Skip to main content
အကြောင်းပြချက်မရှိဘဲ အုပ်စုလိုက်ဝိုင်းရိုက်၍ ၁၉ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံး
Ads Block

အကြောင်းပြချက်မရှိဘဲ အုပ်စုလိုက်ဝိုင်းရိုက်၍ ၁၉ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံး

ရန်ငြိုးရန်စမရှိဘဲ လူတစ်ဦးကို ဝိုင်းဝန်းရိုက်သတ်ခဲ့သည့် လူသတ်မှုဖြစ်စဉ်တစ်ခု မွန်ပြည်နယ် သထုံမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သာယာကုန်းကျေးရွာနေ အေးချမ်းတိမ်လွှာ(၁၉)နှစ်နှင့် မဝေေ၀ဇာ(၁၉)နှစ်တို့ သမီးရည်းစားနှစ်ဦး သည် နိုဝင်ဘာလ ၂ ရက်၊ ည ၇ နာရီခွဲတွင် နောင်ကုလားရှမ်းရွာဘုရားပွဲသို့ သွားရောက်လည်ပတ်ခဲ့ကြသည်ဟု သိရသည်။

ထိုနောက်ရွာသို့ ပြန်ရောက်ခဲ့ကြပြီးမှ ည ၉ နာရီခွဲတွင် ပြဇာတ်ကြည့်ရန် အလို့ငှာဆိုင်ကယ်ဖြင့် ထပ်မံ၍ ထွက်ခွာလာခဲ့ကြရာ နောင်ကုလား အလယ်ရွာသုခ (၂) လမ်းထိပ်အရောက်၌ လူငယ် ၁၀ ဦးကျော်တို့က အေးချမ်းတိမ်လွှာ ၁၉ နှစ်ကို ဆိုင်ကယ် ပေါ်မှ ဆွဲချပြီး ဝိုင်းဝန်းကန်ကျောက်ကာ အုတ်ခဲကျိုးများဖြင့် ရိုက်နှက်ခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မေတ္တာရှင်အရေးပေါ် လူမှုကူညီကယ်ဆယ်ရေး(နောင်ကုလား ရှမ်းရွာ)အဖွဲ့က သွားရောက်ပြီး ဒဏ်ရာရရှိသူကို သထုံဆေးရုံသို့ တင်ပို့ပေးခဲ့ရာ မသက်သာသည့်အတွက်ကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကုပေးစဉ် နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်း၌ အေးချမ်းတိမ်လွှာ(၁၉)နှစ်မှာ ရိုက်နှက်ခံထားရသည့်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“သူတို့ချစ်သူစုံတွဲ ပွဲကြည့်ဖို့ထွက်လာခဲ့ရာကနေ အခင်းဖြစ်နေရာအရောက်မှာ သောက်စားနေကြတဲ့ ယောကျ်ားလေးအုပ်စုက ဘာအကြောင်းရင်းမှ မရှိဘဲနဲ့ အခုလိုဝိုင်းရိုက်ကြတာတဲ့ဗျ။ လက်ရှိ ၁၀ ဦးကိုဖမ်းမိထားပြီး ဘာလို့အခုလိုလုပ်တာလဲ စစ်မေး တော့လည်း ဒီလိုပဲ လုပ်လိုက်မိတာလို့ ပြန်ဖြေကြတယ်။ ပြီးတော့ သိဖူးမြင်ဖူးခြင်းလည်း မရှိဘူးတဲ့။ နောက်ထပ် ၂ ယောက် လောက် ဖမ်းဆီးဖို့ ကျန်ဦးမယ်ထင်တယ်။ လုပ်ဆောင်နေကြဆဲပါ”ဟု သထုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိ သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် သထုံမြို့မရဲစခန်း၌ (ပ)၂၃၀၄/၂၀၁၉ ၊ ပုဒ်မ -၃၀၂/၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။    

ဓာတ်ပုံ - နေမင်း(သထုံ)

ဒါးဇ(အကုန်သိသတင်းဌာန)

Zawgyi Version

အေၾကာင္းျပခ်က္မရွိဘဲ အုပ္စုလိုက္၀ိုင္းရိုက္၍ ၁၉ ႏွစ္အရြယ္ လူငယ္တစ္ဦးေသဆံုး

ရန္ၿငိဳးရန္စမရွိဘဲ လူတစ္ဦးကို ၀ိုင္း၀န္းရိုက္သတ္ခဲ့သည့္ လူသတ္မႈျဖစ္စဥ္တစ္ခု မြန္ျပည္နယ္ သထံုၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မြန္ျပည္နယ္၊ သထံုၿမိဳ႕နယ္၊ သာယာကုန္းေက်းရြာေန ေအးခ်မ္းတိမ္လႊာ(၁၉)ႏွစ္ႏွင့္ မေ၀ေ၀ဇာ(၁၉)ႏွစ္တို႔ သမီးရည္းစားႏွစ္ဦး သည္ ႏို၀င္ဘာလ ၂ ရက္၊ ည ၇ နာရီခြဲတြင္ ေနာင္ကုလားရွမ္းရြာဘုရားပြဲသို႔ သြားေရာက္လည္ပတ္ခဲ့ၾကသည္ဟု သိရသည္။

ထိုေနာက္ရြာသို႔ ျပန္ေရာက္ခဲ့ၾကၿပီးမွ ည ၉ နာရီခြဲတြင္ ျပဇာတ္ၾကည့္ရန္ အလို႔ငွာဆိုင္ကယ္ျဖင့္ ထပ္မံ၍ ထြက္ခြာလာခဲ့ၾကရာ ေနာင္ကုလား အလယ္ရြာသုခ (၂) လမ္းထိပ္အေရာက္၌ လူငယ္ ၁၀ ဦးေက်ာ္တို႔က ေအးခ်မ္းတိမ္လႊာ ၁၉ ႏွစ္ကို ဆိုင္ကယ္ ေပၚမွ ဆြဲခ်ၿပီး ၀ိုင္း၀န္းကန္ေက်ာက္ကာ အုတ္ခဲက်ိဳးမ်ားျဖင့္ ရိုက္ႏွက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ေမတၱာရွင္အေရးေပၚ လူမွဳကူညီကယ္ဆယ္ေရး(ေနာင္ကုလား ရွမ္းရြာ)အဖြဲ႔က သြားေရာက္ၿပီး ဒဏ္ရာရရွိသူကို သထံုေဆးရံုသို႔ တင္ပို႔ေပးခဲ့ရာ မသက္သာသည့္အတြက္ေၾကာင့္ ရန္ကုန္ေဆးရံုႀကီးသို႔ ဆက္လက္ပို႔ေဆာင္ကုေပးစဥ္ ႏို၀င္ဘာလ ၃ ရက္ နံနက္ပိုင္း၌ ေအးခ်မ္းတိမ္လႊာ(၁၉)ႏွစ္မွာ ရိုက္ႏွက္ခံထားရသည့္ဒဏ္ရာမ်ားေၾကာင့္ ေသဆံုးသြားခဲ့ရေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

“သူတို႔ခ်စ္သူစံုတြဲ ပြဲၾကည့္ဖို႔ထြက္လာခဲ့ရာကေန အခင္းျဖစ္ေနရာအေရာက္မွာ ေသာက္စားေနၾကတဲ့ ေယာက်္ားေလးအုပ္စုက ဘာအေၾကာင္းရင္းမွ မရွိဘဲနဲ႔ အခုလို၀ိုင္းရိုက္ၾကတာတဲ့ဗ်။ လက္ရွိ ၁၀ ဦးကိုဖမ္းမိထားၿပီး ဘာလို႔အခုလိုလုပ္တာလဲ စစ္ေမး ေတာ့လည္း ဒီလိုပဲ လုပ္လုိက္မိတာလို႔ ျပန္ေျဖၾကတယ္။ ၿပီးေတာ့ သိဖူးျမင္ဖူးျခင္းလည္း မရွိဘူးတဲ့။ ေနာက္ထပ္ ၂ ေယာက္ ေလာက္ ဖမ္းဆီးဖို႔ က်န္ဦးမယ္ထင္တယ္။ လုပ္ေဆာင္ေနၾကဆဲပါ”ဟု သထံုၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိ သတင္းဌာနသို႔ ေျပာသည္။

လက္ရွိတြင္ သထံုၿမိဳ႕မရဲစခန္း၌ (ပ)၂၃၀၄/၂၀၁၉ ၊ ပုဒ္မ -၃၀၂/၁၁၄ တို႔ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။    

ဓာတ္ပံု - ေနမင္း(သထံု)

ဒါးဇ(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။