Skip to main content
rjuujuj
Ads Block

ျမန္မာေဘာလံုးအသင္းမ်ား၏ နည္းစနစ္ပိုင္းေအာင္မွတ္ပင္မရေသးဟု ဆို

ျမန္မာ့လက္ေရြးစင္ေဘာလံုးအသင္းမ်ား၏နည္းစနစ္ပိုင္းမွာ ေအာင္မွတ္ပင္မရေသးေၾကာင္း ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္၊ နည္းစနစ္ေကာ္မတီဥကၠ႒ ဦးသန္းတိုးေအာင္က သံုးသပ္ေျပာၾကားလိုက္သည္။

လက္ရွိတြင္ ျမန္မာ့လက္ေရြးစင္ေဘာလံုးအသင္းမ်ားအေနျဖင့္ ၿပိဳင္ပြဲစံုမ်ားတြင္ နည္းစနစ္ပိုင္း အားနည္းေနသည့္အေပၚ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။

“ကၽြန္ေတာ္တို႔အသင္းေတြကရသင့္တဲ့ဂိုးေတြမရလိုက္တာရယ္၊ မေပးသင့္တဲ့ဂိုးေတြေပးလိုက္ရတာရယ္ေၾကာင့္ ၿပိဳင္ပြဲေတြမွာထိုက္သင့္တဲ့ေအာင္ျမင္မႈမ်ိဳးမရတာပါ။ အဓိကကဂိုးသြင္းဖို႕ထက္ ဂိုးဖန္တီးမႈနည္းစနစ္ပိုင္းမွာ ေတာ္ေတာ္အားနည္းပါတယ္။ ေတာင္ပံေတြကထိုးေဖာက္ကစားမႈလည္းအားနည္းၿပီး အလယ္ကေန ၀မ္းတူးရုိက္ၿပီးထိုးေဖာက္ကစားမႈလည္းအရမ္းအားနည္းေနေသးတယ္။ မဂိုးတာကိုကၽြန္ေတာ္အျပစ္မေျပာဘူး။ ဂိုးကိုရေအာင္ဖန္တီးၿပီးကစားတာကိုပဲလိုခ်င္တာပါ။ ဒါေၾကာင့္ေျပာရမယ္ဆိုရင္ ျမန္မာအသင္းေတြဟာ နည္းစနစ္ပိုင္းမွာေအာင္မွတ္ေတာင္မရေသးပါဘူး။”ဟု ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္၊ နည္းစနစ္ေကာ္မတီဥကၠ႒ ဦးသန္းတိုးေအာင္က ေျပာသည္။

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္အေနျဖင့္ နည္းစနစ္ပိုင္းမ်ားကို ေအာက္ေျခမွ ျပန္လည္တည္ေဆာက္ရန္ ဘယ္ဂ်ီယံႏိုင္ငံသားမစၥတာအဲရစ္အက္ဘရမ္ကိုေခၚယူထားၿပီး ၄င္းကို လူငယ္ဖြံ႕ၿဖိဳးေရးအစီအစဥ္မ်ားတြင္ တာ၀န္ေပးထားေၾကာင္း သိရသည္။

ျမန္မာလူငယ္ကစားသမားမ်ားႏွင့္ကိုက္ညီႏုိင္မည့္ကစားကြက္ျဖစ္ေသာ ၄-၃-၃ ကစားကြက္ကို အေျချပဳ သင္ၾကားေပးမည္ျဖစ္ေၾကာင္းမစၥတာအဲရစ္ကေျပာၾကားထားသည္။

လက္ရွိတြင္ ျမန္မာ့လက္ေရြးစင္အမ်ိဳးသားအသင္းသည္ ၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲႏွင့္ ၂၀၂၃ အာရွဖလားေျခစစ္ပြဲတို႔ကိုယွဥ္ၿပိဳင္ေနၿပီး ပြဲစဥ္ ၃ပြဲအထိ ယွဥ္ၿပိဳင္ကစားအၿပီးတြင္ ရမွတ္ရယူထားႏုိင္ျခင္း မရွိေသးေပ။

ျမန္မာအသင္းကိုနည္းျပခ်ဳပ္အျဖစ္ ဂ်ာမနီႏုိင္ငံသားမစၥတာအန္တိုနီေဟးက ျပန္လည္ကိုင္တြယ္ေနၿပီး ၄င္းမွာ ၿပီးခဲ့သည့္ အာဆီယံဆူဇူကီးဖလားၿပိဳင္ပြဲအၿပီးတြင္ ျမန္မာအသင္းႏွင့္ လမ္းခြဲခဲ့သူျဖစ္ကာ ျမန္မာႏုိင္ငံ ေဘာလံုးအဖြဲ႕ခ်ဳပ္က ၿပီးခဲ့သည့္ ေအာက္တိုဘာလတြင္ ျပန္လည္ခန္႔အပ္ခဲ့ျခင္းျဖစ္သည္။

ျမန္မာအသင္း၏နည္းစနစ္ပိုင္းႏွင့္ပတ္သက္ၿပီး နည္းျပခ်ဳပ္မွ သင့္ေလ်ာ္သလိုစီစဥ္ျခင္းျဖစ္ၿပီး၊ မိမိတို႔အေနျဖင့္ အႀကံဥာဏ္ေပးရုံသာတတ္ႏုိင္ေၾကာင္းဦးသန္တိုးေအာင္က ဆက္လက္ေျပာသည္။

ျမန္မာအသင္းကို ၂၀၂၃ အာရွဖလားၿပိဳင္ပြဲသို႕ ၀င္ေရာက္ယွဥ္ၿပိဳင္ႏုိင္ရန္ ေမွ်ာ္မွန္းထားၿပီး၊ ေဘာလံုးအဖြဲ႕ခ်ဳပ္ အေနျဖင့္ နည္းျပအန္တိုနီေဟးကို ျမန္မာယူ- ၂၃ အသင္းနည္းျပေဟာင္ ဦးၾကည္လြင္ႏွင့္ တြဲဖက္တာ၀န္ေပးထားျခင္းျဖစ္သည္။

အလားတူလူငယ္ၿပိဳင္ပြဲတြင္ ျမန္မာယူ- ၁၉ အမ်ိဳးသားအသင္းသည္ ၂၀၂၀ အာရွယူ -၁၉ ေျခစစ္ပြဲကို အိမ္ရွင္အျဖစ္ လက္ခံယွဥ္ၿပိဳင္ရမည္ျဖစ္ကာ အာရွအသင္းႀကီးမ်ားျဖစ္ေသာတရုတ္၊ ေတာင္ကိုရီးယားႏွင့္ ေဒသတြင္းၿပိဳင္ဘက္ျဖစ္ေသာစင္ကာပူအသင္းတို႔ႏွင့္ တစ္အုပ္စုတည္းက်ေရာက္ေနသည္။

ျမန္မာယူ-၁၉ အသင္းကို ဦးစိုးျမတ္မင္းကနည္းျပခ်ဳပ္အျဖစ္ တာ၀န္ယူထားၿပီး ယခုေျခစစ္ပြဲကို အေကာင္းဆံုး ႀကိဳးစားယွဥ္ၿပိဳင္မည္ဟုသတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားထားသည္။

 

 

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

 

Unicode Version

မြန်မာဘောလုံးအသင်းများ၏ နည်းစနစ်ပိုင်းအောင်မှတ်ပင်မရသေးဟု ဆို

 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၏နည်းစနစ်ပိုင်းမှာ အောင်မှတ်ပင်မရသေးကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုးအောင်က သုံးသပ်ပြောကြားလိုက်သည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများအနေဖြင့် ပြိုင်ပွဲစုံများတွင် နည်းစနစ်ပိုင်း အားနည်းနေသည့်အပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

“ကျွန်တော်တို့အသင်းတွေကရသင့်တဲ့ဂိုးတွေမရလိုက်တာရယ်၊ မပေးသင့်တဲ့ဂိုးတွေပေးလိုက်ရတာရယ်ကြောင့် ပြိုင်ပွဲတွေမှာထိုက်သင့်တဲ့အောင်မြင်မှုမျိုးမရတာပါ။ အဓိကကဂိုးသွင်းဖို့ထက် ဂိုးဖန်တီးမှုနည်းစနစ်ပိုင်းမှာ တော်တော်အားနည်းပါတယ်။ တောင်ပံတွေကထိုးဖောက်ကစားမှုလည်းအားနည်းပြီး အလယ်ကနေ ဝမ်းတူးရိုက်ပြီးထိုးဖောက်ကစားမှုလည်းအရမ်းအားနည်းနေသေးတယ်။ မဂိုးတာကိုကျွန်တော်အပြစ်မပြောဘူး။ ဂိုးကိုရအောင်ဖန်တီးပြီးကစားတာကိုပဲလိုချင်တာပါ။ ဒါကြောင့်ပြောရမယ်ဆိုရင် မြန်မာအသင်းတွေဟာ နည်းစနစ်ပိုင်းမှာအောင်မှတ်တောင်မရသေးပါဘူး။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုးအောင်က ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် နည်းစနစ်ပိုင်းများကို အောက်ခြေမှ ပြန်လည်တည်ဆောက်ရန် ဘယ်ဂျီယံနိုင်ငံသားမစ္စတာအဲရစ်အက်ဘရမ်ကိုခေါ်ယူထားပြီး ၎င်းကို လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များတွင် တာဝန်ပေးထားကြောင်း သိရသည်။

မြန်မာလူငယ်ကစားသမားများနှင့်ကိုက်ညီနိုင်မည့်ကစားကွက်ဖြစ်သော ၄-၃-၃ ကစားကွက်ကို အခြေပြု သင်ကြားပေးမည်ဖြစ်ကြောင်းမစ္စတာအဲရစ်ကပြောကြားထားသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲတို့ကိုယှဉ်ပြိုင်နေပြီး ပွဲစဉ် ၃ပွဲအထိ ယှဉ်ပြိုင်ကစားအပြီးတွင် ရမှတ်ရယူထားနိုင်ခြင်း မရှိသေးပေ။

မြန်မာအသင်းကိုနည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသားမစ္စတာအန်တိုနီဟေးက ပြန်လည်ကိုင်တွယ်နေပြီး ၎င်းမှာ ပြီးခဲ့သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအပြီးတွင် မြန်မာအသင်းနှင့် လမ်းခွဲခဲ့သူဖြစ်ကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့် အောက်တိုဘာလတွင် ပြန်လည်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်း၏နည်းစနစ်ပိုင်းနှင့်ပတ်သက်ပြီး နည်းပြချုပ်မှ သင့်လျော်သလိုစီစဉ်ခြင်းဖြစ်ပြီး၊ မိမိတို့အနေဖြင့် အကြံဉာဏ်ပေးရုံသာတတ်နိုင်ကြောင်းဦးသန်တိုးအောင်က ဆက်လက်ပြောသည်။

မြန်မာအသင်းကို ၂၀၂၃ အာရှဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မျှော်မှန်းထားပြီး၊ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် နည်းပြအန်တိုနီဟေးကို မြန်မာယူ- ၂၃ အသင်းနည်းပြဟောင် ဦးကြည်လွင်နှင့် တွဲဖက်တာဝန်ပေးထားခြင်းဖြစ်သည်။

အလားတူလူငယ်ပြိုင်ပွဲတွင် မြန်မာယူ- ၁၉ အမျိုးသားအသင်းသည် ၂၀၂၀ အာရှယူ -၁၉ ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံယှဉ်ပြိုင်ရမည်ဖြစ်ကာ အာရှအသင်းကြီးများဖြစ်သောတရုတ်၊ တောင်ကိုရီးယားနှင့် ဒေသတွင်းပြိုင်ဘက်ဖြစ်သောစင်ကာပူအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။

မြန်မာယူ-၁၉ အသင်းကို ဦးစိုးမြတ်မင်းကနည်းပြချုပ်အဖြစ် တာဝန်ယူထားပြီး ယခုခြေစစ်ပွဲကို အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်မည်ဟုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

 ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။