Skip to main content
မီးပွိုင့်စောင့်နေသော ဆိုင်ကယ်ကိုဝင်တိုက်ခဲ့သည့် ပြိုင်ကားမောင်းသူကို ထောင်ဒဏ် ၉ နှစ်ချမှတ်
Ads Block

မီးပွိုင့်စောင့်နေသော ဆိုင်ကယ်ကိုဝင်တိုက်ခဲ့သည့် ပြိုင်ကားမောင်းသူကို ထောင်ဒဏ် ၉ နှစ်ချမှတ်

မီးပွိုင့်မိပြီးရပ်နေသည့်ဆိုင်ကယ်ကိုဝင်တိုက်သည့် ပြိုင်ကားမောင်းသူအား ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ နံနက်အစောပိုင်းက မန္တလေးမြို့၊ တောင်ဘက် ၇၈ လမ်းနှင့် ၂၆ လမ်းထောင့်ရှိမီးပွိုင့်တွင် မီးနီနေသည့်အတွက် ရပ်စောင့်နေသည့်ဆိုင်ကယ်ကို အနီရောင်ပြိုင်ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဝင်တိုက်ခံရသည့်အတွက် ဆိုင်ကယ်ပေါ်ပါ ၂ ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါရုပ်သံမှာ Facebook စာမျက်နှာပေါ်တွင် ပြန့်နှံ့ခဲ့ပြီး ဝေဖန်မှုများရှိခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ပြိုင်ကားမောင်းခဲ့သည့် ယာဉ်မောင်းအား အောင်မြေသာစံမြို့နယ်တရားရုံး၌ ယနေ့(အောက်တိုဘာလ ၃၁ ရက်)တွင် ၃၀၄(က)ဖြင့် ၇ နှစ် ၊ ပုဒ်မ ၂၇၉ ဖြင့်ထောင်ဒက် ၂ နှစ်၊ စုစုပေါင်း ၉ နှစ်ကို သီးခြားစီကျခံရမည်ဟု အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“ ချမှတ်တဲ့အမိန့်အပေါ်မှာဘာမှပြောစရာမရှိပါဘူး။ တရားရုံးရဲ့ သူရဲ့အာဏာအတိုင်းအပြည့်ချပါတယ်။ ရှေ့နေတစ်ယောက်အနေနဲ့ပြောစရာမရှိပေမဲ့ နစ်နာသူတွေဘက်ကတော့ တန်ဖိုးရှိတဲ့အသက် ၂ ချောင်း ဆုံးရှုံးခဲ့တယ်။ ဒီအသက်နှစ်ချောင်းဆုံးရှုံးခဲ့ပေမဲ့ ဒီတရားခံကအခုလိုပဲဆိုတော့ အဆင်တော့ ဘယ်ပြေနိုင်မလဲ” ဟု တရားခံ၏ရှေ့နေဖြစ်သူ ကိုရဲရင့်ဝေက ပြောသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

Zawgyi Version

မီးပြိဳင့္ေစာင့္ေနေသာ ဆိုင္ကယ္ကို၀င္တုိက္ခဲ့သည့္ ၿပိဳင္ကားေမာင္းသူကို ေထာင္ဒဏ္ ၉ ႏွစ္ခ်မွတ္

မီးပြိဳင့္မိၿပီးရပ္ေနသည့္ဆုိင္ကယ္ကိုဝင္တုိက္သည့္ ၿပိဳင္ကားေမာင္းသူအား ေထာင္ဒဏ္ ၉ ႏွစ္ ခ်မွတ္လုိက္ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ ၉ ရက္၊ နံနက္အေစာပိုင္းက မႏၲေလးၿမိဳ႕၊ ေတာင္ဘက္ ၇၈ လမ္းႏွင့္ ၂၆ လမ္းေထာင့္ရွိမီးပြိဳင့္တြင္ မီးနီေနသည့္အတြက္ ရပ္ေစာင့္ေနသည့္ဆိုင္ကယ္ကို အနီေရာင္ၿပိဳင္ကားတစ္စီးက ၀င္္တိုက္ခဲ့ျခင္းျဖစ္သည္။

ယင္းကဲ့သို႔ ၀င္တိုက္ခံရသည့္အတြက္ ဆိုင္ကယ္ေပၚပါ ၂ ဦးမွာ ေဆးရုံအေရာက္တြင္ ေသဆံုးခဲ့ျခင္းျဖစ္ၿပီး အဆိုပါရုပ္သံမွာ Facebook စာမ်က္ႏွာေပၚတြင္ ျပန္႔ႏွံ႔ခဲ့ၿပီး ေ၀ဖန္မႈမ်ားရွိခဲ့သည္။

အဆိုပါအမႈႏွင့္ပတ္သက္ၿပီး ၿပိဳင္ကားေမာင္းခဲ့သည့္ ယာဥ္ေမာင္းအား ေအာင္ေျမသာစံၿမိဳ႕နယ္တရားရုံး၌ ယေန႔(ေအာက္တုိဘာလ ၃၁ ရက္)တြင္ ၃၀၄(က)ျဖင့္ ၇ ႏွစ္ ၊ ပုဒ္မ ၂၇၉ ျဖင့္ေထာင္ဒက္ ၂ ႏွစ္၊ စုစုေပါင္း ၉ ႏွစ္ကို သီးျခားစီက်ခံရမည္ဟု အမိန္႔ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္းသိရသည္။

“ ခ်မွတ္တဲ့အမိန္႔အေပၚမွာဘာမွေျပာစရာမရွိပါဘူး။ တရားရုံးရဲ႕ သူရဲ႕အာဏာအတုိင္းအျပည့္ခ်ပါတယ္။ ေရွ႕ေနတစ္ေယာက္အေနနဲ႔ေျပာစရာမရွိေပမဲ့ နစ္နာသူေတြဘက္ကေတာ့ တန္ဖုိးရွိတဲ့အသက္ ၂ ေခ်ာင္း ဆံုးရႈံးခဲ့တယ္။ ဒီအသက္ႏွစ္ေခ်ာင္းဆံုးရႈံးခဲ့ေပမဲ့ ဒီတရားခံကအခုလုိပဲဆုိေတာ့ အဆင္ေတာ့ ဘယ္ေျပႏုိင္မလဲ” ဟု တရားခံ၏ေရွ႕ေနျဖစ္သူ ကိုရဲရင့္ေဝက ေျပာသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။