Skip to main content
အအေးခန်း ထရပ်ကားတစ်စီးအတွင်း ပုန်းခိုလိုက်လာတဲ့ ရွှေ့ပြောင်း ၄၁ ဦးကို ဂရိရဲတပ်ဖွဲ့ ရှာဖွေတွေ့ရှိ  
Ads Block

အအေးခန်း ထရပ်ကားတစ်စီးအတွင်း ပုန်းခိုလိုက်လာတဲ့ ရွှေ့ပြောင်း ၄၁ ဦးကို ဂရိရဲတပ်ဖွဲ့ ရှာဖွေတွေ့ရှိ  

                ဂရိနိုင်ငံ မြောင်ပိုင်း ကားလမ်းတစ်ခုပေါ်မှာ အအေးခန်း ထရပ်ကားတစ်စီးအတွင်း ပုန်းခိုလိုက်လာကြတဲ့ အာဖဂန်နိုင်ငံသားအများစုပါ ရွှေ့ပြောင်း ၄၁ ဦးကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

             ယခုဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ၁၀ ရက်ခန့်က လန်ဒန်မြို့အနီး အအေးခန်း ထရပ်ကားတစ်စီး ပေါ်ကနေ ဗီယက်နမ်ရွှေ့ပြောင်းတွေလို့ ယုံကြည်ရတဲ့ လူသေ အလောင်း ၃၉ လောင်းတွေ့ရှိမှု ဖြစ်စဉ်အပြီး ပေါ်ပေါက်ခဲ့တာပါ။ ယင်း လူတွေသေဆုံးခဲ့ရမှုနဲ့ပတ်သက်လို့ ဗြိတိန်မှာ လူနှစ်ဦးနဲ့ ဗီယက်နမ်မှာ ၈ ဦးတို့ကို စွဲချက်တွေ တင်ထားခဲ့ပါတယ်။

           ဂရိမြောက်ပိုင်းမှာ ရွှေ့ပြောင်းတွေနဲ့အတူ တွေ့ရှိခဲ့တဲ့ အအေးခန်းကားမှာတော့ အအေးစနစ် မဖွင့်ထားကြောင်း၊ ရွှေ့ပြောင်းတွေထဲမှာ ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် အချို့က ဆေးဝါး အကူအညီ တောင်းခံခဲ့ကြောင်း ဂရိရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောဆိုပါတယ်။ Xanthi မြို့အနီးမှာ ရဲတပ်ဖွဲ့က ထရပ်ကားကို ပုံမှန် တားဆီးစစ်ဆေးမှုလုပ်ခဲ့တာဖြစ်ပြီး ဒရိုင်ဘာကို ဖမ်းဆီးခဲ့ကာ ကိုယ်ရေး အချက်အလက် မေးမြန်းထုတ်ပြန်ဖို့အတွက် ၎င်းနဲ့ ရွှေ့ပြောင်းတွေကို အနီးအနားရှိ ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

             တူရကီ၊ ဂရိနိုင်ငံတို့မှ တဆင့် ဥရောပသို့ ရွှေ့ပြောင်းအခြေသူ ၁ သန်းကျော် ဖြတ်သန်း ဝင်ရောက်ခဲ့တဲ့ ၂၀၁၅ ခုနှစ် နောက်ပိုင်း ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချသူတွေ ပမာဏအများဆုံးနဲ့ တကျော့ပြန် ရောက်ရှိလာတဲ့အရေးကို လက်ရှိမှာ ဂရိနိုင်ငံ ရင်ဆိုင်နေရပါတယ်။

         ရွှေ့ပြောင်း အများစုဟာ တူရကီကမ်းရိုးတမ်းနဲ့ နီးတဲ့ ဂရိအေဂျိယန်ကျွန်းကို လှေတွေနဲ့ သွားရောက်ကြပေမယ့် တူရကီ-ဂရိနယ်စပ်ရှိ မြစ်ကြောင်းကို အသုံးပြုပြီး ကုန်းကြောင်းအတိုင်း ဝင်ရောက်သူများစွာလည်း ရှိနေခဲ့ပါတယ်။ 

Reuters

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

အေအးခန္း ထရပ္ကားတစ္စီးအတြင္း ပုန္းခုိလုိက္လာတဲ့ ေရႊ႕ေျပာင္း ၄၁ ဦးကုိ ဂရိရဲတပ္ဖြဲ႕ ရွာေဖြေတြ႕ရွိ  

                ဂရိႏုိင္ငံ ေျမာင္ပုိင္း ကားလမ္းတစ္ခုေပၚမွာ အေအးခန္း ထရပ္ကားတစ္စီးအတြင္း ပုန္းခုိလုိက္လာၾကတဲ့ အာဖဂန္ႏုိင္ငံသားအမ်ားစုပါ ေရႊ႕ေျပာင္း ၄၁ ဦးကုိ ရဲတပ္ဖြဲ႕က ရွာေဖြေတြ႕ရွိ ခဲ့ေၾကာင္း တာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။

             ယခုျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ ၁၀ ရက္ခန္ ့က လန္ဒန္ၿမိဳ႕အနီး အေအးခန္း ထရပ္ကားတစ္စီး ေပၚကေန ဗီယက္နမ္ေရႊ႕ေျပာင္းေတြလုိ ့ ယုံၾကည္ရတဲ့ လူေသ အေလာင္း ၃၉ ေလာင္းေတြ႕ရွိမႈ ျဖစ္စဥ္အၿပီး ေပၚေပါက္ခဲ့တာပါ။ ယင္း လူေတြေသဆုံးခဲ့ရမႈနဲ႕ပတ္သက္လုိ ့ ၿဗိတိန္မွာ လူႏွစ္ဦးနဲ႕ ဗီယက္နမ္မွာ ၈ ဦးတုိ ့ကုိ စြဲခ်က္ေတြ တင္ထားခဲ့ပါတယ္။

           ဂရိေျမာက္ပုိင္းမွာ ေရႊ႕ေျပာင္းေတြနဲ႕အတူ ေတြ႕ရွိခဲ့တဲ့ အေအးခန္းကားမွာေတာ့ အေအးစနစ္ မဖြင့္ထားေၾကာင္း၊ ေရႊ႕ေျပာင္းေတြထဲမွာ ထိခုိက္ဒဏ္ရာရသူ မရွိေပမယ့္ အခ်ဳိ႕က ေဆး၀ါး အကူအညီ ေတာင္းခံခဲ့ေၾကာင္း ဂရိရဲတပ္ဖြဲ႕ အရာရွိတစ္ဦးက ေျပာဆုိပါတယ္။ Xanthi ၿမိဳ႕အနီးမွာ ရဲတပ္ဖြဲ႕က ထရပ္ကားကုိ ပုံမွန္ တားဆီးစစ္ေဆးမႈလုပ္ခဲ့တာျဖစ္ၿပီး ဒရုိင္ဘာကုိ ဖမ္းဆီးခဲ့ကာ ကုိယ္ေရး အခ်က္အလက္ ေမးျမန္းထုတ္ျပန္ဖုိ ့အတြက္ ၄င္းနဲ႕ ေရႊ႕ေျပာင္းေတြကုိ အနီးအနားရွိ ရဲစခန္းသုိ ့ ေခၚေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

             တူရကီ၊ ဂရိႏုိင္ငံတုိ ့မွ တဆင့္ ဥေရာပသုိ ့ ေရႊ႕ေျပာင္းအေျခသူ ၁ သန္းေက်ာ္ ျဖတ္သန္း ၀င္ေရာက္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေနာက္ပုိင္း ဒုကၡသည္နဲ႕ ေရႊ႕ေျပာင္းအေျခခ်သူေတြ ပမာဏအမ်ားဆုံးနဲ႕ တေက်ာ့ျပန္ ေရာက္ရွိလာတဲ့အေရးကုိ လက္ရွိမွာ ဂရိႏုိင္ငံ ရင္ဆုိင္ေနရပါတယ္။

         ေရႊ႕ေျပာင္း အမ်ားစုဟာ တူရကီကမ္းရုိးတမ္းနဲ႕ နီးတဲ့ ဂရိေအဂ်ိယန္ကၽြန္းကုိ ေလွေတြနဲ႕ သြားေရာက္ၾကေပမယ့္ တူရကီ-ဂရိနယ္စပ္ရွိ ျမစ္ေၾကာင္းကုိ အသုံးျပဳၿပီး ကုန္းေၾကာင္းအတုိင္း ၀င္ေရာက္သူမ်ားစြာလည္း ရွိေနခဲ့ပါတယ္။

Reuters

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။