Skip to main content
အလယ်တန်းပြ ကျောင်းအုပ်တစ်ဦးထံမှ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Ads Block

အလယ်တန်းပြ ကျောင်းအုပ်တစ်ဦးထံမှ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာတစ်ဦးထံမှ WY စာတမ်းပါ စိတ်ကြွ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု တစ်ခု နိုဝင်ဘာလ ၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေစကြိုမြို့နယ် အမှတ်(၇) နှစ်ထောင်ပြည့်ရပ်ကွက်နေ သရက်ပင်ကန် ကျေးရွာအုပ်စု၊ ထန်းပင်ချောင်း ကျေးရွာအ လယ်တန်းကျောင်း ကျောင်းအုပ်ဆရာ ဦးဝင်းထက်နောင်ထံမှ WY စာတမ်းပါ မူးယစ်ဆေးဝါးများကို နိုဝင်ဘာ ၃ ရက်ည ၉ နာ ရီအချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ရေစကြိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးသတင်းအရ အမှတ်(၇) နှစ်ထောင်ပြည့်ရပ်ကွက် လဝန်းသစ်လမ်းပေါ် တွင် စောင့်ဆိုင်းနေစဉ် ကျောင်းအုပ်ဆရာ ဝင်းထက်နောင်သည် လဝန်းသစ်လမ်း ဘယ်ဘက်ခြမ်းအတိုင်း တောင်မှ မြောက်သို့ လမ်းလျှောက်လာသည်ကို တွေ့ရှိ၍ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခဲ့ရာ ၎င်း၏ ခန္ဒာကိုယ်ပေါ်မှ မူးယစ်ဆေးဝါးများမတွေ့ ရှိရသည့်အတွက် ဆက်လက်မေးမြန်းခဲ့ရာ လဝန်းသစ်လမ်းထိပ် ယာဘက်ဘေးရေမြောင်း အနီးတွင် ဝှက်သိမ်းထားသည့် ကွမ်းယာအိတ်အတွင်း မီးတိတ်အနက်ဖြင့် ပတ်ထားသည့် WY စာတမ်းပါ စိတ်ကြွဆေးပြား (၆၇)ပြား(၆.၇)ဂရမ်ခန့် ကာလတန်ဖိုး တစ်ပြား (၅၀၀၀) ကျပ်နှုန်းဖြင့် တန်ဖိုးငွေ (၃၃၅၀၀၀) ကျပ်ခန့်တို့အား သက်သေများရှေ့တွင်ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အ.လ.က ထန်းပင်ချောင်းကျေးရွာ၌ တာဝန်ထမ်းဆောင်နေသည့် အလယ်တန်း ကျောင်အုပ်ဆ ရာ ဦးဝင်းထက်နောင်အား ရေစကြိုမြို့မရဲစခန်းမှ မယ(ပ)၁/၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတပ်သော ဆေးဝါး များ ဆိုင်ရာ ဥပဒေပုဒ်မ - ၁၉(က)ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရေစကြိုမြို့မရဲစခန်းမှ သိရသည်။

ထိန်လင်း - ရေစကြို(အကုန်သိသတင်းဌာန)

Zawgyi Version

အလယ္တန္းျပ ေက်ာင္းအုပ္တစ္ဦးထံမွ WY စာတမ္းပါ စိတ္ႂကြမူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

မေကြးတိုင္းေဒသႀကီး ပခုကၠဴခ႐ိုင္ ေရစႀကိဳၿမိဳ႕နယ္တြင္ အလယ္တန္းေက်ာင္း ေက်ာင္းအုပ္ဆရာတစ္ဦးထံမွ WY စာတမ္းပါ စိတ္ၾကြ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိမႈ တစ္ခု ႏို၀င္ဘာလ ၃ ရက္ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္္မွာ ေရစႀကိဳၿမိဳ႕နယ္ အမွတ္(၇) ႏွစ္ေထာင္ျပည့္ရပ္ကြက္ေန သရက္ပင္ကန္ ေက်းရြာအုပ္စု၊ ထန္းပင္ေခ်ာင္း ေက်းရြာအ လယ္တန္းေက်ာင္း ေက်ာင္းအုပ္ဆရာ ဦး၀င္းထက္ေနာင္ထံမွ WY စာတမ္းပါ မူးယစ္ေဆး၀ါးမ်ားကို ႏို၀င္ဘာ ၃ ရက္ည ၉ နာ ရီအခ်ိန္တြင္ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။

ေရစႀကိဳၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႔၀င္မ်ားက မူးယစ္ေဆး၀ါးသတင္းအရ အမွတ္(၇) ႏွစ္ေထာင္ျပည့္ရပ္ကြက္ လ၀န္းသစ္လမ္းေပၚ တြင္ ေစာင့္ဆိုင္းေနစဥ္ ေက်ာင္းအုပ္ဆရာ ၀င္းထက္ေနာင္သည္ လ၀န္းသစ္လမ္း ဘယ္ဘက္ျခမ္းအတိုင္း ေတာင္မွ ေျမာက္သို႔ လမ္းေလ်ွာက္လာသည္ကို ေတြ႔႐ွိ၍ သက္ေသမ်ားႏွင့္အတူ ႐ွာေဖြစစ္ေဆးခဲ့ရာ ၄င္း၏ ခႏၵာကိုယ္ေပၚမွ မူးယစ္ေဆး၀ါးမ်ားမေတြ႔ ႐ွိရသည့္အတြက္ ဆက္လက္ေမးျမန္းခဲ့ရာ လ၀န္းသစ္လမ္းထိပ္ ယာဘက္ေဘးေရေျမာင္း အနီးတြင္ ၀ွက္သိမ္းထားသည့္ ကြမ္းယာအိတ္အတြင္း မီးတိတ္အနက္ျဖင့္ ပတ္ထားသည့္ WY စာတမ္းပါ စိတ္ႂကြေဆးျပား (၆၇)ျပား(၆.၇)ဂရမ္ခန္႔ ကာလတန္ဖိုး တစ္ျပား (၅၀၀၀) က်ပ္ႏႈန္းျဖင့္ တန္ဖိုးေငြ (၃၃၅၀၀၀) က်ပ္ခန္႔တို႔အား သက္ေသမ်ားေ႐ွ႕တြင္႐ွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အ.လ.က ထန္းပင္ေခ်ာင္းေက်းရြာ၌ တာ၀န္ထမ္းေဆာင္ေနသည့္ အလယ္တန္း ေက်ာင္အုပ္ဆ ရာ ဦး၀င္းထက္ေနာင္အား ေရစႀကိဳၿမိဳ႕မရဲစခန္းမွ မယ(ပ)၁/၂၀၁၉ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကိုေျပာင္းလဲေစတပ္ေသာ ေဆး၀ါး မ်ား ဆိုင္ရာ ဥပေဒပုဒ္မ - ၁၉(က)ျဖင့္ အမႈဖြင့္လွစ္ကာ စံုစမ္းစစ္ေဆးမႈမ်ား ေဆာင္ရြက္လ်က္႐ွိေၾကာင္း ေရစႀကိဳၿမိဳ႕မရဲစခန္းမွ သိရသည္။

ထိန္လင္း - ေရစႀကိဳ(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။