Skip to main content
ဖိျမအျ့
Ads Block

ဖခင္က ငိုယိုေနသည့္ ၁ လေက်ာ္အရြယ္သားျဖစ္သူအား ၾကမ္းခင္းေပၚကိုင္ေဆာင့္လႊင့္ပစ္ရာ သားျဖစ္သူ ေသဆံုး

ပဲခူးၿမိဳ႕နယ္တြင္ ဖခင္ျဖစ္သူက ငိုယိုေနသည့္ ၁ လေက်ာ္သားျဖစ္သူအား ဦးေခါင္းမွကိုင္၍ ၾကမ္းခင္းေပၚ ကိုင္ေဆာင့္လႊင့္ပစ္ခဲ့မႈေၾကာင့္ သားျဖစ္သူေသဆုံးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕၊ ဇိုင္းေတာင္ရပ္ကြက္၊ အုတ္က်င္းပိုင္း၊ မီးရထားသံလမ္းေဘးရွိ၊ ကိုင္းေတာထဲတြင္ ေအာက္တိုဘာလ ၁၁ ရက္၊ ည ၉ နာရီခြဲခန္႔က ကေလးအေလာင္း ၁ ေလာင္းကို အမ်ဳိးသား ၁ ဦးႏွင့္ အမ်ဳိး သမီး ၁ ဦးတို႔မွ လာေရာက္စြန္႔ပစ္သြားေၾကာင္း ဇိုင္းေတာင္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၏ အေၾကာင္းၾကားခ်က္အရ ပဲခူးၿမိဳ႕၊ အမွတ္(၂)နယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားမွ အခင္းျဖစ္အရပ္သို႔ သြားေရာက္စစ္ေဆးခဲ့ၾကသည္။

်ါမ့မ့

စစ္ေဆးခ်က္အရ ခႏၶာကိုယ္အား ပုဆိုးျဖင့္ထုပ္ထားေသာ အသက္ ၁ လ ၈ ရက္ခန္႔ရွိ အမည္မရွိ ေယာက္်ားေလး ၁ ဦး၏ အေလာင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရွိရသည္ဟု ပဲခူးတိုင္းရဲတပ္ဖြဲ႔မွ ထုတ္ျပန္ခဲ့သည္။

ကေလးအေလာင္းအား စြန္႔ပစ္သူမ်ားကို စုံစမ္းရာ ေသဆုံးသူ၏ဖခင္ ဦးသက္လင္း၊ (၂၁)ႏွစ္၊ ဆည္ေျမာင္းလမ္း၊ ျပင္စည္ရပ္ကြက္၊ ပဲခူးၿမိဳ႕ေနသူႏွင့္ မိခင္ျဖစ္သူ မဇင္မာေအး၊ (၂ဝ)ႏွစ္ျဖစ္ေၾကာင္း သိရွိရၿပီး ပဲခူးၿမိဳ႕၊ ဇိုင္းေတာင္ ရပ္ကြက္၊ အုတ္က်င္းပိုင္းေန ၎တို႔၏ ဦးေလးျဖစ္သူထံ သြားေရာက္ရာ ကေလးငယ္အား ဖခင္ျဖစ္သူ ဦးသက္လင္းမွ ပုဆိုးျဖင့္ထုတ္၍ ေက်ာပိုးလြယ္ကာေခၚေဆာင္လာစဥ္ ေသဆုံးသြားျခင္းျဖစ္ေၾကာင္းႏွင့္ ကေလးငယ္ အေလာင္းအား ဇိုင္းေတာင္ရပ္ကြက္၊ အုတ္က်င္းပိုင္း၊ ရန္ကုန္-မႏၲေလးမီးရထားလမ္း၊ ေၾကးနန္းမိုင္တိုင္အမွတ္ (၅၂ ႏွင့္ ၅၃) အၾကားတြင္ မဇင္မာေအးမွ သြားေရာက္စြန္႔ပစ္ခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုသိရွိရသည္ဟုလည္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ေ

၎တို႔ ၂ ဦးကို ပဲခူးၿမိဳ႕၊ အမွတ္(၂)နယ္ေၿမရဲစခန္း၌ (ပ)၁၅၃၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၁၈ ျဖင့္ အမႈဖြင့္ထားရွိၿပီး ယင္းည ၁၁ နာရီ မိနစ္ ၄၀ မိနစ္ခန္႔တြင္ ဖမ္းဆီးစစ္ေဆးခဲ့ေၾကာင္း သိရသည္။

အမႈႏွင့္ပတ္သတ္၍ ေသဆုံးရျခင္းအေၾကာင္းအား ျဖစ္စဥ္အမွန္သိရွိႏိုင္ေရးအတြက္ အဆိုပါကေလးအေလာင္းအား ရဲေဆးစာျဖင့္ ပဲခူးေဆး႐ုံႀကီးသို႔ပို႔အပ္ၿပီး ေဆးစာထင္ျမင္ခ်က္ေတာင္းခံခဲ့ရာ မႈခင္းဆရာဝန္(ပဲခူးေဆး႐ုံ ႀကီး)မွ ဦးေခါင္းတြင္ရရွိေသာဒဏ္ရာေၾကာင့္ ဦးေခါင္းခြံရိုးခ်ိဳင့္ဝင္က်ိဳးျခင္း၊ ဦးေႏွာက္အေမွးပါးေသြးသြန္ျခင္းတို႔ေၾကာင့္ ေသဆုံးရျခင္းျဖစ္ေၾကာင္း ႏိုဝင္ဘာလ ၅ ရက္တြင္ ေဆးစာထင္ျမင္ခ်က္ျပန္ၾကားလာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေဆးစာထင္ျမင္ခ်က္ျပန္ၾကားလာသျဖင့္ အမႈမွ တရားခံမ်ားအား ထပ္မံစစ္ေဆးရာ မဇင္မာေအးသည္ ဖေယာင္းတိုင္ဝယ္ရန္ ေနအိမ္တဲမွထြက္လာ၍ ကေလးငယ္အားသက္လင္းႏွင့္အတူထားခဲ့ၿပီး ေနအိမ္သို႔ ျပန္လည္ေရာက္ရွိစဥ္ ကေလးငယ္မွာ အသက္ရႉၾကပ္ေနသည္ကိုေတြ႕ရွိရသျဖင့္ ေမးျမန္းရာ သက္လင္းမွ အရက္ေသာက္ေနစဥ္ ကေလးငိုသျဖင့္ ကေလးဦးေခါင္းအားကိုင္၍ ၾကမ္းခင္းႏွင့္ကိုင္ေဆာင့္ၿပီး လႊင့္ပစ္သျဖင့္ ကေလးမွာ သစ္သားတိုင္ႏွင့္ေဆာင့္မိကာ ရရွိေသာဒဏ္ရာမ်ားျဖင့္ေသဆုံးသြားခဲ့ေသာေၾကာင့္ ကေလးအေလာင္းအား သက္လင္းႏွင့္ မဇင္မာေအးတို႔မွ သြားေရာက္စြန္႔ပစ္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ၎တို႔ ၂ ဦးကို ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၁၈ မွ ၃၀၂/၃၁၈(လူသတ္မႈ/ ကေလးအေလာင္း ေဖ်ာက္ဖ်က္မႈ)သို႔ ေျပာင္းလဲဖြင့္လွစ္ထားေၾကာင္း သိရသည္။

ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)       ဓာတ္ပုံ-ပဲခူးတိုင္းရဲတပ္ဖြဲ႔

 

Unicode Version

 

ဖခင်က ငိုယိုနေသည့် ၁ လကျော်အရွယ်သားဖြစ်သူအား ကြမ်းခင်းပေါ်ကိုင်ဆောင့်လွှင့်ပစ်ရာ သားဖြစ်သူ သေဆုံး

 

ပဲခူးမြို့နယ်တွင် ဖခင်ဖြစ်သူက ငိုယိုနေသည့် ၁ လကျော်သားဖြစ်သူအား ဦးခေါင်းမှကိုင်၍ ကြမ်းခင်းပေါ် ကိုင်ဆောင့်လွှင့်ပစ်ခဲ့မှုကြောင့် သားဖြစ်သူသေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်၊ အုတ်ကျင်းပိုင်း၊ မီးရထားသံလမ်းဘေးရှိ၊ ကိုင်းတောထဲတွင် အောက်တိုဘာလ ၁၁ ရက်၊ ည ၉ နာရီခွဲခန့်က ကလေးအလောင်း ၁ လောင်းကို အမျိုးသား ၁ ဦးနှင့် အမျိုး သမီး ၁ ဦးတို့မှ လာရောက်စွန့်ပစ်သွားကြောင်း ဇိုင်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်အရ ပဲခူးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြသည်။

စစ်ဆေးချက်အရ ခန္ဓာကိုယ်အား ပုဆိုးဖြင့်ထုပ်ထားသော အသက် ၁ လ ၈ ရက်ခန့်ရှိ အမည်မရှိ ယောက်ျားလေး ၁ ဦး၏ အလောင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ပဲခူးတိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ကလေးအလောင်းအား စွန့်ပစ်သူများကို စုံစမ်းရာ သေဆုံးသူ၏ဖခင် ဦးသက်လင်း၊ (၂၁)နှစ်၊ ဆည်မြောင်းလမ်း၊ ပြင်စည်ရပ်ကွက်၊ ပဲခူးမြို့နေသူနှင့် မိခင်ဖြစ်သူ မဇင်မာအေး၊ (၂ဝ)နှစ်ဖြစ်ကြောင်း သိရှိရပြီး ပဲခူးမြို့၊ ဇိုင်းတောင် ရပ်ကွက်၊ အုတ်ကျင်းပိုင်းနေ ၎င်းတို့၏ ဦးလေးဖြစ်သူထံ သွားရောက်ရာ ကလေးငယ်အား ဖခင်ဖြစ်သူ ဦးသက်လင်းမှ ပုဆိုးဖြင့်ထုတ်၍ ကျောပိုးလွယ်ကာခေါ်ဆောင်လာစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်းနှင့် ကလေးငယ် အလောင်းအား ဇိုင်းတောင်ရပ်ကွက်၊ အုတ်ကျင်းပိုင်း၊ ရန်ကုန်-မန္တလေးမီးရထားလမ်း၊ ကြေးနန်းမိုင်တိုင်အမှတ် (၅၂ နှင့် ၅၃) အကြားတွင် မဇင်မာအေးမှ သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသိရှိရသည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

၎င်းတို့ ၂ ဦးကို ပဲခူးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်း၌ (ပ)၁၅၃၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၁၈ ဖြင့် အမှုဖွင့်ထားရှိပြီး ယင်းည ၁၁ နာရီ မိနစ် ၄၀ မိနစ်ခန့်တွင် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သတ်၍ သေဆုံးရခြင်းအကြောင်းအား ဖြစ်စဉ်အမှန်သိရှိနိုင်ရေးအတွက် အဆိုပါကလေးအလောင်းအား ရဲဆေးစာဖြင့် ပဲခူးဆေးရုံကြီးသို့ပို့အပ်ပြီး ဆေးစာထင်မြင်ချက်တောင်းခံခဲ့ရာ မှုခင်းဆရာဝန်(ပဲခူးဆေးရုံ ကြီး)မှ ဦးခေါင်းတွင်ရရှိသောဒဏ်ရာကြောင့် ဦးခေါင်းခွံရိုးချိုင့်ဝင်ကျိုးခြင်း၊ ဦးနှောက်အမှေးပါးသွေးသွန်ခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်တွင် ဆေးစာထင်မြင်ချက်ပြန်ကြားလာခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးစာထင်မြင်ချက်ပြန်ကြားလာသဖြင့် အမှုမှ တရားခံများအား ထပ်မံစစ်ဆေးရာ မဇင်မာအေးသည် ဖယောင်းတိုင်ဝယ်ရန် နေအိမ်တဲမှထွက်လာ၍ ကလေးငယ်အားသက်လင်းနှင့်အတူထားခဲ့ပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် ကလေးငယ်မှာ အသက်ရှူကြပ်နေသည်ကိုတွေ့ရှိရသဖြင့် မေးမြန်းရာ သက်လင်းမှ အရက်သောက်နေစဉ် ကလေးငိုသဖြင့် ကလေးဦးခေါင်းအားကိုင်၍ ကြမ်းခင်းနှင့်ကိုင်ဆောင့်ပြီး လွှင့်ပစ်သဖြင့် ကလေးမှာ သစ်သားတိုင်နှင့်ဆောင့်မိကာ ရရှိသောဒဏ်ရာများဖြင့်သေဆုံးသွားခဲ့သောကြောင့် ကလေးအလောင်းအား သက်လင်းနှင့် မဇင်မာအေးတို့မှ သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့ ၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၁၈ မှ ၃၀၂/၃၁၈(လူသတ်မှု/ ကလေးအလောင်း ဖျောက်ဖျက်မှု)သို့ ပြောင်းလဲဖွင့်လှစ်ထားကြောင်း သိရသည်။

နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)       ဓာတ်ပုံ-ပဲခူးတိုင်းရဲတပ်ဖွဲ့

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။