Skip to main content
v xbbbnn
Ads Block

မကၠဆီကုိမွာ အေမရိကန္ မိသားစု၀င္ ၉ ဦး တုိက္ခုိက္သတ္ျဖတ္ခံရ၊ မူးယစ္ဂုိဏ္းေတြကုိ ႏွစ္ႏုိင္ငံ ပူးေပါင္းႏွိမ္နင္းဖုိ ့ ထရန္ ့ တုိက္တြန္း

            မကၠဆီကုိႏုိင္ငံမွာ ေသနတ္သမားတစ္စုရဲ႕ ၿခဳံခုိတုိက္ခုိက္မႈေၾကာင့္ အေမရိကန္ အမ်ဳိးသမီးနဲ႕ ကေလး ၉ ဦး ေသဆုံးခဲ့ၿပီး ႏွစ္မ်ားစြာအတြင္း အေမရိကန္ေတြ ေသြးေျမက်မႈအမ်ားဆုံး တုိက္ခုိက္မႈ ျဖစ္ခဲ့ပါတယ္။ ယခု တုိက္ခုိက္မႈကုိ လုပ္ေဆာင္ခဲ့တယ္လုိ ့ ယုံၾကည္ရတဲ့ မူးယစ္ေဆး၀ါးဂုိဏ္းေတြကုိ ေခ်မႈန္းဖုိ ့အတြက္ အိမ္နီးခ်င္းႏုိင္ငံကုိ အကူအညီေပးသြားမယ္လုိ ့ အေမရိကန္သမၼတ ေဒၚနယ္ထရန္ ့က ကမ္းလွမ္းခဲ့ပါတယ္။

djfjj

             ခ်ီဟြာဟြာနဲ႕ ဆြန္ႏုိရာ ျပည္နယ္အၾကား နယ္စပ္တစ္ေနရာမွာ တနလၤာေန႕ ေန႕ခင္းေၾကာင္ေတာင္ အခ်ိန္မွာပဲ SUV ကားေတြနဲ႕ ခရီးသြားေနတဲ့ ၄င္းတုိ႕ေတြ တုိက္ခုိက္ခံခဲ့ရတာျဖစ္ၿပီး ေသဆုံးခဲ့သူ ၉ ဦးဟာ မကၠဆီကုိ-အေမရိကန္ႏုိင္ငံသားေတြျဖစ္တဲ့ LeBaron၊ Langford၊ Miller နဲ႕ Johnson ဆုိတဲ့ မိသားစုေတြက ဆင္းသက္လာသူေတြျဖစ္ကာ မကၠဆီကုိ ေျမာက္ပုိင္း ေတာင္ကုန္းနဲ႕ လြင္ျပင္ေဒသေတြမွာ ဆယ္စုႏွစ္ေတြခ်ီ ေနထုိင္ေနခဲ့တဲ့ Mormon ဘာသာေရးအသုိင္းအ၀ုိင္းက လူေတြျဖစ္ပါတယ္။

ulkyukyku

               လူမႈကြန္ရက္ေပၚ တင္ခဲ့တဲ့ ဗီဒီယုိဖုိင္တစ္ခုမွာေတာ့ ေသဆုံးခဲ့သူေတြထဲက အခ်ဳိ ့လုိက္ပါ လာတယ္လုိ ့ ယူဆရတဲ့ ကားတစ္စီးဟာ က်ည္ဆန္ရာေတြနဲ႕အတူ မီးကၽြမ္းၿပီး အခုိးအေငြ႕ေတြ ထြက္ေနတာ ေတြ႕ရပါတယ္။

           နီတာနဲ႕ မိမိရဲ႕ ေျမးေလးဦး ေသနတ္ပစ္ခံရၿပီး မီးေလာင္ေသဆုံးခဲ့ေၾကာင္း ေသဆုံးခဲ့တဲ့ အမ်ဳိးသမီးသုံးဦးထဲက ရုိနီတာ လီဘာရြန္ဆုိသူကုိ ရည္ညႊန္းကာ အမ်ဳိးသားတစ္ဦးက ယင္း ဗီဒီယုိဖုိင္မွာ ေျပာဆုိထားပါတယ္။ ဒါ့အျပင္ ဂ်ဴလီယန္ လီဘရြန္ မိသားစု၀င္တစ္ဦးကလည္း အခင္းျဖစ္ရပ္ဟာ ရက္စက္ၾကမ္းၾကဳတ္တဲ့ သတ္ျဖတ္မႈျဖစ္ၿပီး အခ်ဳိ႕မိသားစု၀င္ေတြဟာ အရွင္လတ္လတ္ မီးေလာင္ခံ ခဲ့ရတယ္လုိ ့ ဆုိခဲ့ပါတယ္။

[pp[[[

              ေသဆုံးခဲ့တဲ့ ၉ ဦးမွာ ေယာက္်ားေလး ေလးဦး၊ မိန္းကေလး ၂ ဦးနဲ႕ အမ်ဳိးသမီး သုံးဦး တုိ ့ျဖစ္ေၾကာင္း ၄င္းက ရုိက္တာသတင္းကုိ ေျပာဆုိပါတယ္။ တုိက္ခုိက္မႈျဖစ္ခ်ိန္မွာ ကားေတြေပၚက ကေလး မ်ားစြာ ထြက္ေျပးခဲ့ၾကၿ႔ပီး နာရီအေတာ္ၾကာ ေပ်ာက္ဆုံးေနခဲ့ေပမယ့္ ေနာက္ပုိင္းမွာ ျပန္ေတြ႕ခဲ့ေၾကာင္းနဲ႕ ဘာေၾကာင့္ အခုလုိ တုိက္ခုိက္ရတယ္ဆုိတာ မသိရေၾကာင္းလည္း ၄င္းက ေျပာပါတယ္။

              မကၠဆီကုိ လုံၿခဳံေရး ၀န္ႀကီး အယ္ဖြန္ဆုိ ဒူရာဇုိကေတာ့ အခင္းျဖစ္ဧရိယာဟာ မူးယစ္ေဆး၀ါး ဂုိဏ္းေတြအၾကား အၾကမ္းဖက္တုိက္ခုိက္မႈေတြ ျဖစ္ပြားေလ့ရွိရာ ေနရာတစ္ခုျဖစ္ၿပီး ယခု တုိက္ခုိက္မႈဟာ မွားယြင္းတုိက္ခုိက္မႈျဖစ္ႏုိင္ေၾကာင္း သုံးသပ္ေျပာဆုိခဲ့ပါတယ္။

ကုိလင္း (အကုန္သိ သတင္းဌာန)       Reuters

 

Unicode Version

မက္ကဆီကိုမှာ အမေရိကန် မိသားစုဝင် ၉ ဦး တိုက်ခိုက်သတ်ဖြတ်ခံရ၊ မူးယစ်ဂိုဏ်းတွေကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းဖို့ ထရန့် တိုက်တွန်း 

            မက္ကဆီကိုနိုင်ငံမှာ သေနတ်သမားတစ်စုရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် အမေရိကန် အမျိုးသမီးနဲ့ ကလေး ၉ ဦး သေဆုံးခဲ့ပြီး နှစ်များစွာအတွင်း အမေရိကန်တွေ သွေးမြေကျမှုအများဆုံး တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။ ယခု တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်ရတဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ချေမှုန်းဖို့အတွက် အိမ်နီးချင်းနိုင်ငံကို အကူအညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကမ်းလှမ်းခဲ့ပါတယ်။

pbppppp

             ချီဟွာဟွာနဲ့ ဆွန်နိုရာ ပြည်နယ်အကြား နယ်စပ်တစ်နေရာမှာ တနင်္လာနေ့ နေ့ခင်းကြောင်တောင် အချိန်မှာပဲ SUV ကားတွေနဲ့ ခရီးသွားနေတဲ့ ၎င်းတို့တွေ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး သေဆုံးခဲ့သူ ၉ ဦးဟာ မက္ကဆီကို-အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ LeBaron၊ Langford၊ Miller နဲ့ Johnson ဆိုတဲ့ မိသားစုတွေက ဆင်းသက်လာသူတွေဖြစ်ကာ မက္ကဆီကို မြောက်ပိုင်း တောင်ကုန်းနဲ့ လွင်ပြင်ဒေသတွေမှာ ဆယ်စုနှစ်တွေချီ နေထိုင်နေခဲ့တဲ့ Mormon ဘာသာရေးအသိုင်းအဝိုင်းက လူတွေဖြစ်ပါတယ်။

               လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာတော့ သေဆုံးခဲ့သူတွေထဲက အချို့လိုက်ပါ လာတယ်လို့ ယူဆရတဲ့ ကားတစ်စီးဟာ ကျည်ဆန်ရာတွေနဲ့အတူ မီးကျွမ်းပြီး အခိုးအငွေ့တွေ ထွက်နေတာ တွေ့ရပါတယ်။

           နီတာနဲ့ မိမိရဲ့ မြေးလေးဦး သေနတ်ပစ်ခံရပြီး မီးလောင်သေဆုံးခဲ့ကြောင်း သေဆုံးခဲ့တဲ့ အမျိုးသမီးသုံးဦးထဲက ရိုနီတာ လီဘာရွန်ဆိုသူကို ရည်ညွှန်းကာ အမျိုးသားတစ်ဦးက ယင်း ဗီဒီယိုဖိုင်မှာ ပြောဆိုထားပါတယ်။ ဒါ့အပြင် ဂျူလီယန် လီဘရွန် မိသားစုဝင်တစ်ဦးကလည်း အခင်းဖြစ်ရပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုဖြစ်ပြီး အချို့မိသားစုဝင်တွေဟာ အရှင်လတ်လတ် မီးလောင်ခံ ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

              သေဆုံးခဲ့တဲ့ ၉ ဦးမှာ ယောက်ျားလေး လေးဦး၊ မိန်းကလေး ၂ ဦးနဲ့ အမျိုးသမီး သုံးဦး တို့ဖြစ်ကြောင်း ၎င်းက ရိုက်တာသတင်းကို ပြောဆိုပါတယ်။ တိုက်ခိုက်မှုဖြစ်ချိန်မှာ ကားတွေပေါ်က ကလေး များစွာ ထွက်ပြေးခဲ့ကြြ့ပီး နာရီအတော်ကြာ ပျောက်ဆုံးနေခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်တွေ့ခဲ့ကြောင်းနဲ့ ဘာကြောင့် အခုလို တိုက်ခိုက်ရတယ်ဆိုတာ မသိရကြောင်းလည်း ၎င်းက ပြောပါတယ်။ 

              မက္ကဆီကို လုံခြုံရေး ဝန်ကြီး အယ်ဖွန်ဆို ဒူရာဇိုကတော့ အခင်းဖြစ်ဧရိယာဟာ မူးယစ်ဆေးဝါး ဂိုဏ်းတွေအကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိရာ နေရာတစ်ခုဖြစ်ပြီး ယခု တိုက်ခိုက်မှုဟာ မှားယွင်းတိုက်ခိုက်မှုဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

ကိုလင်း (အကုန်သိ သတင်းဌာန)       Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။