Skip to main content
လူ(၈)ယောက်နှင့် အလောင်း(၁) လောင်းကို ပြန်လွှတ်ပေးခဲ့သော်လည်း ချင်းအမတ်ကို AA က ဆက်လက်ထိမ်းသိမ်းထား
Ads Block

လူ(၈)ယောက်နှင့် အလောင်း(၁) လောင်းကို ပြန်လွှတ်ပေးခဲ့သော်လည်း ချင်းအမတ်ကို AA က ဆက်လက်ထိမ်းသိမ်းထား

ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းပါဝင်သည့် အဖွဲ့အား AA မှ ဖမ်းဆီးထားရမှ ယနေ့မနက်ပိုင်းတွင် လူ (၈)ဦးနှင့် အလောင်း (၁)လောင်း ပြန်လွှတ်ပေးခဲ့ပြီး ဦးဝှေ့တင်းအား မေးမြန်းစရာရှိသည်ဟုဆိုကာ ဆက်လက် ထိမ်းသိမ်းထားကြောင်း သိရသည်။

လူ(၈)ယောက်နှင့် အလောင်း(၁) လောင်းကို ပြန်လွှတ်ပေးခဲ့သော်လည်း ချင်းအမတ်ကို AA က ဆက်လက်ထိမ်းသိမ်းထား

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းသည် လွှတ်တော်တက်ရန်အတွက် လာရောက်စဉ် ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။

“သူကနေတာ ပလက်ဝမှာလေ။ အဲဒါလွှတ်တော်တက်ဖို့အလာမှာ ဖမ်းခံရတာ။ အဲဒီကနေ စက်လှေစီးလာတာ။ အဲဒီမှာ အိန္ဒိယ နိုင်ငံသားတွေလည်းပါတယ်။ အခု ၉ ဦးပြန်လွှတ်လာတယ်။ သူတို့က ဘာသာပြန်နဲ့ တစ်ဆင့်ပြန်ပြောပြတာတော့ ဦးဝှေ့တင်းကို မေးစရာရှိလို့ဆိုပြီး AA က ခေါ်ထားလိုက်တယ်ဆိုတယ်။ အဲဒီတော့ သူတို့မေးစရာရှိတာမေးပြီးရင်လည်း အမြန်ဆုံးပြန်လွှတ်ပေး ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ အခုလောလောဆယ် ဦးဝှေ့တင်းကိစ္စကို ပြည်ထောင်စုအစိုးရရော၊ ပြည်ထဲရေး၊ ကာကွယ် ရေး စတဲ့ဝန်ကြီးဌာနတွေရော အဆင့်ဆင့်တင်ပြထားတယ်။ NRPC ကိုလည်း ပြောထားတော့ ဆက်လုပ်နေကြပါတယ်” ဟု ဝန် ကြီး ဦးစိုးထက်ကပြောသည်။

ဦးဝှေ့တင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ  ဝင် ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version 

လူ(၈)ေယာက္ႏွင့္ အေလာင္း(၁) ေလာင္းကို ျပန္လႊတ္ေပးခဲ့ေသာ္လည္း ခ်င္းအမတ္ကို AA က ဆက္လက္ထိမ္းသိမ္းထား

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကုိယ္စားလွယ္ ဦးေ၀ွ႔တင္းပါ၀င္သည့္ အဖြဲ႔အား AA မွ ဖမ္းဆီးထားရမွ ယေန႔မနက္ပိုင္းတြင္ လူ (၈)ဦးႏွင့္ အေလာင္း (၁)ေလာင္း ျပန္လႊတ္ေပးခဲ့ၿပီး ဦးေ၀ွ႕တင္းအား ေမးျမန္းစရာရွိသည္ဟုဆုိကာ ဆက္လက္ ထိမ္းသိမ္းထားေၾကာင္း သိရသည္။

အမ်ိဳးသားလႊတ္ေတာ္ ကုိယ္စားလွယ္ ဦးေ၀ွ႔တင္းသည္ လႊတ္ေတာ္တက္ရန္အတြက္ လာေရာက္စဥ္ ယခုကဲ့သုိ႔ အဖမ္းခံရျခင္း ျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစုိးရအဖြဲ႔မွ စည္ပင္သာယေရး၀န္ႀကီး ဦးစုိးထက္က ေျပာသည္။

“သူကေနတာ ပလက္၀မွာေလ။ အဲဒါလႊတ္ေတာ္တက္ဖုိ႔အလာမွာ ဖမ္းခံရတာ။ အဲဒီကေန စက္ေလွစီးလာတာ။ အဲဒီမွာ အိႏၵိယ ႏုိင္ငံသားေတြလည္းပါတယ္။ အခု ၉ ဦးျပန္လႊတ္လာတယ္။ သူတုိ႔က ဘာသာျပန္နဲ႔ တစ္ဆင့္ျပန္ေျပာျပတာေတာ့ ဦးေ၀ွ႔တင္းကုိ ေမးစရာရွိလုိ႔ဆုိၿပီး AA က ေခၚထားလုိက္တယ္ဆုိတယ္။ အဲဒီေတာ့ သူတုိ႔ေမးစရာရွိတာေမးၿပီးရင္လည္း အျမန္ဆုံးျပန္လႊတ္ေပး ဖုိ႔ ကြ်န္ေတာ္တုိ႔ ေတာင္းဆုိပါတယ္။ အခုေလာေလာဆယ္ ဦးေ၀ွ႔တင္းကိစၥကုိ ျပည္ေထာင္စုအစုိးရေရာ၊ ျပည္ထဲေရး၊ ကာကြယ္ ေရး စတဲ့၀န္ႀကီးဌာနေတြေရာ အဆင့္ဆင့္တင္ျပထားတယ္။ NRPC ကုိလည္း ေျပာထားေတာ့ ဆက္လုပ္ေနၾကပါတယ္” ဟု ၀န္ ႀကီး ဦးစုိးထက္ကေျပာသည္။

ဦးေ၀ွ႔တင္းသည္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီမွ ၂၀၁၅ ေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၁) မွ  ၀င္ ေရာက္ယွဥ္ၿပဳိင္ကာ အႏုိင္ရရွိခဲ့သည့္ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္တစ္ဦးျဖစ္သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။