Skip to main content
dejrjt
Ads Block
rrjj
jrjrjj
Unicode Version
အခြားနိုင်ငံများက မြန်မာနိုင်ငံကို ဆရာကြီးလုပ်ချင်နေကြကြောင်း သူရဦးရွှေမန်း ပြော
ယနေ့အခြေအနေတွင် အခြားနိုင်ငံများက မြန်မာနိုင်ငံကို အထင်အမြင်သေးရုံသာမက ဆရာကြီးလုပ်ချင်နေကြကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်နိုဝင်ဘာလ ၅ ရက်ကကျင်းပသည့် ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီဝင်များအပါအဝင်ဒေသခံများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
dtyki6tiik6
“ ဒီနေ့တော့ ကျွန်တော်တို့နိုင်ငံဟာဘယ်လိုဖြစ်နေလဲ။ ဒီအခြေအနေကိုလွန်မြောက်အောင်လုပ်ဖို့လိုတယ်။ သူများနိုင်ငံက ကိုယ့်ကိုအထင်သေးအမြင်သေးရုံတင်မကဘူး။ ကြိုးကိုင်ချင်တယ်။ ခြယ်လှယ်ချင်တယ်။ ဆရာကြီးတွေလုပ်ချင်တယ်”ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။
မြန်မာနိုင်ငံသည် လူဦးရေအင်အားအလွန်များပြားလှသော တရုတ်၊အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် စသည့် အိမ်နီးချင်းနိုင်ငံများနှင့်နယ်နိမိတ်နီးကပ်စွာထိကပ်နေပြီး လက်ရှိတွင် ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာမှ ဖိအားပေးတောင်းဆိုမှုများလည်းရှိနေသည်။
မြန်မာနိုင်ငံသည် အကျယ်အဝန်းစတုရန်းမိုင် ၂၆၁၂၂၇ ရှိပြီး လူဦးရေ ၅၃ သန်းကျော်နေထိုင်ကြောင်း သိရသည်။
 မင်းသီဟန်(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။