Skip to main content
ကထိန်ခင်းရန်သွားရောက်သည့်ကားတိမ်းမှောက်ရာမှ သံဃာ ၂ ပါးအပါအဝင် ၁၃ ဦးသေဆုံး
Ads Block

ကထိန်ခင်းရန်သွားရောက်သည့်ကားတိမ်းမှောက်ရာမှ သံဃာ ၂ ပါးအပါအဝင် ၁၃ ဦးသေဆုံး

မွန်ပြည်နယ်၊ မော်လမြိုင်ဘက်မှ ကထိန်ခင်းရန် သွားသည့်ကားမှာမန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်းတိမ်းမှောက်မှုကြောင့် သံဃာ ၂ ပါးအပါအဝင် ၁၃ ဦးသေဆုံးပြီး ၂၇ ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း Myanmar Rescue အဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မြို့နယ်၊ မဟာမြိုင်ဟိတဓရဓမ္မစကူးအဖွဲ့မှ ကား ၃ စီးဖြင့် ချင်းတောင်တန်းတွင် ကထိန်ခင်းရန် ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက် ၅ နာရီခန့်တွင်သွားရောက်စဉ်သပိတ်ကျင်းမြို့နယ် ကျောက်ကြီးကျေးရွာအနီးရှိတောင်ဆင်းလမ်း၌ ဒုတိယယာဉ်မှာလမ်းချော်ကာ တိမ်းမှောက်ခဲ့ပြီး ယင်းယာဉ်ကိုရှောင်ရာမှ တတိယယာဉ်မှာသစ်ပင်ကိုဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“ဒီနေ့ မနက်အစောပိုင်း ၅ နာရီကျော်အချိန်လောက်မှာဖြစ်သွားတာပေါ့။ မိုးကလည်း ရွာထားတဲ့အခါကျတော့ ဂုံးအဆင်းမှာဘရိတ်ဖမ်းထားပေမဲ့လည်းလမ်းကချောနေတဲ့အတွက် အခုလိုယာဉ်တိမ်းမှောက်ပြီးတိုက်မှုဖြစ်သွားရတာပါ။ သံဃာတော် ၂ ပါးအပါ ၁၃ ဦး သေဆုံးသွားပါတယ်။ လက်ရှိကျွန်တော်တို့လည်းဆောင်ရွက်စရာတွေရှိနေသေးတယ်”ဟု Myanmar Rescue အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကိုစဉ့်ကူးပြည်သူ့ဆေးရုံ၊ သပိတ်ကျင်းပြည်သူ့ဆေးရုံ၊ မန္တလေးဆေးရုံကြီးတို့သို့ ပို့ဆောင်ထားကြောင်းသိရသည်။

ဓာတ်ပုံ- Myanmar Recuse

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

ကထိန္ခင္းရန္သြားေရာက္သည့္ကားတိမ္းေမွာက္ရာမွ သံဃာ ၂ ပါးအပါအ၀င္ ၁၃ ဦးေသဆုံး

မြန္ျပည္နယ္၊ ေမာ္လၿမဳိင္ဘက္မွ ကထိန္ခင္းရန္ သြားသည့္ကားမွာမႏၱေလးတုိင္းေဒသႀကီး၊ သပိတ္က်င္းၿမိဳ႕နယ္အတြင္းတိမ္းေမွာက္မႈေၾကာင့္ သံဃာ ၂ ပါးအပါအ၀င္ ၁၃ ဦးေသဆုံးၿပီး ၂၇ ဦးခန္႔ ဒဏ္ရာရွိခဲ့ေၾကာင္း Myanmar Rescue အဖြဲ႔မွ သိရသည္။

ျဖစ္စဥ္မွာ ေမာ္လၿမိဳင္ၿမိဳ႕နယ္၊ မဟာၿမိဳင္ဟိတဓရဓမၼစကူးအဖြဲ႕မွ ကား ၃ စီးျဖင့္ ခ်င္းေတာင္တန္းတြင္ ကထိန္ခင္းရန္ ယေန႔ ႏုိ၀င္ဘာလ ၅ ရက္ နံနက္ ၅ နာရီခန္႔တြင္သြားေရာက္စဥ္သပိတ္က်င္းၿမိဳ႕နယ္ ေက်ာက္ႀကီးေက်းရြာအနီးရွိေတာင္ဆင္းလမ္း၌ ဒုတိယယာဥ္မွာလမ္းေခ်ာ္ကာ တိမ္းေမွာက္ခဲ့ၿပီး ယင္းယာဥ္ကုိေရွာင္ရာမွ တတိယယာဥ္မွာသစ္ပင္ကုိ၀င္တုိက္မိခဲ့ေၾကာင္း သိရသည္။

“ဒီေန႔ မနက္အေစာပိုင္း ၅ နာရီေက်ာ္အခ်ိန္ေလာက္မွာျဖစ္သြားတာေပါ့။ မိုးကလည္း ရြာထားတဲ့အခါက်ေတာ့ ဂံုးအဆင္းမွာဘရိတ္ဖမ္းထားေပမဲ့လည္းလမ္းကေခ်ာေနတဲ့အတြက္ အခုလိုယာဥ္တိမ္းေမွာက္ၿပီးတိုက္မႈျဖစ္သြားရတာပါ။ သံဃာေတာ္ ၂ ပါးအပါ ၁၃ ဦး ေသဆံုးသြားပါတယ္။ လက္ရွိကြ်န္ေတာ္တို႔လည္းေဆာင္ရြက္စရာေတြရွိေနေသးတယ္”ဟု Myanmar Rescue အဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေသဆုံးသူႏွင့္ ဒဏ္ရာရရွိသူမ်ားကုိစဥ့္ကူးျပည္သူ႔ေဆးရုံ၊ သပိတ္က်င္းျပည္သူ႔ေဆးရုံ၊ မႏၱေလးေဆးရုံႀကီးတုိ႔သို႔ ပုိ႔ေဆာင္ထားေၾကာင္းသိရသည္။

ဓာတ္ပုံ- Myanmar Recuse

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။