဝန္ရွိသူေတြကလည္း ေျပာသြားလိမ့္မယ္။ ေျပာလည္းေျပာေနပါၿပီ။ လူမႈအဖြဲ႔အစည္းကလည္း ေၾကညာခ်က္ထုတ္တာေတြ ေဆာင္ရြက္ေနၿပီျဖစ္ပါတယ္” ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔မွ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

rjrjrrn

ၿပီးခဲ့သည့္ႏုိဝင္ဘာလ ၃ ရက္က ခ်င္းျပည္နယ္ အမ်ဳိးသားလႊတ္ေတာ္မဲဆႏၵနယ္(၁၁) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းပါ ၅ ဦးႏွင့္ အိႏိၵယႏုိင္ငံသား ၅ ဦးတုိ႔ကို AA လက္နက္ကုိင္အဖြဲ႔မွ ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး ယင္းကဲ့သုိ႔ ဖမ္းဆီးစစ္ေဆးစဥ္ အိႏိၵယႏုိင္ငံသား ၁ ဦးမွာ အေမာေဖာက္ကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“အိႏိၵယႏိုင္ငံသားေတြေရာ အဲဒီလႊတ္ေတာ္ကိုယ္စားလွယ္အပါအဝင္ ၁၀ ေယာက္ ဖမ္းဆီးခံရတဲ့ေန႔ကတည္းက ကြ်န္ေတာ္တို႔ လိုက္လံသတင္းစုံစမ္းတယ္။ လုံျခံဳေရးနဲ႔ပတ္သက္ၿပီး လိုအပ္ခ်က္ေဆာင္ရြက္မႈေတြ၊ နယ္ေျမစိုးမိုးေရးလုပ္ငန္းေတြ ေဆာင္ရြက္လ်က္ရွိပါတယ္။ အေသးစိတ္လုပ္ေဆာင္တာကိုေတာ့ မေျပာႏိုင္ေသးပါဘူး” ဟု ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။

ထို႔ေနာက္ ဖမ္းဆီးထိန္းသိမ္းခဲ့သူမ်ားအနက္ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေဝွ႔တင္းမွလြဲ၍ ဖမ္းဆီးခံရသူအားလုံးကုိ လႊတ္ေပးလုိက္ၿပီျဖစ္ေၾကာင္းႏွင့္ ၄င္းလႊတ္ေတာ္ကုိယ္စားလွယ္အား မည္သည့္အတြက္ေၾကာင့္ ေခၚယူထိန္းသိမ္းရသည္ကုိ မၾကာမီသီးသန္႔ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း AA လက္နက္ကုိင္အဖြဲ႔မွ ႏုိဝင္ဘာ လ ၄ ရက္တြင္ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့သည္။

 

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

 

Unicode Version

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆို

 

ရက္ခိုင့်တပ်မတော်(AA)အနေဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ အစိုးရဝန်ထမ်းများစသူတို့ကို ဖမ်းဆီးခေါ်ဆောင်မှုများပြုလုပ်နေသော်လည်း တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

အကုန်သိသတင်းဌာနမှ နိုဝင်ဘာလ ၆ ရက်၌ ဆက်သွယ်မေးမြန်းရာတွင် ယင်းကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။

"မြောက်ပိုင်း ၄ ဖွဲ့နဲ့ တွေ့ဆုံမှုကတော့ NRPC က သူတို့ဆက်လုပ်ပါလိမ့်မယ်။ ကျွန်တော်တို့ တပ်မတော်ကလည်း ပြောထားပြီးသားဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ လုပ်ဆောင်ရမယ့်ဟာတွေ ဝင်လို့ရမယ့်ဟာတွေ လုပ်ဆောင်သွားမယ်ဆိုတာကို ပြောပြီးသားဖြစ်ပါတယ်။ ဒီတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ NRPC ရဲ့ ဦးဆောင်မှုအောက်မှာပဲ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီအကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေကလည်း ပြောသွားလိမ့်မယ်။ ပြောလည်းပြောနေပါပြီ။ လူမှုအဖွဲ့အစည်းကလည်း ကြေညာချက်ထုတ်တာတွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၃ ရက်က ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းပါ ၅ ဦးနှင့် အိန္ဒိယနိုင်ငံသား ၅ ဦးတို့ကို AA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးစဉ် အိန္ဒိယနိုင်ငံသား ၁ ဦးမှာ အမောဖောက်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အိန္ဒိယနိုင်ငံသားတွေရော အဲဒီလွှတ်တော်ကိုယ်စားလှယ်အပါအဝင် ၁၀ ယောက် ဖမ်းဆီးခံရတဲ့နေ့ကတည်းက ကျွန်တော်တို့ လိုက်လံသတင်းစုံစမ်းတယ်။ လုံခြုံရေးနဲ့ပတ်သက်ပြီး လိုအပ်ချက်ဆောင်ရွက်မှုတွေ၊ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ အသေးစိတ်လုပ်ဆောင်တာကိုတော့ မပြောနိုင်သေးပါဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

ထို့နောက် ဖမ်းဆီးထိန်းသိမ်းခဲ့သူများအနက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှလွဲ၍ ဖမ်းဆီးခံရသူအားလုံးကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ၎င်းလွှတ်တော်ကိုယ်စားလှယ်အား မည်သည့်အတွက်ကြောင့် ခေါ်ယူထိန်းသိမ်းရသည်ကို မကြာမီသီးသန့်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း AA လက်နက်ကိုင်အဖွဲ့မှ နိုဝင်ဘာ လ ၄ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။