Skip to main content
AA အဖွဲ့၏ဖမ်းဆီးခံထားရသော လွှတ်တော်ကိုယ်စားလှယ် လွတ်မြောက်လာကြောင်းသတင်းကို အတည်မပြုနိုင်သေးဟု ဆို
Ads Block

AA အဖွဲ့၏ဖမ်းဆီးခံထားရသော လွှတ်တော်ကိုယ်စားလှယ် လွတ်မြောက်လာကြောင်းသတင်းကို အတည်မပြုနိုင်သေးဟု ဆို

အိန္ဒိယအစိုးရ၏ဝင်ရောက်ကူညီမှုကြောင့် AA လက်နက်ကိုင်အဖွဲ့ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ် ပြန်လွတ်မြောက်လာသည့်သတင်းများထွက်ပေါ်လာမှုအပေါ် အတည်မပြုနိုင်သေးကြောင်း ပလက်ဝမြို့နယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်ကပြောသည်။

အဆိုပါသတင်းများမှာ Facebook စာမျက်နှာပေါ်၌ ယနေ့(နိုဝင်ဘာလ ၅ ရက်)ညနေပိုင်းတွင် ထွက်ပေါ်လာသည့်အပေါ် ယခုကဲ့သို့ ပြန်လည်ဖြေရှင်းခြင်းဖြစ်သည်။

“အိန္ဒိယမီဒီယာဂရုကနေတင်တဲ့သတင်းလည်းဖြစ်တယ်။ အခုထိလည်းအဆက်အသွယ်မရသေးတော့ ဒါကိုအတည်ပြုလို့မရသေးပါဘူး” ဟုပလက်ဝမြို့နယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်ကပြောသည်။

Facebook ပေါ်တွင်ပြန့်နှံ့နေသောသတင်းများအရ အိန္ဒိယအစိုးရ၏အချိန်မီဝင်ရောက်ကူညီမှုကြောင့် ဖမ်းဆီးခံထားရသည့်လွှတ်တော်ကိုယ်စားလှယ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သောနိုဝင်ဘာလ ၃ ရက်က ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁)လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းပါ ၅ ဦးနှင့် အိန္ဒိယနိုင်ငံသား ၅ ဦးတို့အား AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကာ ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးစဉ် အိန္ဒိယနိုင်ငံသား ၁ ဦးမှာ အမောဖောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခဲ့သူများအနက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှလွဲ၍ ဖမ်းဆီးခံရသူအားလုံးကို လွှတ်ပေးလိုက်ပြီဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်အား ခေါ်ယူထိန်းသိမ်းရသည့် အကြောင်းအရင်းကိုထုတ်ပြန်သွားမည်ဖြစ်ကြောင်း AA လက်နက်ကိုင်အဖွဲ့က နိုဝင်ဘာလ ၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရဲကျော်ထက် (အကုန်သိသတင်းဌာန) 

Zawgyi Version

AA အဖြဲ႔၏ဖမ္းဆီးခံထားရေသာ လႊတ္ေတာ္ကုိယ္စားလွယ္ လြတ္ေျမာက္လာေၾကာင္းသတင္းကို အတည္မျပဳႏုိင္ေသးဟု ဆုိ

အိႏၵိယအစိုးရ၏၀င္ေရာက္ကူညီမႈေၾကာင့္ AA လက္နက္ကုိင္အဖြဲ႔ဖမ္းဆီးထားသည့္ လႊတ္ေတာ္ကုိယ္စားလွယ္ ျပန္လြတ္ေျမာက္လာသည့္သတင္းမ်ားထြက္ေပၚလာမႈအေပၚ အတည္မျပဳႏိုင္ေသးေၾကာင္း ပလက္၀ၿမိဳ႕နယ္မွ ျပည္သူလႊတ္ေတာ္ကုိယ္စားလွယ္ ဦးစိန္ေအာင္ကေျပာသည္။

အဆုိပါသတင္းမ်ားမွာ Facebook စာမ်က္ႏွာေပၚ၌ ယေန႔(ႏုိ၀င္ဘာလ ၅ ရက္)ညေနပုိင္းတြင္ ထြက္ေပၚလာသည့္အေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖရွင္းျခင္းျဖစ္သည္။

“အိႏၵိယမီဒီယာဂရုကေနတင္တဲ့သတင္းလည္းျဖစ္တယ္။ အခုထိလည္းအဆက္အသြယ္မရေသးေတာ့ ဒါကုိအတည္ျပဳလုိ႔မရေသးပါဘူး” ဟုပလက္၀ၿမိဳ႕နယ္မွ ျပည္သူလႊတ္ေတာ္ကုိယ္စားလွယ္ ဦးစိန္ေအာင္ကေျပာသည္။

Facebook ေပၚတြင္ျပန္႔ႏွံ႔ေနေသာသတင္းမ်ားအရ အိႏၵိယအစိုးရ၏အခ်ိန္မီဝင္ေရာက္ကူညီမႈေၾကာင့္ ဖမ္းဆီးခံထားရသည့္လႊတ္ေတာ္ကုိယ္စားလွယ္မွာ ျပန္လည္လြတ္ေျမာက္လာခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာႏုိ၀င္ဘာလ ၃ ရက္က ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ (၁၁)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းပါ ၅ ဦးႏွင့္ အိႏိၵယႏုိင္ငံသား ၅ ဦးတုိ႔အား AA လက္နက္ကုိင္အဖြဲ႔က ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္းျဖစ္ကာ ယင္းကဲ့သုိ႔ ဖမ္းဆီးစစ္ေဆးစဥ္ အိႏိၵယႏုိင္ငံသား ၁ ဦးမွာ အေမာေဖာက္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးထိန္းသိမ္းခဲ့သူမ်ားအနက္ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေဝွ႔တင္းမွလြဲ၍ ဖမ္းဆီးခံရသူအားလုံးကုိ လႊတ္ေပးလုိက္ၿပီျဖစ္ကာ လႊတ္ေတာ္ကုိယ္စားလွယ္အား ေခၚယူထိန္းသိမ္းရသည့္ အေၾကာင္းအရင္းကိုထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း AA လက္နက္ကုိင္အဖြဲ႕က ႏုိ၀င္ဘာလ ၄ ရက္တြင္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။

ရဲေက်ာ္ထက္ (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။