Skip to main content
သွေးမတိတ်ရောဂါ ဝေဒနာရှင်များအတွက် အရိုးတွင်းဆေးထိုးကုသမည်
Ads Block

သွေးမတိတ်ရောဂါ ဝေဒနာရှင်များအတွက် အရိုးတွင်းဆေးထိုးကုသမည်

သွေးမတိတ်ရောဂါဝေဒနာရှင်များအတွက် ခွဲစိတ်ကုသမည့်အစား အရိုးတွင်းသို့ ဆေးထိုးကုသသည့် နည်းပညာကို လူနာ (၅)ဦး အား စမ်းသပ်ကုသသွားမည်ဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံမှ Clinical Fellow in Paediatric Haemato-oncology မှ ပါမောက္ခ ဒေါက်တာအေးအေးခိုင်က ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် WFH တို့ ပူးပေါင်းဆောင်ရွက်သည့် Musculoskeletal USG training for Individuals with Inherited Bleeding disorders and Workshop for radioactive synovectomy implementation in individuals with Hemophilic Arthropathy ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အခုဆိုရင် သွေးမတိတ်တဲ့ ရောဂါဝေဒနာရှင်တွေအတွက် ခွဲစိတ်ကုသစရာမလိုတော့ဘူး။ အရိုးတွင်းဆေးသွင်း ကုသတဲ့ နည်း ကို စမ်းသပ်အသုံးပြုမယ်။ အဲဒီအတွက် လူနာ(၅)ဦးကို ရွေးချယ်သွားမယ်။ ဘာလို့လူနာ (၅) ဦးလဲဆိုရင်သူတို့ဘက်ကလည်း (၅) ဦး စာပဲထောက်ပံ့ပေးထားတယ်။ ဒီလူနာ(၅)ဦးကို စမ်းသပ်ပြီးရင် သီးသန့်အခန့်ထဲမှာ ထည့်ထားပြီးတော့ စောင့်ကြည့်ရ မယ်။ အောင်မြင်ရင် နောက်ခြောက်လနေရင် နောက်တစ်သုတ်ထပ်လုပ်မယ်”ဟု ရန်ကုန်ကလေးဆေးရုံမှ Clinical Fellow in Paediatric Haemato-oncology မှ ပါမောက္ခ ဒေါက်တာအေးအေးခိုင်က ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သွေးမတိတ်ရောဂါ ဝေဒနာရှင်ပေါင်း ၃၉၀၀ ကျော်ရှိပြီး ၎င်းတို့ကို ရန်ကုန်ကလေးဆေးရုံ၊ ရန် ကုန်ဆေးရုံကြီး၊ မန္တလေး ကလေးဆေးရုံနှင့် မန္တလေး ဆေးရုံကြီးတို့တွင် ကုသမှုပေးနေပြီး မှတ်ပုံတင်ထားသည့် လူနာပေါင်း ၆၀၀ နီးပါးရှိကာ  ၆၀ ဝန်းကျင်မှာ ပြင်းထန်ဝေဒနာခံစားနေရကြောင်း သိရသည်။

မကြာခင် စမ်းသပ်အသုံးပြုမည့် အရိုးတွင်းသို့ ဆေးထိုးကုသသည့် နည်းပညာအောင်မြင်ခဲ့ပါက ၈၀ ရာခိုင်နှုန်းပြန်လည် ကောင်း မွန်လာနိုင်ကြောင်း သိရသည်။

 “သွေးမတိတ်တဲ့ ရောဂါဝေဒနာရှင်တွေ သွေးသွင်း ကုသနေရတာ ထောင်နဲ့ချီရှိတယ်။ သူတို့ကိုသွင်းနေတဲ့ သွေးကလည်း တစ် ယူနစ်ကို တစ်ဒေါ်လာပေးရတယ်။ တစ်ယောက်ကို ၂၅၀ နဲ့ ၁၀၀၀ လောက်သွင်းရတယ်။ ပိုက်ဆံပိုကုန်တယ်။ ဒီစမ်းသပ်မှု အောင်မြင်သွားလို့ရှိရင် ဆေးက တစ်ပုလင်းကို သိန်းလေးဆယ်နဲ့ ဝယ်ရမယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဝယ်မှာပါ။ အခုစမ်း သပ်တာကတော့ လှူတာပါ”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သွေးမတိတ်ရောဂါ လက္ခဏာမှာ အကြောင်းရင်းမရှိဘဲ သွေးချေဥလွယ်ခြင်း၊ ဓမ္မတာများခြင်း၊ မကြာခဏ နှာခေါင်းသွေးလျှံ တတ်ခြင်း၊ ဒဏ်ရာအသေးစားလေးများမှ သွေးအလွန်အကျွံထွက်တတ်ခြင်း၊ အဆစ်များထဲမှ သွေးယိုဆီးခြင်းများ ဖြစ်ပေါ် တတ်ကြောင်း သိရသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

Zawgyi Version

ေသြးမတိတ္ေရာဂါ ေဝဒနာရွင္မ်ားအတြက္ အရိုးတြင္းေဆးထိုးကုသမည္

ေသြးမတိတ္ေရာဂါေဝဒနာရွင္မ်ားအတြက္ ခြဲစိတ္ကုသမည့္အစား အရိုးတြင္းသို႔ ေဆးထိုးကုသသည့္ နည္းပညာကို လူနာ (၅)ဦး အား စမ္းသပ္ကုသသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ကေလးေဆးရုံမွ Clinical Fellow in Paediatric Haemato-oncology မွ ပါေမာကၡ ေဒါက္တာေအးေအးခိုင္က ေျပာသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနႏွင့္ WFH တို႔ ပူးေပါင္းေဆာင္ရြက္သည့္ Musculoskeletal USG training for Individuals with Inherited Bleeding disorders and Workshop for radioactive synovectomy implementation in individuals with Hemophilic Arthropathy ဖြင့္ပြဲအခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ အခုဆိုရင္ ေသြးမတိတ္တဲ့ ေရာဂါေဝဒနာရွင္ေတြအတြက္ ခြဲစိတ္ကုသစရာမလိုေတာ့ဘူး။ အရိုးတြင္းေဆးသြင္း ကုသတဲ့ နည္း ကို စမ္းသပ္အသံုးျပဳမယ္။ အဲဒီအတြက္ လူနာ(၅)ဦးကို ေရြးခ်ယ္သြားမယ္။ ဘာလို႔လူနာ (၅) ဦးလဲဆိုရင္သူတို႔ဘက္ကလည္း (၅) ဦး စာပဲေထာက္ပံ့ေပးထားတယ္။ ဒီလူနာ(၅)ဦးကို စမ္းသပ္ၿပီးရင္ သီးသန္႔အခန္႔ထဲမွာ ထည့္ထားၿပီးေတာ့ ေစာင့္ၾကည့္ရ မယ္။ ေအာင္ျမင္ရင္ ေနာက္ေျခာက္လေနရင္ ေနာက္တစ္သုတ္ထပ္လုပ္မယ္”ဟု ရန္ကုန္ကေလးေဆးရုံမွ Clinical Fellow in Paediatric Haemato-oncology မွ ပါေမာကၡ ေဒါက္တာေအးေအးခိုင္က ေျပာသည္။

တစ္ႏိုင္ငံလံုး အတိုင္းအတာျဖင့္ ေသြးမတိတ္ေရာဂါ ေဝဒနာရွင္ေပါင္း ၃၉၀၀ ေက်ာ္ရွိၿပီး ၄င္းတို႔ကို ရန္ကုန္ကေလးေဆးရံု၊ ရန္ ကုန္ေဆးရံုႀကီး၊ မႏၱေလး ကေလးေဆးရံုႏွင့္ မႏၱေလး ေဆးရံုႀကီးတို႔တြင္ ကုသမႈေပးေနၿပီး မွတ္ပံုတင္ထားသည့္ လူနာေပါင္း ၆၀၀ နီးပါးရွိကာ  ၆၀ ဝန္းက်င္မွာ ျပင္းထန္ေဝဒနာခံစားေနရေၾကာင္း သိရသည္။

မၾကာခင္ စမ္းသပ္အသံုးျပဳမည့္ အရိုးတြင္းသို႔ ေဆးထိုးကုသသည့္ နည္းပညာေအာင္ျမင္ခဲ့ပါက ၈၀ ရာခိုင္ႏႈန္းျပန္လည္ ေကာင္း မြန္လာႏိုင္ေၾကာင္း သိရသည္။

 “ေသြးမတိတ္တဲ့ ေရာဂါေဝဒနာရွင္ေတြ ေသြးသြင္း ကုသေနရတာ ေထာင္နဲ႔ခ်ီရွိတယ္။ သူတို႔ကိုသြင္းေနတဲ့ ေသြးကလည္း တစ္ ယူနစ္ကို တစ္ေဒၚလာေပးရတယ္။ တစ္ေယာက္ကို ၂၅၀ နဲ႔ ၁၀၀၀ ေလာက္သြင္းရတယ္။ ပိုက္ဆံပိုကုန္တယ္။ ဒီစမ္းသပ္မႈ ေအာင္ျမင္သြားလို႔ရွိရင္ ေဆးက တစ္ပုလင္းကို သိန္းေလးဆယ္နဲ႔ ဝယ္ရမယ္။ က်န္းမာေရးဝန္ႀကီးဌာနက ဝယ္မွာပါ။ အခုစမ္း သပ္တာကေတာ့ လွဴတာပါ”ဟု ၄င္းက ဆက္လက္ေျပာၾကားခဲ့သည္။

ေသြးမတိတ္ေရာဂါ လကၡဏာမွာ အေၾကာင္းရင္းမရွိဘဲ ေသြးေခ်ဥလြယ္ျခင္း၊ ဓမၼတာမ်ားျခင္း၊ မၾကာခဏ ႏွာေခါင္းေသြးလွ်ံ တတ္ျခင္း၊ ဒဏ္ရာအေသးစားေလးမ်ားမွ ေသြးအလြန္အကြ်ံထြက္တတ္ျခင္း၊ အဆစ္မ်ားထဲမွ ေသြးယိုဆီးျခင္းမ်ား ျဖစ္ေပၚ တတ္ေၾကာင္း သိရသည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။