Skip to main content
ghhhh
Ads Block

ျမန္မာႏုိင္ငံမွာ ျပဳလုပ္ေနတဲ့ အလွမယ္ၿပိဳင္ပြဲတစ္ခုမွာ မေလးရွားႏုိင္ငံကုိ သမၼတႏုိင္ငံအျဖစ္ ေဖာ္ျပခဲ့လုိ ့ ျပင္းထန္စြာေ၀ဖန္ခံရ

            ရန္ကုန္ၿမိဳ႕မွာ တနလၤာေန ့(ႏုိ၀င္ဘာ ၄) ကစၿပီး ျပဳလုပ္ေနခဲ့တဲ့ အလွမယ္ၿပိဳင္ပြဲတစ္ခုမွာ သမၼတႏုိင္ငံမဟုတ္ဘဲ ရုိးရုိးရွင္းရွင္း မေလးရွားလုိ ့သာ တရား၀င္အမည္နာမရွိတဲ့ မေလးရွားႏုိင္ငံကုိ “ မေလးရွား သမၼတႏုိင္ငံ” လုိ ့ ရည္ညႊန္းေဖာ္ျပခဲ့တာေၾကာင့္ မေလးရွားႏုိင္ငံသားေတြက လူမႈကြန္ရက္ေပၚမွာ ေဒါသတႀကီး ေ၀ဖန္ခဲ့ၾကပါတယ္။

            Miss Crystal Angel International 2019 ၿပိဳင္ပြဲမွာ မေလးရွားက ၿပိဳင္ပြဲ၀င္ အလွမယ္ႏွစ္ဦး ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာမွာ တစ္ဦးက Miss Malaysia အမည္နဲ႕ ယွဥ္ၿပိဳင္ၿပီး ေနာက္တစ္ဦးကေတာ့ Miss Republic of Malaysia အမည္ေအာက္ကေန ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။

[jnj[j[

           ေနာက္ပုိင္းမွာ ၿပိဳင္ပြဲစီစဥ္သူေတြက ယင္း အသုံးအႏႈန္းအတြက္ ေတာင္းပန္ခဲ့ၿပီး အဂၤါေန ့က ၄င္းတုိ ့ရဲ႕ တရား၀င္ ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚရွိ Republic of Malaysia စာသားအားလုံးကုိ Borneo စာသား ေျပာင္းလဲခဲ့ပါတယ္။ Miss Crystal Angel International 2019 Myanmar အဖြဲ႕အစည္းရဲ႕ မိမိတုိ ့ ပြဲစဥ္စဥ္ေတြအေနနဲ႕  Republic of Malaysia အမည္ လြဲေခ်ာ္သုံးခဲ့တဲ့ အမွားအယြင္းအတြက္ မေလးရွားျပည္သူ ေတြကုိ ေတာင္းပန္လုိေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ ယခု အမွားအယြင္းဟာ မေလးရွား ၿပိဳင္ပြဲ၀င္ေတြရဲ႕ အမွားမဟုတ္ဘဲ မိမိတုိ ့ စီစဥ္သူေတြဘက္က အမွားသာျဖစ္ေၾကာင္းနဲ႕ နားလည္မႈေတြ လြဲမွားခဲ့ၾကတဲ့အတြက္ ထပ္မံေတာင္းပန္ပါေၾကာင္း ဆက္လက္ ေဖာ္ျပခဲ့ပါတယ္။

           သမၼတႏုိင္ငံဆုိတာဟာ လူထုက ၄င္းတုိ ့ေရြးခ်ယ္ေပးလုိက္တဲ့ ကုိယ္စားလွယ္ေတြက တဆင့္ အုပ္ခ်ဳပ္တဲ့ အစုိးရပုံစံတစ္ခုျဖစ္ၿပီး အရုိက္အရာဆက္ခံရတဲ့ ဘုရင္စနစ္ပုံစံမ်ဳိး မဟုတ္ပါဘူး။ မေလးရွားဟာ ဖက္ဒရယ္ ဖြဲ႕စည္းပုံဥပေဒ ဘုရင္စနစ္နဲ႕ ပါလီမန္ဒီမုိကေရစီ ႏုိင္ငံတစ္ခုျဖစ္ပါတယ္။ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ အလွည့္က် ဘုရင္စနစ္ က်င့္သုံးပါတယ္။ ၁၉၅၇ ခုႏွစ္က ၿဗိတိန္ထံမွ လြတ္လပ္ေရးရၿပီး ေနာက္ပုိင္းမွစကာ ႏုိင္ငံရဲ႕မေလး ေတာ္၀င္မိသားစု ၉ စု ထဲမွ တစ္ဦးဦးကုိ တုိင္းျပည္အႀကီးအကဲအျဖစ္ ေရြးခ်ယ္ရေၾကာင္း သိရပါတယ္။

          ပြဲစီစဥ္သူေတြက ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ေတာင္းပန္ခဲ့ေပမယ့္ အလွမယ္အဖြဲ႕အစည္းအေပၚ မေလးရွားႏုိင္ငံသားေတြရဲ႕ ေ၀ဖန္မႈေတြ ဆက္လက္ေပၚေပါက္ေနဆဲျဖစ္ပါတယ္။

[j[k

            “ခင္ဗ်ားတုိ ့ရဲ႕ Republic of Malaysia ဆုိတဲ့ အသုံးအရ ေလးစားမႈကင္းမဲ့ၿပီး စီမံခန္ ့ခြဲမႈ ညံ့ဖ်င္းသလုိ ယင္းအစား BORNEO အမည္ကုိ အစားသြင္း ေျပာင္းလိုက္သတဲ့လား။ တတိယတန္း အဆင့္ထက္ေတာင္  နိမ္ ့တဲ့ ခင္ဗ်ားတုိ ့ရဲ႕ အသိပညာဟာ ရွက္စရာပဲ’ လုိ ့ Shah Borhan အမည္ရ လူမႈကြန္ရက္ အသုံးျပဳသူတစ္ဦးက ေ၀ဖန္ခဲ့ပါတယ္။ အခ်ဳိ႕ကေတာ့ Borneo ဆုိတာ ႏုိင္ငံတစ္ခုမဟုတ္ဘဲ မေလးရွား၊ ဘရူႏူိင္းနဲ႕ အင္ဒုိနီးရွားတုိ ့ မွ်ေ၀ပုိင္ဆုိင္တဲ့ ကၽြန္းတစ္ကၽြန္းဆုိတာ မသိရေကာင္းလားလုိ ့ ပြဲစီစဥ္သူကုိ ေလွာင္ေျပာင္ခဲ့ပါတယ္။ ဒါ့အျပင္ Republic of Malaysia အမည္ေအာက္က ၀င္ေရာက္ယွဥ္ၿပိဳင္တဲ့ ၿပိဳင္ပြဲ၀င္ အလွမယ္ကုိ အျပစ္တင္သူေတြလည္း ရွိခဲ့ပါတယ္။

           ၿပိဳင္ပြဲ၀င္ အလွမယ္ မိတ္ဆက္တာကုိ မိမိ ေစာင့္ၾကည့္ခဲ့ရာမွာ အလွမယ္က သူ႕ကုိယ္သူ Republic of Malaysia မွလုိ ့ မိတ္ဆက္ခဲ့ေၾကာင္း သူ ေျပာပုံအရ မေလးရွားဟာ သမၼတႏုိင္ငံတစ္ခုလုိ ျဖစ္ေနၿပီး ဒါဟာ မွားယြင္းေၾကာင္း Mazita Na Mohamad Yusop ဆုိသူက ေျပာခဲ့ပါတယ္။

ကုိလင္း (အကုန္သိ သတင္းဌာန)       The Straits Times

 

 

Unicode Version

 

မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ အလှမယ်ပြိုင်ပွဲတစ်ခုမှာ မလေးရှားနိုင်ငံကို သမ္မတနိုင်ငံအဖြစ် ဖော်ပြခဲ့လို့ ပြင်းထန်စွာဝေဖန်ခံရ

            ရန်ကုန်မြို့မှာ တနင်္လာနေ့(နိုဝင်ဘာ ၄) ကစပြီး ပြုလုပ်နေခဲ့တဲ့ အလှမယ်ပြိုင်ပွဲတစ်ခုမှာ သမ္မတနိုင်ငံမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း မလေးရှားလို့သာ တရားဝင်အမည်နာမရှိတဲ့ မလေးရှားနိုင်ငံကို “ မလေးရှား သမ္မတနိုင်ငံ” လို့ ရည်ညွှန်းဖော်ပြခဲ့တာကြောင့် မလေးရှားနိုင်ငံသားတွေက လူမှုကွန်ရက်ပေါ်မှာ ဒေါသတကြီး ဝေဖန်ခဲ့ကြပါတယ်။

            Miss Crystal Angel International 2019 ပြိုင်ပွဲမှာ မလေးရှားက ပြိုင်ပွဲဝင် အလှမယ်နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ တစ်ဦးက Miss Malaysia အမည်နဲ့ ယှဉ်ပြိုင်ပြီး နောက်တစ်ဦးကတော့ Miss Republic of Malaysia အမည်အောက်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

           နောက်ပိုင်းမှာ ပြိုင်ပွဲစီစဉ်သူတွေက ယင်း အသုံးအနှုန်းအတွက် တောင်းပန်ခဲ့ပြီး အင်္ဂါနေ့က ၎င်းတို့ရဲ့ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာပေါ်ရှိ Republic of Malaysia စာသားအားလုံးကို Borneo စာသား ပြောင်းလဲခဲ့ပါတယ်။ Miss Crystal Angel International 2019 Myanmar အဖွဲ့အစည်းရဲ့ မိမိတို့ ပွဲစဉ်စဉ်တွေအနေနဲ့  Republic of Malaysia အမည် လွဲချော်သုံးခဲ့တဲ့ အမှားအယွင်းအတွက် မလေးရှားပြည်သူ တွေကို တောင်းပန်လိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ယခု အမှားအယွင်းဟာ မလေးရှား ပြိုင်ပွဲဝင်တွေရဲ့ အမှားမဟုတ်ဘဲ မိမိတို့ စီစဉ်သူတွေဘက်က အမှားသာဖြစ်ကြောင်းနဲ့ နားလည်မှုတွေ လွဲမှားခဲ့ကြတဲ့အတွက် ထပ်မံတောင်းပန်ပါကြောင်း ဆက်လက် ဖော်ပြခဲ့ပါတယ်။

           သမ္မတနိုင်ငံဆိုတာဟာ လူထုက ၎င်းတို့ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေက တဆင့် အုပ်ချုပ်တဲ့ အစိုးရပုံစံတစ်ခုဖြစ်ပြီး အရိုက်အရာဆက်ခံရတဲ့ ဘုရင်စနစ်ပုံစံမျိုး မဟုတ်ပါဘူး။ မလေးရှားဟာ ဖက်ဒရယ် ဖွဲ့စည်းပုံဥပဒေ ဘုရင်စနစ်နဲ့ ပါလီမန်ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အလှည့်ကျ ဘုရင်စနစ် ကျင့်သုံးပါတယ်။ ၁၉၅၇ ခုနှစ်က ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှစကာ နိုင်ငံရဲ့မလေး တော်ဝင်မိသားစု ၉ စု ထဲမှ တစ်ဦးဦးကို တိုင်းပြည်အကြီးအကဲအဖြစ် ရွေးချယ်ရကြောင်း သိရပါတယ်။

          ပွဲစီစဉ်သူတွေက ဖေ့စ်ဘုတ်စာမျက်နှာကနေ တောင်းပန်ခဲ့ပေမယ့် အလှမယ်အဖွဲ့အစည်းအပေါ် မလေးရှားနိုင်ငံသားတွေရဲ့ ဝေဖန်မှုတွေ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။

            “ခင်ဗျားတို့ရဲ့ Republic of Malaysia ဆိုတဲ့ အသုံးအရ လေးစားမှုကင်းမဲ့ပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းသလို ယင်းအစား BORNEO အမည်ကို အစားသွင်း ပြောင်းလိုက်သတဲ့လား။ တတိယတန်း အဆင့်ထက်တောင်  နိမ့်တဲ့ ခင်ဗျားတို့ရဲ့ အသိပညာဟာ ရှက်စရာပဲ’ လို့ Shah Borhan အမည်ရ လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ဝေဖန်ခဲ့ပါတယ်။ အချို့ကတော့ Borneo ဆိုတာ နိုင်ငံတစ်ခုမဟုတ်ဘဲ မလေးရှား၊ ဘရူနိူင်းနဲ့ အင်ဒိုနီးရှားတို့ မျှဝေပိုင်ဆိုင်တဲ့ ကျွန်းတစ်ကျွန်းဆိုတာ မသိရကောင်းလားလို့ ပွဲစီစဉ်သူကို လှောင်ပြောင်ခဲ့ပါတယ်။ ဒါ့အပြင် Republic of Malaysia အမည်အောက်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် အလှမယ်ကို အပြစ်တင်သူတွေလည်း ရှိခဲ့ပါတယ်။

           ပြိုင်ပွဲဝင် အလှမယ် မိတ်ဆက်တာကို မိမိ စောင့်ကြည့်ခဲ့ရာမှာ အလှမယ်က သူ့ကိုယ်သူ Republic of Malaysia မှလို့ မိတ်ဆက်ခဲ့ကြောင်း သူ ပြောပုံအရ မလေးရှားဟာ သမ္မတနိုင်ငံတစ်ခုလို ဖြစ်နေပြီး ဒါဟာ မှားယွင်းကြောင်း Mazita Na Mohamad Yusop ဆိုသူက ပြောခဲ့ပါတယ်။

ကိုလင်း (အကုန်သိ သတင်းဌာန)       The Straits Times

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။