Skip to main content
tkkiki
Ads Block

YUPT ကုမၸဏီျပႆနာမ်ားႏွင့္ပတ္သက္ၿပီး ရွယ္ယာရွင္မ်ား၏ဆႏၵအတိုင္းေဆာင္ရြက္ေပးမည္ဟု ဆို

YUPT အမ်ားပိုင္ကုမၸဏီ၏ ဒါရိုက္တာသစ္ေရြးခ်ယ္တင္ေျမွာက္မႈအပါအဝင္ အျမတ္ေငြခြဲေဝရယူျခင္းႏွင့္ ပတ္သက္၍ ရွယ္ယာရွင္မ်ား၏ သေဘာထားဆႏၵအတိုင္းေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း YRTA မွ တြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္က ေျပာသည္။

fmktyj

YRTA ရံုးတြင္ ႏိုဝင္ဘာလ ၆ ရက္ကက်င္းပသည့္ အပတ္စဥ္ သတင္းစာရွင္းလင္းပြဲ၌ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ YUPT အမ်ားပိုင္ယာဥ္လိုင္ကုမၸဏီမွာ ပါဝင္တဲ့ရွယ္ယာရွင္ေတြဟာ မထသစနစ္က ယာဥ္ပိုင္ရွင္ေတြ အမ်ားဆံုးပါဝင္ပါတယ္။ ရွယ္ယာထည့္ခဲ့တဲ့အခ်ိန္တုန္းက ၂ ႏွစ္ေနရင္ဘယ္ေလာက္၊ ၃ ႏွစ္ေနရင္ ဘယ္ေလာက္၊ ၅ ႏွစ္ဆိုရင္ဘယ္ေလာက္ဆိုတဲ့အျမတ္ေငြကိုေပးမယ္ဆိုၿပီး ေျပာခဲ့တယ္။ ဒါေပမဲ့ ေမွ်ာ္မွန္းထားတဲ့ျဖစ္မလာခဲ့ေတာ့ မေက်လည္တာေတြျဖစ္ကုန္ၾကတယ္။ အဲဒီေန႔မွာ ျဖစ္ခဲ့တဲ့ျဖစ္စဥ္ေပၚ မူတည္ၿပီး ရွယ္ယာရွင္ေတြရဲ႕ တကယ့္သေဘာထားအမွန္ဆႏၵကို ေတာင္းထားတယ္။ ဒီရက္ပိုင္းအတြင္း အေၾကာင္းျပန္ေပးဖို႔ေျပာထားတယ္။ သူတို႔တင္ျပလာတာနဲ႔တၿပိဳင္နက္တည္းမွာပဲ သူတို႔ရဲ႕ သေဘာဆႏၵအတိုင္း ေဆာင္ရြက္ေပးသြားမယ္”ဟု YRTA မွ တြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္က ေျပာသည္။

bdfbdbhdfbh

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၃၀ ရက္က ဂႏၶာမာဟုိးေဆးတြင္ က်င္းပျပဳလုပ္ခဲ့သည့္ YUPT ႏွစ္ပတ္လည္ အစည္းအေ၀းႏွင့္ဒါရုိက္တာသစ္ေရြးခ်ယ္ပြဲအခမ္းအနားတြင္ ရွယ္ယာရွင္မ်ားႏွင့္ သေဘာထားကြဲလြဲမႈရွိခဲ့သျဖင့္ YRTA ဥကၠ႒ ဝန္ႀကီးေဒၚနီလာေက်ာ္က ရွယ္ယာရွင္မ်ားႏွင့္ ႏိုဝင္ဘာ ၁ ရက္တြင္ ေတြ႔ဆံုေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တုိ႔ကုမၸဏီဟာ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္မွာ ရႈံးတယ္လုိ႔ ေျပာရေပမဲ့ တန္ဖုိးေလွ်ာ့ႏႈန္းထားေၾကာင့္ အရႈံးေပၚရျခင္းျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႔ကုမၸဏီအေနနဲ႔ ၁၉-၂၀ ဘ႑ာေရးႏွစ္မွာ ဘတ္ဂ်က္ႏွစ္ေရးဆြဲၿပီးေတာ့ ဘတ္ဂ်က္နဲ႔အညီဝင္ေငြေတြမွန္ကန္စြာရရွိေရး ၊ အသုံးစရိတ္မွန္ကန္ေရးတုိ႔ကုိ စိစစ္ႏုိင္တဲ့အတြက္ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္မွာ အရႈံးအျမတ္ကုိ အရႈံးမရွိေအာင္ ဦးစားေပးေဆာင္ရြက္ေနပါတယ္’’ဟု YUPT ဥကၠ႒ ဦးေဇာ္ထြန္းက ေျပာၾကားထားသည္။

ယင္းျဖစ္စဥ္ေၾကာင့္ YUPT ၏ယာဥ္လိုင္းဝန္ေဆာင္မႈကို ယခုထက္နိမ့္ပါးသြားျခင္းမရွိေစရန္ YRTA မွ ေဆာင္ရြက္ရန္လ်ာထားၿပီး လက္ရွိေျပးဆြဲေနသည့္ယာဥ္လိုင္းကုမၸဏီမ်ားအနက္ ယာဥ္အစီးေရအမ်ားဆံုးျဖင့္ ခရီးသည္ဝန္ေဆာင္မႈေပးေနေၾကာင္း သိရသည္။

 

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

 

Unicode Version

 

 

YUPT ကုမ္ပဏီပြဿနာများနှင့်ပတ်သက်ပြီး ရှယ်ယာရှင်များ၏ဆန္ဒအတိုင်းဆောင်ရွက်ပေးမည်ဟု ဆို

 

YUPT အများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာသစ်ရွေးချယ်တင်မြှောက်မှုအပါအဝင် အမြတ်ငွေခွဲဝေရယူခြင်းနှင့် ပတ်သက်၍ ရှယ်ယာရှင်များ၏ သဘောထားဆန္ဒအတိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

YRTA ရုံးတွင် နိုဝင်ဘာလ ၆ ရက်ကကျင်းပသည့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ YUPT အများပိုင်ယာဉ်လိုင်ကုမ္ပဏီမှာ ပါဝင်တဲ့ရှယ်ယာရှင်တွေဟာ မထသစနစ်က ယာဉ်ပိုင်ရှင်တွေ အများဆုံးပါဝင်ပါတယ်။ ရှယ်ယာထည့်ခဲ့တဲ့အချိန်တုန်းက ၂ နှစ်နေရင်ဘယ်လောက်၊ ၃ နှစ်နေရင် ဘယ်လောက်၊ ၅ နှစ်ဆိုရင်ဘယ်လောက်ဆိုတဲ့အမြတ်ငွေကိုပေးမယ်ဆိုပြီး ပြောခဲ့တယ်။ ဒါပေမဲ့ မျှော်မှန်းထားတဲ့ဖြစ်မလာခဲ့တော့ မကျေလည်တာတွေဖြစ်ကုန်ကြတယ်။ အဲဒီနေ့မှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ပေါ် မူတည်ပြီး ရှယ်ယာရှင်တွေရဲ့ တကယ့်သဘောထားအမှန်ဆန္ဒကို တောင်းထားတယ်။ ဒီရက်ပိုင်းအတွင်း အကြောင်းပြန်ပေးဖို့ပြောထားတယ်။ သူတို့တင်ပြလာတာနဲ့တပြိုင်နက်တည်းမှာပဲ သူတို့ရဲ့ သဘောဆန္ဒအတိုင်း ဆောင်ရွက်ပေးသွားမယ်”ဟု YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်က ဂန္ဓာမာဟိုးဆေးတွင် ကျင်းပပြုလုပ်ခဲ့သည့် YUPT နှစ်ပတ်လည် အစည်းအဝေးနှင့်ဒါရိုက်တာသစ်ရွေးချယ်ပွဲအခမ်းအနားတွင် ရှယ်ယာရှင်များနှင့် သဘောထားကွဲလွဲမှုရှိခဲ့သဖြင့် YRTA ဥက္ကဋ္ဌ ဝန်ကြီးဒေါ်နီလာကျော်က ရှယ်ယာရှင်များနှင့် နိုဝင်ဘာ ၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကုမ္ပဏီဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ရှုံးတယ်လို့ ပြောရပေမဲ့ တန်ဖိုးလျှော့နှုန်းထားကြောင့် အရှုံးပေါ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက်နှစ်ရေးဆွဲပြီးတော့ ဘတ်ဂျက်နဲ့အညီဝင်ငွေတွေမှန်ကန်စွာရရှိရေး ၊ အသုံးစရိတ်မှန်ကန်ရေးတို့ကို စိစစ်နိုင်တဲ့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ အရှုံးအမြတ်ကို အရှုံးမရှိအောင် ဦးစားပေးဆောင်ရွက်နေပါတယ်’’ဟု YUPT ဥက္ကဋ္ဌ ဦးဇော်ထွန်းက ပြောကြားထားသည်။

ယင်းဖြစ်စဉ်ကြောင့် YUPT ၏ယာဉ်လိုင်းဝန်ဆောင်မှုကို ယခုထက်နိမ့်ပါးသွားခြင်းမရှိစေရန် YRTA မှ ဆောင်ရွက်ရန်လျာထားပြီး လက်ရှိပြေးဆွဲနေသည့်ယာဉ်လိုင်းကုမ္ပဏီများအနက် ယာဉ်အစီးရေအများဆုံးဖြင့် ခရီးသည်ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

 စုသက်နှင်း(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။