Skip to main content
Ads Block

သိမ္းဆည္းခံယာေျမမ်ားျပန္လည္စြန႔္လႊတ္ၿပီး ပုံစံ(၇)ထုတ္ေပးေရး ေတာင္သူမ်ားဆႏၵထုတ္ေဖာ္

 

 

 

 

မေကြးၿမိဳ႕ေလယာဥ္ကြင္းတည္ေဆာက္ရန္အတြက္ သိမ္းဆည္းထားတဲ့ယာေျမဧကေတြထဲက ေလယာဥ္ကြင္း အတြက္အသုံးမျပဳတဲ့ေျမေတြကို ျပန္လည္စြန႔္လႊတ္ၿပီးပုံစံ(၇)ထုတ္ေပးဖို႔ ေျမပိုင္ရွင္ေတာင္သူေတြစုေပါင္းၿပီး ႏိုဝင္ဘာ(၅)ရက္နံနက္ပိုင္းက မေကြးၿမိဳ႕ေပၚမွာ ဆႏၵထုတ္ေဖာ္ေတာင္းဆိုခဲ့ၾကပါတယ္။

 

စီမံကိန္းမွာအသုံးမျပဳတဲ့ ယာေျမေတြကိုသိမ္းဆည္းခံ မူလေတာင္သူေတြအေနနဲ႔ယေန႔အခ်ိန္ထိ လုပ္ကိုင္စား ေသာက္ ခြင့္ရရွိေနပါတယ္။ အနာဂတ္မွာပိုင္ဆိုင္မႈေသခ်ာေစဖို႔၊ စိုက္ပ်ိဳးစာရိတ္ေခ်းေငြရရွိႏိုင္ဖို႔အတြက္ တရားဝင္ စြန႔္လႊတ္ ပုံစံ(၇)ထုတ္ေပးေရးဆႏၵျပေတာင္းဆိုတာျဖစ္တယ္လို႔ ဆိုပါတယ္။

 

သိမ္းဆည္းယာေျမေတြအတြက္သက္ဆိုင္ရာဝန္ႀကီးဌာနမွ၂၀၀၆ခုႏွစ္မွာသီးႏွံေလွ်ာ္ေၾကး၊၂၀၁၆ခုႏွစ္မွာ ေျမယာ ေလွ်ာ္ေၾကးေပးတာေတြရွိခဲ့တယ္လို႔သိရပါတယ္။ ဆႏၵျပရာမွာပါဝင္တဲ့ေတာင္သူေတြကေတာ့ အဲဒီေလွ်ာ္ေၾကး၂မ်ိဳးလုံး မယူခဲ့ၾကဘူးလို႔ဆိုပါတယ္။

 

ရိုက္ကူး - သက္မွဴးအိမ္(မင္းဘူး)         တည္းျဖတ္ - ရဲေဇာ္ထိုက္

 

 

Unicode Version

 

သိမ်းဆည်းခံယာမြေများပြန်လည်စွန့်လွှတ်ပြီး ပုံစံ(၇)ထုတ်ပေးရေး တောင်သူများဆန္ဒထုတ်ဖော်

 

မကွေးမြို့လေယာဉ်ကွင်းတည်ဆောက်ရန်အတွက် သိမ်းဆည်းထားတဲ့ယာမြေဧကတွေထဲက လေယာဉ်ကွင်း အတွက်အသုံးမပြုတဲ့မြေတွေကို ပြန်လည်စွန့်လွှတ်ပြီးပုံစံ(၇)ထုတ်ပေးဖို့ မြေပိုင်ရှင်တောင်သူတွေစုပေါင်းပြီး နိုဝင်ဘာ(၅)ရက်နံနက်ပိုင်းက မကွေးမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။

 

စီမံကိန်းမှာအသုံးမပြုတဲ့ ယာမြေတွေကိုသိမ်းဆည်းခံ မူလတောင်သူတွေအနေနဲ့ယနေ့အချိန်ထိ လုပ်ကိုင်စား သောက် ခွင့်ရရှိနေပါတယ်။ အနာဂတ်မှာပိုင်ဆိုင်မှုသေချာစေဖို့၊ စိုက်ပျိုးစာရိတ်ချေးငွေရရှိနိုင်ဖို့အတွက် တရားဝင် စွန့်လွှတ် ပုံစံ(၇)ထုတ်ပေးရေးဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။

 

သိမ်းဆည်းယာမြေတွေအတွက်သက်ဆိုင်ရာဝန်ကြီးဌာနမှ၂၀၀၆ခုနှစ်မှာသီးနှံလျှော်ကြေး၊၂၀၁၆ခုနှစ်မှာ မြေယာ လျှော်ကြေးပေးတာတွေရှိခဲ့တယ်လို့သိရပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့တောင်သူတွေကတော့ အဲဒီလျှော်ကြေး၂မျိုးလုံး မယူခဲ့ကြဘူးလို့ဆိုပါတယ်။

 

ရိုက်ကူး - သက်မှူးအိမ်(မင်းဘူး)         တည်းဖြတ် - ရဲဇော်ထိုက်



 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။