Skip to main content
ကြက်တောင်မယ်သက်ထားသူဇာအား ၂၀၁၈ ခုနှစ်အတိုးတက်ဆုံးကစားသမားဆုအဖြစ် ငွေကျပ် ၁၅ သိန်း ချီးမြှင့်
Ads Block

ကြက်တောင်မယ်သက်ထားသူဇာအား ၂၀၁၈ ခုနှစ်အတိုးတက်ဆုံးကစားသမားဆုအဖြစ် ငွေကျပ် ၁၅ သိန်း ချီးမြှင့်

ကြက်တောင်မယ် သက်ထားသူဇာအား ၂၀၁၈ ခုနှစ်အတိုးတက်ဆုံးကစားသမားဆုအဖြစ် ယနေ့ (အောက်တိုဘာလ ၃၁ ရက်)၌ ငွေကျပ် ၁၅ သိန်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုငွေကျပ် ၁၅ သိန်းကို ယူနိုက်တက်အမရဘဏ်မှ ကျပ် ၁၀ သိန်းနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ ကျပ် ၅ သိန်းပေးအပ်ခြင်းဖြစ်ကြောင်း သက်ထားသူဇာ၏ဖခင် ဦးထွန်းထွန်းဇော် ပြောပြချက်အရ သိရသည်။

“ကျင်းပတာကတော့ မြန်မာနိုင်ငံအားကစားမီဒီယာအဖွဲ့ချုပ်ကကျင်းပတာပေါ့။ပေးတာကတော့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီက ၅ သိန်းပေးတယ်။ယူအေဘီဘဏ်က  ၁၀ သိန်းပေးတယ်။ ပေါင်း ၁ ၅ သိန်းပါ။ နိုဝင်ဘာလထဲမှာတော့ အိန္ဒိယပြိုင်ပွဲနှစ်ပွဲရှိတယ်။ ၂ ရက်နေ့မှာ မလေးရှားမှာလေ့ကျင့်ရေးသွားလုပ်မယ်။ ၂၉ ရက်မှာပြိုင်ရမယ်။ ကမ္ဘာ့အဆင့်မှာတော့ ၆၂ တော့ရှိသွားပြီ’’ဟု ဦးထွန်းထွန်းဇော်က ပြောသည်။

သက်ထားသူဇာသည် မကြာသေးမီကအီဂျစ်နိုင်ငံတွင်ကျင်းပခဲ့သော ကြက်တောင်ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ကြက်တောင်ကစားကွင်းများတည်ဆောက်ပေးရန်လိုအပ်ကြောင်း ကြက်တောင်မယ် သက်ထားသူဇာက မှတ်ချက်ပြုပြောကြားထားသည်။


မင်းသီဟန်(အကုန်သိသတင်းဌာန) 

Zawgyi Version

ၾကက္ေတာင္မယ္သက္ထားသူဇာအား ၂၀၁၈ ခုနွစ္အတုိးတက္ဆုံးကစားသမားဆုအျဖစ္ ေငြက်ပ္ ၁၅ သိန္း ခ်ီးျမွင့္

ၾကက္ေတာင္မယ္ သက္ထားသူဇာအား ၂၀၁၈ ခုနွစ္အတုိးတက္ဆုံးကစားသမားဆုအျဖစ္ ယေန႔ (ေအာက္တိုဘာလ ၃၁ ရက္)၌ ေငြက်ပ္ ၁၅ သိန္းခ်ီးျမွင့္ခဲ့ေၾကာင္း သိရသည္။

အဆုိပါဆုေငြက်ပ္ ၁၅ သိန္းကုိ ယူႏုိက္တက္အမရဘဏ္မွ က်ပ္ ၁၀ သိန္းႏွင့္ ျမန္မာႏုိင္ငံအုိလံပစ္ေကာ္မတီမွ က်ပ္ ၅ သိန္းေပးအပ္ျခင္းျဖစ္ေၾကာင္း သက္ထားသူဇာ၏ဖခင္ ဦးထြန္းထြန္းေဇာ္ ေျပာျပခ်က္အရ သိရသည္။

“က်င္းပတာကေတာ့ ျမန္မာႏုိင္ငံအားကစားမီဒီယာအဖြဲ႔ခ်ဳပ္ကက်င္းပတာေပါ့။ေပးတာကေတာ့ ျမန္မာႏုိင္ငံ အုိလံပစ္ေကာ္မတီက ၅ သိန္းေပးတယ္။ယူေအဘီဘဏ္က  ၁၀ သိန္းေပးတယ္။ ေပါင္း ၁ ၅ သိန္းပါ။ ႏုိ၀င္ဘာလထဲမွာေတာ့ အိႏၵိယၿပဳိင္ပြဲနွစ္ပြဲရွိတယ္။ ၂ ရက္ေန႔မွာ မေလးရွားမွာေလ့က်င့္ေရးသြားလုပ္မယ္။ ၂၉ ရက္မွာၿပဳိင္ရမယ္။ ကမၻာ႔အဆင့္မွာေတာ့ ၆၂ ေတာ့ရွိသြားၿပီ’’ဟု ဦးထြန္းထြန္းေဇာ္က ေျပာသည္။

သက္ထားသူဇာသည္ မၾကာေသးမီကအီဂ်စ္ႏုိင္ငံတြင္က်င္းပခဲ့ေသာ ၾကက္ေတာင္ၿပဳိင္ပြဲတြင္လည္း ခ်န္ပီယံဆုရရွိခဲ့သည္။

ျမန္မာႏုိင္ငံတြင္ ၾကက္ေတာင္ကစားကြင္းမ်ားတည္ေဆာက္ေပးရန္လုိအပ္ေၾကာင္း ၾကက္ေတာင္မယ္ သက္ထားသူဇာက မွတ္ခ်က္ျပဳေျပာၾကားထားသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။