Skip to main content
ဘုန်းကြီးချင်းပုဆိန်ဖြင့်ခုတ်သတ်မှု ပြည်မြို့၌ဖြစ်ပွား
Ads Block

ဘုန်းကြီးချင်းပုဆိန်ဖြင့်ခုတ်သတ်မှု ပြည်မြို့၌ဖြစ်ပွား

ဘုန်းကြီးအချင်းချင်း ပုဆိန်ဖြင့်ခုတ်သတ်မှု ပြည်မြို့တွင်ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဘုန်းကြီးချင်းပုဆိန်ဖြင့်ခုတ်သတ်မှု ပြည်မြို့၌ဖြစ်ပွား

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေဟင်္သာအရှေ့ပေါက်၊ ပုပ္ပရုံကျောင်းတိုက်တွင် လူသတ်မှုဖြစ်ပွားကြောင်း ယနေ့(နိုဝင်ဘာလ ၁ ရက်)နေ့လယ် ၂ နာရီတွင် သတင်းပေးချက်ကြောင့် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက အသိသက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ကြသည်။

စစ်ဆေးချက်အရ အခင်းဖြစ်ကျောင်းတိုက်အတွင်း ဒဏ်ရာများဖြင့်ပျံလွန်တော်မူသွားသည့် ဘုန်းကြီးတစ်ပါးကို တွေ့ရှိသဖြင့် အလောင်းကိုရင်ခွဲရုံသို့ပို့ဆောင်စစ်ဆေးနေကာ ပုဆိန်ဖြင့်ခုတ်သည့်ဘုန်းကြီးကိုလည်း ဖမ်းဆီးထားပြီဖြစ်ကြောင်း သိရသည်။

“ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုအခုမှစစ်ဆေးနေဆဲရှိနေသေးတယ်ဗျာ။ပြီးမှ ပြန်ဆက်သွယ်ပေးပါ။ အမှုဖွင့်ဖို့ကိစ္စတွေလုပ်ဆောင်နေရဆဲမို့ပါ” ဟု ပြည်မြို့နယ်၊ အမှတ်(၂)မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ပြည်မြို့နယ်၊ အမှတ်(၂)မြို့မရဲစခန်း၌ လူသတ်မှုဖြင့်အမှုဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ 

ဓာတ်ပုံ - ပြည့်သဲမောင်(ပြည်)

ဒါးဇ(အကုန်သိသတင်းဌာန)

Zawgyi Version 








ဒါးဇ(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။