Skip to main content
ဘဂ္ဂဒါဒီရဲ့ အစ်မဖြစ်သူကို ဖမ်းဆီးရမိဟု တူရကီ ထုတ်ပြန် 
Ads Block

ဘဂ္ဂဒါဒီရဲ့ အစ်မဖြစ်သူကို ဖမ်းဆီးရမိဟု တူရကီ ထုတ်ပြန် 

            သေဆုံးခဲ့ပြီဖြစ်တဲ့ အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ အယ်ဘဂ္ဂဒါဒီရဲ့ အစ်မဖြစ်သူကို ဆီးရီးယားမြောက်ပိုင်း အဇက်မြို့မှာ တနင်္လာနေ့က ဖမ်းဆီးရမိခဲ့ကြောင်း တူရကီ ထိပ်တန်းအရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းနဲ့ ချွေးမဖြစ်သူတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကာ စစ်မေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။

            အဇက်မြို့အနီးမှာ စီးနင်းမှုတစ်ခုလုပ်ခဲ့စဉ် ဘဂ္ဂါဒီရဲ့ အစ်မဖြစ်တဲ့ အသက် ၆၅ နှစ်အရွယ် ရက်စ်မီယာ အဝဒ်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း တူရကီ ထိန်းချုပ်ထားတဲ့ နယ်စပ်အနီးက ဆီးရီးယားမြို့ကို ရည်ညွှန်းကာ ယင်း အရာရှိက ပြောဆိုခဲ့ပါတယ်။ သူနဲ့ အတူ ကလေး ငါးဦးလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။  ဘဂ္ဂဒါဒီရဲ့ အစ်မထံကနေ အိုင်အက်စ်အဖွဲ့တွင်း လုပ်ကိုင်ဆောင်ရွက်မှုဆိုင်ရာ ထောက်လှမ်းရေး အဖိုးတန်သတင်းအချက်တွေ ရနိုင်ဖို့ မိမိတို့ မျှော်လင့်ကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။

            ပြီးခဲ့တဲ့လက ဆီးရီးယား အရှေ့မြောက်ပိုင်းဒေသမှာ အမေရိကန်အထူးတပ်တွေရဲ့ စီးနင်းမှုအတွင်း မြေအောက်ဥမင်တစ်ခုမှာ ချောင်ပိတ်မိသွားခဲ့တဲ့ အိုင်အက်စ်ခေါင်းဆောင် ဘဂ္ဂဒါဒီဟာ ဗုံးခွဲဝတ်စုံကို ဖောက်ခွဲပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာတော့ အိုင်အက်စ်အဖွဲ့က အသံဖိုင်တစ်ခုထုတ်ပြန်ခဲ့ကာ ၎င်းတို့ခေါင်းဆောင် သေဆုံးကြောင်း အတည်ပြုုခဲ့ပြီး ဒီအတွက် အမေရိကန် ပြည်ထောင်စုကို လက်စားချေသွားမယ်လို့ သံန္နိဌာန်ပြုခဲ့ပါတယ်။

            ဘဂ္ဂဒါဒီရဲ့ အစ်မကို ဖမ်းဆီးလိုက်တာဟာ တူရကီအနေနဲ့ အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းချေမှုန်းနေတယ်ဆိုတဲ့ အထောက်အထားသက်သေဖြစ်ကြောင်း တူရကီသမ္မတ တေယစ်အာဒိုဂန်ရဲ့ ပြန်ကြားရေး ညွှန်ကြားရေးမှူးက အင်္ဂါနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

            အိုင်အက်စ်အဖွဲ့ကို ချေမှုန်းနေတဲ့ မိမိတို့ စစ်ဆင်ရေးအပေါ် သံသယမြင့်တက်စေတဲ့ မမှန်မကန် ဝါဒဖြန့်မှုများစွာ ပျံ့နှံ့နေခဲ့ပြီး သူ့ကို ဖမ်းဆီးခဲ့တာဟာ မိမိတို့ရဲ့ အကြမ်းဖက် တန်ပြန်ချေမှုန်းမှု စစ်ဆင်ရေး အောင်မြင်နေတယ်ဆိုတဲ့ နောက်ထပ် ဥပမာတစ်ခုဖြစ်ကြောင်း၊ ၎င်းက ပြောဆိုခဲ့ပါတယ်။ 

Reuters

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

ဘဂၢဒါဒီရဲ႕ အစ္မျဖစ္သူကုိ ဖမ္းဆီးရမိဟု တူရကီ ထုတ္ျပန္

            ေသဆုံးခဲ့ၿပီျဖစ္တဲ့ အုိင္အက္စ္ေခါင္းေဆာင္ အဘူဘာကာ အယ္ဘဂၢဒါဒီရဲ႕ အစ္မျဖစ္သူကုိ ဆီးရီးယားေျမာက္ပုိင္း အဇက္ၿမိဳ႕မွာ တနလၤာေန႕က ဖမ္းဆီးရမိခဲ့ေၾကာင္း တူရကီ ထိပ္တန္းအရာရွိတစ္ဦးက ေျပာဆုိခဲ့ပါတယ္။ သူမရဲ႕ ခင္ပြန္းနဲ႕ ေခၽြးမျဖစ္သူတုိ ့ကုိလည္း ဖမ္းဆီးရမိခဲ့ကာ စစ္ေမးမႈေတြလုပ္ေနတယ္လုိ ့ ဆုိပါတယ္။

            အဇက္ၿမိဳ႕အနီးမွာ စီးနင္းမႈတစ္ခုလုပ္ခဲ့စဥ္ ဘဂၢါဒီရဲ႕ အစ္မျဖစ္တဲ့ အသက္ ၆၅ ႏွစ္အရြယ္ ရက္စ္မီယာ အ၀ဒ္ကုိ ဖမ္းဆီးရမိခဲ့တာျဖစ္ေၾကာင္း တူရကီ ထိန္းခ်ဳပ္ထားတဲ့ နယ္စပ္အနီးက ဆီးရီးယားၿမိဳ႕ကုိ ရည္ညႊန္းကာ ယင္း အရာရွိက ေျပာဆုိခဲ့ပါတယ္။ သူနဲ႕ အတူ ကေလး ငါးဦးလည္း ပါ၀င္ခဲ့တယ္လုိ ့ ဆုိပါတယ္။  ဘဂၢဒါဒီရဲ႕ အစ္မထံကေန အုိင္အက္စ္အဖြဲ႕တြင္း လုပ္ကုိင္ေဆာင္ရြက္မႈဆုိင္ရာ ေထာက္လွမ္းေရး အဖုိးတန္သတင္းအခ်က္ေတြ ရႏုိင္ဖုိ ့ မိမိတုိ ့ ေမွ်ာ္လင့္ေၾကာင္း ၄င္းက ေျပာဆုိခဲ့ပါတယ္။

            ၿပီးခဲ့တဲ့လက ဆီးရီးယား အေရွ႕ေျမာက္ပုိင္းေဒသမွာ အေမရိကန္အထူးတပ္ေတြရဲ႕ စီးနင္းမႈအတြင္း ေျမေအာက္ဥမင္တစ္ခုမွာ ေခ်ာင္ပိတ္မိသြားခဲ့တဲ့ အုိင္အက္စ္ေခါင္းေဆာင္ ဘဂၢဒါဒီဟာ ဗုံးခြဲ၀တ္စုံကုိ ေဖာက္ခြဲၿပီး ကုိယ့္ကုိယ္ကုိ သတ္ေသသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၾကာသာပေတးေန ့မွာေတာ့ အုိင္အက္စ္အဖြဲ႕က အသံဖုိင္တစ္ခုထုတ္ျပန္ခဲ့ကာ ၄င္းတုိ ့ေခါင္းေဆာင္ ေသဆုံးေၾကာင္း အတည္ျပဳဳခဲ့ၿပီး ဒီအတြက္ အေမရိကန္ ျပည္ေထာင္စုကုိ လက္စားေခ်သြားမယ္လုိ ့ သံႏၷိဌာန္ျပဳခဲ့ပါတယ္။

            ဘဂၢဒါဒီရဲ႕ အစ္မကုိ ဖမ္းဆီးလုိက္တာဟာ တူရကီအေနနဲ႕ အုိင္အက္စ္အဖြဲ႕ကုိ ႏွိမ္နင္းေခ်မႈန္းေနတယ္ဆုိတဲ့ အေထာက္အထားသက္ေသျဖစ္ေၾကာင္း တူရကီသမၼတ ေတယစ္အာဒုိဂန္ရဲ႕ ျပန္ၾကားေရး ညႊန္ၾကားေရးမွဴးက အဂၤါေန ့မွာ ထုတ္ေဖာ္ေျပာဆုိခဲ့ပါတယ္။

            အုိင္အက္စ္အဖြဲ႕ကုိ ေခ်မႈန္းေနတဲ့ မိမိတုိ ့ စစ္ဆင္ေရးအေပၚ သံသယျမင့္တက္ေစတဲ့ မမွန္မကန္ ၀ါဒျဖန္ ့မႈမ်ားစြာ ပ်ံ႕ႏွံ႕ေနခဲ့ၿပီး သူ႕ကုိ ဖမ္းဆီးခဲ့တာဟာ မိမိတုိ ့ရဲ႕ အၾကမ္းဖက္ တန္ျပန္ေခ်မႈန္းမႈ စစ္ဆင္ေရး ေအာင္ျမင္ေနတယ္ဆုိတဲ့ ေနာက္ထပ္ ဥပမာတစ္ခုျဖစ္ေၾကာင္း၊ ၄င္းက ေျပာဆုိခဲ့ပါတယ္။

Reuters

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။