Skip to main content
္ိ့နိ့အမ့
Ads Block

တုိင္းရင္းသားအခ်င္းခ်င္းစည္းလုံးညီညြတ္မႈၿပဳိကြဲပါက သူတစ္ပါး၏ ၀ါးၿမဳိျခင္းကုိခံရတတ္ေၾကာင္း ဒုသမၼတ ဦးဟင္နရီဗန္ထီးယူ ေျပာ

 

ႏုိင္ငံေရးတြင္ တုိင္းရင္းသားအခ်င္းခ်င္းစည္းလုံးညီညြတ္မႈၿပဳိကြဲပါက သူတစ္ပါး၏၀ါးၿမဳိျခင္းကုိခံရတတ္ေၾကာင္း ဒုတိယသမၼတ- ၂ ဦးဟင္နရီဗန္ထီးယူက ေျပာၾကားလုိက္သည္။

ရန္ကုန္ၿမိဳ႕တြင္ ႏုိ၀င္ဘာလ ၅ ရက္ကက်င္းပသည့္ ဦးေနာႏွစ္ ၂၀၀ ျပည့္အခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

 

ဘာသာေရးဆိုင္ရာအသင္းေတာ္မ်ားတြင္ျဖစ္ေစ၊ ႏိုင္ငံေရးဆိုင္ရာအဖြဲ႕အစည္းမ်ားတြင္ျဖစ္ေစ စည္းလုံးညီၫြတ္မႈသည္ လြန္စြာအေရးႀကီးပါေၾကာင္း၊ စည္းလုံးညီၫြတ္မႈၿပိဳကြဲလၽွင္ ပ်က္စီးတတ္ပါေၾကာင္း၊ အသင္းေတာ္မ်ားစည္းလုံးညီၫြတ္မႈ ၿပိဳကြဲလၽွင္ စာတန္၏ ဝါးၿမိဳျခင္းကိုခံရတတ္ပါေၾကာင္း၊ အလားတူ ႏိုင္ငံေရးတြင္လည္းတိုင္းရင္းသားအခ်င္းခ်င္းစည္းလုံးညီၫြတ္မႈ ၿပိဳကြဲလၽွင္ သူတစ္ပါး၏ ဝါးၿမိဳျခင္းကို ခံရတတ္ပါေၾကာင္း၊ ထို႔ေၾကာင့္ ႏွစ္ျခင္းခရစ္ယာန္ဘာသာဝင္တို႔သည္ အသင္းေတာ္ မ်ားစည္းလုံးညီၫြတ္မႈအင္အားကိုတည္ေဆာက္သကဲ့သို႔ ႏိုင္ငံသားတစ္ေယာက္၏ တာဝန္ႏွင့္အညီ ႏိုင္ငံေတာ္၏ တိုင္းရင္းသားမ်ားစည္းလုံးညီၫြတ္မႈကိုလည္းတည္ေဆာက္သြားရန္ လိုပါတယ္” ဟု ဒုတိယသမၼတ- ၂ ဦးဟင္နရီဗန္ထီးယူကေျပာသည္။

လက္ရွိတြင္ႏုိင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္ရွိၿပီး ျမန္မာႏုိင္ငံတြင္ေရြးေကာက္ပြဲ ၂၀၁၀ ျပည့္နွစ္မွစတင္၍ ၂၀၁၅ ခုနွစ္အထိေရြးေကာက္ပြဲႀကီး ၂ ႀကိမ္က်င္းပေပးခဲ့ၿပီးျဖစ္သည္။

ျပည္ေထာင္စုလႊတ္ေတာ္တြင္မူဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးႏွင့္ပတ္သက္၍ တပ္မေတာ္သား ကုိယ္စားလွယ္၊ ျပည္ခုိင္းၿဖဳိးပါတီကုိယ္စားလွယ္တုိ႔မွတစ္ဘက္၊ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီတုိ႔မွ တစ္ဘက္ျဖင့္ သေဘာထားကြဲလြဲမႈမ်ားရွိေနေၾကာင္း သိရသည္။

 

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်မှုပြိုကွဲပါက သူတစ်ပါး၏ ဝါးမြိုခြင်းကိုခံရတတ်ကြောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြော

နိုင်ငံရေးတွင် တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်မှုပြိုကွဲပါက သူတစ်ပါး၏ဝါးမြိုခြင်းကိုခံရတတ်ကြောင်း ဒုတိယသမ္မတ- ၂ ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၅ ရက်ကကျင်းပသည့် ဦးနောနှစ် ၂၀၀ ပြည့်အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘာသာရေးဆိုင်ရာအသင်းတော်များတွင်ဖြစ်စေ၊ နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းများတွင်ဖြစ်စေ စည်းလုံးညီညွတ်မှုသည် လွန်စွာအရေးကြီးပါကြောင်း၊ စည်းလုံးညီညွတ်မှုပြိုကွဲလျှင် ပျက်စီးတတ်ပါကြောင်း၊ အသင်းတော်များစည်းလုံးညီညွတ်မှု ပြိုကွဲလျှင် စာတန်၏ ဝါးမြိုခြင်းကိုခံရတတ်ပါကြောင်း၊ အလားတူ နိုင်ငံရေးတွင်လည်းတိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်မှု ပြိုကွဲလျှင် သူတစ်ပါး၏ ဝါးမြိုခြင်းကို ခံရတတ်ပါကြောင်း၊ ထို့ကြောင့် နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တို့သည် အသင်းတော် များစည်းလုံးညီညွတ်မှုအင်အားကိုတည်ဆောက်သကဲ့သို့ နိုင်ငံသားတစ်ယောက်၏ တာဝန်နှင့်အညီ နိုင်ငံတော်၏ တိုင်းရင်းသားများစည်းလုံးညီညွတ်မှုကိုလည်းတည်ဆောက်သွားရန် လိုပါတယ်” ဟု ဒုတိယသမ္မတ- ၂ ဦးဟင်နရီဗန်ထီးယူကပြောသည်။

လက်ရှိတွင်နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲ ၂၀၁၀ ပြည့်နှစ်မှစတင်၍ ၂၀၁၅ ခုနှစ်အထိရွေးကောက်ပွဲကြီး ၂ ကြိမ်ကျင်းပပေးခဲ့ပြီးဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင်မူဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ်၊ ပြည်ခိုင်းဖြိုးပါတီကိုယ်စားလှယ်တို့မှတစ်ဘက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ တစ်ဘက်ဖြင့် သဘောထားကွဲလွဲမှုများရှိနေကြောင်း သိရသည်။

 မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။