Skip to main content
္ိ့နိ့အမ့
Ads Block

Natural Garment အထည္ခ်ဳပ္စက္ရုံမွ အလုပ္သမား ၁၀၀၀ ဦးခန္႔ ဆႏၵထုတ္ေဖာ္

လႈိင္သာယာၿမိဳ႕နယ္၊ ေရႊလင္ဗန္းစက္မႈဇုန္ရွိ Natural Garment အထည္ခ်ဳပ္စက္ရုံမွ အလုပ္သမား ၁၀၀၀ ဦးခန္႔သည္ ႏုိ၀င္ဘာလ ၆ ရက္မနက္ပုိင္း၌ ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္းသိရသည္။

Natural Garment အထည္ခ်ဳပ္စက္ရုံမွ အလုပ္သမားညႊန္ၾကားေရးမွဴးရုံးအထိခ်ီတက္ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း စက္ခ်ဳပ္လုပ္သားမသႏၱာၿဖဳိးက အကုန္သိသတင္းဌာနသုိ႔ေျပာသည္။

ffnfdcgn

“ ညီမတုိ႔နဲ႔အလုပ္သမားရုံးမွာခ်ဳပ္ထားတဲ့ ႏွစ္ဖက္သေဘာတူစာခ်ဳပ္ကုိခ်ိဳးေဖာက္တယ္။ ပထမက စာခ်ဳပ္ပါအခ်က္ေတြကုိ ညွိနႈိင္းေနတာ။အထည္ေၾကးေပးဖုိ႔ကအစေပါ့။အဲဒီလုိလုပ္ေနရင္းက ဒီေန႔မွာ စက္ရုံပိတ္သိမ္းတယ္ဆုိၿပီးလုပ္လုိက္တယ္။ အဲဒါကုိညီမတုိ႔ကမေက်နပ္လုိ႔ဆႏၵထုတ္ေဖာ္ျခင္းျဖစ္တယ္။ အခုလည္းဒီကိစၥကုိ ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ထံတင္ျပသြားမယ္။အခု၀န္ႀကီးခ်ဳပ္ရုံးကုိသြားေနတယ္” ဟု မသႏၱာၿဖိဳးက ေျပာသည္။

fcmfm

ဆႏၵထုတ္ေဖာ္ရာတြင္ မတရားသျဖင့္ျဖတ္ေတာက္ထားသည့္လစာမ်ားခ်က္ခ်င္းေပး ၊ ခ်ဳပ္ဆုိထားေသာ စာခ်ဳပ္မ်ားအသက္၀င္ေရး ဒုိ႔အေရး၊ နွစ္ဖက္သေဘာတူစာခ်ဳပ္ပါအခ်က္မ်ားမလုိက္နာသည့္အလုပ္ရွင္ အလုိမရွိ စသည္တုိ႔ေၾကြးေၾကာ္ခဲ့ေၾကာင္းသိရသည္။

၄င္းအထည္ခ်ဳပ္စက္ရုံသည္ စက္ရုံအမွတ္- ၁ႏွင့္ ၂ ဟူ၍ ရွိၿပီးစက္ရုံလုပ္သား ၄၀၀၀ ဦးခန္႔ရွိကာ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လကလည္း ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရသည္။

 hdehrdh

 မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode Version

Natural Garment အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၀၀၀ ဦးခန့် ဆန္ဒထုတ်ဖော်

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Natural Garment အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၀၀၀ ဦးခန့်သည် နိုဝင်ဘာလ ၆ ရက်မနက်ပိုင်း၌ ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

Natural Garment အထည်ချုပ်စက်ရုံမှ အလုပ်သမားညွှန်ကြားရေးမှူးရုံးအထိချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း စက်ချုပ်လုပ်သားမသန္တာဖြိုးက အကုန်သိသတင်းဌာနသို့ပြောသည်။

“ ညီမတို့နဲ့အလုပ်သမားရုံးမှာချုပ်ထားတဲ့ နှစ်ဖက်သဘောတူစာချုပ်ကိုချိုးဖောက်တယ်။ ပထမက စာချုပ်ပါအချက်တွေကို ညှိနှိုင်းနေတာ။အထည်ကြေးပေးဖို့ကအစပေါ့။အဲဒီလိုလုပ်နေရင်းက ဒီနေ့မှာ စက်ရုံပိတ်သိမ်းတယ်ဆိုပြီးလုပ်လိုက်တယ်။ အဲဒါကိုညီမတို့ကမကျေနပ်လို့ဆန္ဒထုတ်ဖော်ခြင်းဖြစ်တယ်။ အခုလည်းဒီကိစ္စကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံတင်ပြသွားမယ်။အခုဝန်ကြီးချုပ်ရုံးကိုသွားနေတယ်” ဟု မသန္တာဖြိုးက ပြောသည်။

ffjjj

ဆန္ဒထုတ်ဖော်ရာတွင် မတရားသဖြင့်ဖြတ်တောက်ထားသည့်လစာများချက်ချင်းပေး ၊ ချုပ်ဆိုထားသော စာချုပ်များအသက်ဝင်ရေး ဒို့အရေး၊ နှစ်ဖက်သဘောတူစာချုပ်ပါအချက်များမလိုက်နာသည့်အလုပ်ရှင် အလိုမရှိ စသည်တို့ကြွေးကြော်ခဲ့ကြောင်းသိရသည်။

၎င်းအထည်ချုပ်စက်ရုံသည် စက်ရုံအမှတ်- ၁နှင့် ၂ ဟူ၍ ရှိပြီးစက်ရုံလုပ်သား ၄၀၀၀ ဦးခန့်ရှိကာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လကလည်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

 

 မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။