Skip to main content
မြန်မာနိုင်ငံရှိ တောင်ကိုရီးယား ကုမ္ပဏီ ၁၀၀ လောက်က  ဘင်္ဂလားဒေ့ရှ်သို့ လုပ်ငန်းပြောင်းရွှေ့လိုနေဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့ ပြော 
Ads Block

မြန်မာနိုင်ငံရှိ တောင်ကိုရီးယား ကုမ္ပဏီ ၁၀၀ လောက်က  ဘင်္ဂလားဒေ့ရှ်သို့ လုပ်ငန်းပြောင်းရွှေ့လိုနေဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့ ပြော 

              မြန်မာနိုင်ငံမှာ စီးပွားလုပ်ငန်းတွေအတွက် သင့်လျော်တဲ့ ဝန်းကျင်အခြေအနေမရှိတာကြောင့် တောင်ကိုရီးယား ကုမ္ပဏီ ၁၀၀ လောက်ဟာ မြန်မာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရွှေ့ပြောင်းချင်နေကြကြောင်း ဘင်္ဂလားဒေ့ရှ် စီးပွားရေးဇုန် အာဏာပိုင်အဖွဲ့(BEZA) က ပြောဆိုခဲ့ပါတယ်။

         လျှပ်စစ်ဓါတ်အား၊ ရေပေးဝေမှု ပြတ်တောက်ခြင်းတွေနဲ့ အခြားပြဿနာတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံ အားနည်းချက်တွေကြောင့် ကုမ္ပဏီတွေက ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့လိုနေတာဖြစ်ကြောင်း တနင်္လာနေ့က BEZA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တောင်ကိုရီးယား ကုမ္ပဏီတွေဟာ ဘင်္ဂလားဒေ့ရှ် စီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေကြတယ်လို့ BEZA က ဆိုပါတယ်။ တောင်ကိုရီးယား စက်မှုလုပ်ငန်း ကုမ္ပဏီ(KIC) ဟာလည်းပဲ အရှေ့အာရှနိုင်ငံများမှ ကုမ္ပဏီ ၁၀၀ လောက်လာရောက်လုပ်ကိုင်မယ့် ဘင်္ဂလားဒေ့ရှ်ရှိ စက်မှုဇုန်တစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ KIC  ကုမ္ပဏီဟာ မြန်မာနိုင်ငံ ပဲခူးမြို့နဲ့ မွန်ပြည်နယ်တို့မှာ ၂၀၁၃ ခုနှစ်ကစလို့ စက်မှုဇုန်နှစ်ခု လုပ်ကိုင်ဆောင်ရွက်နေခဲ့တာဖြစ်ကြောင်း ဒါပေမဲ့လည်း လျှပ်စစ်ဓါတ်အား၊ ရေပေးဝေမှု တို့လို အခြေခံအဆောက်အအုံဆိုင်ရာ ပြဿနာတွေကြောင့် ကိုရီးယား ကုမ္ပဏီတွေဟ လုပ်ငန်းရွှေ့ပြောင်းဖို့ စဉ်းစားလာရတာဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

        KIC ဟာ ဘင်္ဂလားဒေ့ရှ်မှာ စက်မှုဇုန်တစ်ခုတည်ဆောင်ဖို့ အစီအစဉ်တွေ ရေးဆွဲထားကာ ယင်း ဇုန်မှာ ကုမ္ပဏီ ၁၀၀ လောက်ကို နေရာခွဲဝေပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

               ၎င်းတို့တွေဟာ ကန်ဒေါ်လာ သန်း ၅၀၀ ကနဦး ရင်းနှီးမြှုပ်နှံဖို့ အစီအစဉ်ရေးဆွဲထားကာ အထည်၊ သားရေနဲ့ လက်ဝတ်ရတနာထုတ် စက်ရုံတွေ တည်ဆောက်ဖို့အတွက် မြေဧက ၄၀၀ တင်ပြထားကြောင်း BEZA က ပြောဆိုခဲ့ပါတယ်။

           ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ BEZA တို့က လိုအပ်တဲ့ မြေနေရာကို ဖော်ဆောင်ပေးပြီဆိုတာနဲ့ ချက်ချင်းလုပ်ငန်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ KIC စီအီးအို ဘေးဟိုချိုက ပြောဆိုကြောင်း BEZA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 

bdnews 24

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

ျမန္မာႏုိင္ငံရွိ ေတာင္ကုိရီးယား ကုမၸဏီ ၁၀၀ ေလာက္က  ဘဂၤလားေဒ့ရွ္သုိ ့ လုပ္ငန္းေျပာင္းေရႊ႕လုိေနဟု ဘဂၤလားေဒ့ရွ္ စီးပြားေရးဇုန္အာဏာပုိင္အဖြဲ႕ ေျပာ

              ျမန္မာႏုိင္ငံမွာ စီးပြားလုပ္ငန္းေတြအတြက္ သင့္ေလ်ာ္တဲ့ ၀န္းက်င္အေျခအေနမရွိတာေၾကာင့္ ေတာင္ကုိရီးယား ကုမၸဏီ ၁၀၀ ေလာက္ဟာ ျမန္မာကေန ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ေရႊ႕ေျပာင္းခ်င္ေနၾကေၾကာင္း ဘဂၤလားေဒ့ရွ္ စီးပြားေရးဇုန္ အာဏာပုိင္အဖြဲ႕(BEZA) က ေျပာဆုိခဲ့ပါတယ္။

         လွ်ပ္စစ္ဓါတ္အား၊ ေရေပးေ၀မႈ ျပတ္ေတာက္ျခင္းေတြနဲ႕ အျခားျပႆနာေတြ အပါအ၀င္ ျမန္မာႏုိင္ငံရဲ႕ အေျခခံ အေဆာက္အအုံ အားနည္းခ်က္ေတြေၾကာင့္ ကုမၸဏီေတြက ဘဂၤလားေဒ့ရွ္ကုိ ေျပာင္းေရႊ႕လုိေနတာျဖစ္ေၾကာင္း တနလၤာေန ့က BEZA ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ ေတာင္ကုိရီးယား ကုမၸဏီေတြဟာ ဘဂၤလားေဒ့ရွ္ စီးပြားေရးဇုန္ေတြမွာ ရင္းႏွီးျမွဳပ္ႏွံဖုိ ့ စိတ္အားထက္သန္ေနၾကတယ္လုိ ့ BEZA က ဆုိပါတယ္။ ေတာင္ကုိရီးယား စက္မႈလုပ္ငန္း ကုမၸဏီ(KIC) ဟာလည္းပဲ အေရွ႕အာရွႏုိင္ငံမ်ားမွ ကုမၸဏီ ၁၀၀ ေလာက္လာေရာက္လုပ္ကုိင္မယ့္ ဘဂၤလားေဒ့ရွ္ရွိ စက္မႈဇုန္တစ္ခုမွာ ရင္းႏွီးျမွဳပ္ႏွံဖုိ ့ စိတ္၀င္စားေနတယ္လုိ ့ ဆုိပါတယ္။ KIC  ကုမၸဏီဟာ ျမန္မာႏုိင္ငံ ပဲခူးၿမိဳ႕နဲ႕ မြန္ျပည္နယ္တုိ ့မွာ ၂၀၁၃ ခုႏွစ္ကစလုိ ့ စက္မႈဇုန္ႏွစ္ခု လုပ္ကုိင္ေဆာင္ရြက္ေနခဲ့တာျဖစ္ေၾကာင္း ဒါေပမဲ့လည္း လွ်ပ္စစ္ဓါတ္အား၊ ေရေပးေ၀မႈ တုိ ့လုိ အေျခခံအေဆာက္အအုံဆုိင္ရာ ျပႆနာေတြေၾကာင့္ ကုိရီးယား ကုမၸဏီေတြဟ လုပ္ငန္းေရႊ႕ေျပာင္းဖုိ ့ စဥ္းစားလာရတာျဖစ္ေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။

        KIC ဟာ ဘဂၤလားေဒ့ရွ္မွာ စက္မႈဇုန္တစ္ခုတည္ေဆာင္ဖုိ ့ အစီအစဥ္ေတြ ေရးဆြဲထားကာ ယင္း ဇုန္မွာ ကုမၸဏီ ၁၀၀ ေလာက္ကုိ ေနရာခြဲေ၀ေပးသြားမွာျဖစ္တယ္လုိ ့ ဆုိပါတယ္။

               ၄င္းတုိ ့ေတြဟာ ကန္ေဒၚလာ သန္း ၅၀၀ ကနဦး ရင္းႏွီးျမွဳပ္ႏွံဖုိ ့ အစီအစဥ္ေရးဆြဲထားကာ အထည္၊ သားေရနဲ႕ လက္၀တ္ရတနာထုတ္ စက္ရုံေတြ တည္ေဆာက္ဖုိ ့အတြက္ ေျမဧက ၄၀၀ တင္ျပထားေၾကာင္း BEZA က ေျပာဆုိခဲ့ပါတယ္။

           ဘဂၤလားေဒ့ရွ္ အစုိးရနဲ႕ BEZA တုိ ့က လုိအပ္တဲ့ ေျမေနရာကုိ ေဖာ္ေဆာင္ေပးၿပီဆုိတာနဲ႕ ခ်က္ခ်င္းလုပ္ငန္းေဆာင္ရြက္သြားမွာျဖစ္တယ္လုိ ့ KIC စီအီးအုိ ေဘးဟုိခ်ဳိက ေျပာဆုိေၾကာင္း BEZA ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

bdnews 24

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။