Skip to main content
Ads Block





Unicode Version

E-Government  အကောင်အထည်ဖော်ဖို့ Computer သင်တန်းဖွင့်လှစ်
မြန်မာနိုင်ငံမှာ E-Government ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပဲခူးတိုင်းက အစိုးရဝန်ထမ်းတွေကို E-Government နဲ့ သက်ဆိုင်တဲ့ ကွန်ပျူတာသင်တန်းတွေ ပို့ချပေးရန်ရည်ရွယ်ပြီး သင်တန်းတစ်ခုကို ပြည်မြို့က ကွန်ပျူတာတက္ကသိုလ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာတော့ ပြည်ခရိုင်နဲ့ သာယာဝတီခရိုင်နှစ်ခုပေါင်းပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာတစ်ခုကို ဝန်ထမ်းနှစ်ဦးနှုန်း တက်ရောက်နေပါတယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ပဲခူးတိုင်းအရှေ့ခြမ်းမှာလည်း အဆိုပါသင်တန်းမျိုး ဖွင့်လှစ်ပို့ချနေပြီး ပြည်ကွန်ပျူတာတက္ကသိုလ်မှာတော့ ဌာနဆိုင်ရာပေါင်းစုံက သင်တန်းသား ၁၀၀ ကျော် သင်ယူလျှက်ရှိပါတယ်။

ရိုက်ကူး/မေးမြန်း - မောင်ကောင်း(ပြည်)     တည်းဖြတ် - သူရိန်

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။