Skip to main content
ဝင်းနှင့်ဇော်တို့အတွက်အသနားခံစာ ထိုင်းဘုရင်မင်းမြတ်ထံရောက်ရှိပြီ 
Ads Block

ဝင်းနှင့်ဇော်တို့အတွက်အသနားခံစာ ထိုင်းဘုရင်မင်းမြတ်ထံရောက်ရှိပြီ 

ဝင်းနှင့်ဇော်တို့အတွက်အသနားခံစာမှာ ထိုင်းဘုရင်မင်းမြတ်ထံရောက်ရှိနေပြီဖြစ်ကာ ဘုရင်၏သုံးသပ်မှု မပြီးမချင်း သေဒဏ်စီရင်ချက်ကို ချမှတ်ခွင့်ရမည်မဟုတ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ဝင်းနှင့်ဇော်တို့အတွက် အသနားခံစာကို ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ နေ့လယ် ၁၂ နာရီခန့်တွင် ဘန်ဂဝီအကျဉ်းထောင်တရားရေးဌာနမှတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။

“ အဆင့်ဆင့်တင်လိုက်ပါတယ်။ လက်ရှိကတော့ ထိုင်းဘုရင်မင်းမြတ်ထံကိုရောက်ရှိသွားပါပြီ။ သုံးသပ်နေပါတယ်။ ဒီသုံးသပ်ချက်မထွက်မချင်းတော့ ကလေးနှစ်ဦးရဲ့သေဒဏ်ကချမှတ်လို့မရပါဘူး။” ဟု ဝင်းနှင့်ဇော်တို့အရေးအတွက် လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

ထိုင်းဘုရင်မင်းမြတ်ထံတင်ပြခဲ့သည့် အသနားခံစာတွင် စာမျက်နှာပေါင်း ၁၂ မျက်နှာပါရှိပြီး ထောက်ခံချက်များ ပူးတွဲတင်ပြခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်ရှိခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ပြီးခဲ့သော ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား (၂) ဦးဖြစ်သော Hannah Witheridge ၊ (၂၃)နှစ်နှင့် David Miller ၊ (၂၄)နှစ်တို့အသတ်ခံခဲ့ရခြင်းဖြစ်ကာ မြန်မာနိုင်ငံသား ၂ ဦးဖြစ်သောဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်တွင် သေဒဏ်ချခဲ့ခြင်းဖြစ်သည်။

သေဒဏ်ချမှတ်ခြင်းကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်တွင် ကော့စမွေတရားရုံးမှတစ်ဆင့် အဆင့်မြင့်ထိုင်းအယူခံတရားရုံးသို့ နောက်ဆုံးအယူခံတင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၊ မတ်လ (၂၃) ရက်၌ ထိုင်းအဆင့်မြင့်တရားရုံးသို့ နောက်ဆုံးအယူခံတင်သွင်းခဲ့သော်လည်း ကော့စမွေတရားရုံးအမိန့်ကိုသာ အတည်ပြုလုက်သည့်အတွက် နောက်ဆုံးအယူခံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

Zawgyi Version

ဝင္းႏွင့္ေဇာ္တို႔အတြက္အသနားခံစာ ထုိင္းဘုရင္မင္းျမတ္ထံေရာက္ရွိၿပီ

၀င္းႏွင့္ေဇာ္တို႔အတြက္အသနားခံစာမွာ ထုိင္းဘုရင္မင္းျမတ္ထံေရာက္ရွိေနၿပီျဖစ္ကာ ဘုရင္၏သံုးသပ္မႈ မၿပီးမခ်င္း ေသဒဏ္စီရင္ခ်က္ကို ခ်မွတ္ခြင့္ရမည္မဟုတ္ေၾကာင္း ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔က ေျပာသည္။

၀င္းႏွင့္ေဇာ္တို႔အတြက္ အသနားခံစာကို ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ေအာက္တုိဘာလ ၂၄ ရက္၊ ေန႔လယ္ ၁၂ နာရီခန္႔တြင္ ဘန္ဂဝီအက်ဥ္းေထာင္တရားေရးဌာနမွတစ္ဆင့္ တင္ပို႔ခဲ့ျခင္းျဖစ္သည္။

“ အဆင့္ဆင့္တင္လုိက္ပါတယ္။ လက္ရွိကေတာ့ ထုိင္းဘုရင္မင္းျမတ္ထံကိုေရာက္ရွိသြားပါၿပီ။ သံုးသပ္ေနပါတယ္။ ဒီသံုးသပ္ခ်က္မထြက္မခ်င္းေတာ့ ကေလးႏွစ္ဦးရဲ႕ေသဒဏ္ကခ်မွတ္လုိ႔မရပါဘူး။” ဟု ၀င္းႏွင့္ေဇာ္တို႔အေရးအတြက္ လိုက္ပါေဆာင္ရြက္ေပးေနသူ ေရွ႕ေနဦးေအာင္မ်ိဳးသန္႔က ေျပာသည္။

ထုိင္းဘုရင္မင္းျမတ္ထံတင္ျပခဲ့သည့္ အသနားခံစာတြင္ စာမ်က္ႏွာေပါင္း ၁၂ မ်က္ႏွာပါရွိၿပီး ေထာက္ခံခ်က္မ်ား ပူးတြဲတင္ျပခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ထိုင္းႏိုင္ငံေတာင္ပုိင္း၊ ဆူရတ္ဌာနီခရိုင္ရွိခိုေတာင္ကၽြန္း (လိပ္ကၽြန္း)တြင္ ၿပီးခဲ့ေသာ ၂၀၁၄ ခုႏွစ္ကုန္ပိုင္းက ၿဗိတိန္ႏိုင္ငံသား (၂) ဦးျဖစ္ေသာ Hannah Witheridge ၊ (၂၃)ႏွစ္ႏွင့္ David Miller ၊ (၂၄)ႏွစ္တို႔အသတ္ခံခဲ့ရျခင္းျဖစ္ကာ ျမန္မာႏုိင္ငံသား ၂ ဦးျဖစ္ေသာေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔အား ေကာ္စမြီခ႐ုိင္တရား႐ုံးက ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလ (၂၄) ရက္တြင္ ေသဒဏ္ခ်ခဲ့ျခင္းျဖစ္သည္။

ေသဒဏ္ခ်မွတ္ျခင္းကို ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ (၂၁) ရက္တြင္ ေကာ့စေမြတရားရံုးမွတစ္ဆင့္ အဆင့္ျမင့္ထုိင္းအယူခံတရားရံုးသို႔ ေနာက္ဆံုးအယူခံတင္ခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္၊ မတ္လ (၂၃) ရက္၌ ထိုင္းအဆင့္ျမင့္တရားရံုးသို႔ ေနာက္ဆံုးအယူခံတင္သြင္းခဲ့ေသာ္လည္း ေကာ့စေမြတရားရုံးအမိန္႔ကိုသာ အတည္ျပဳလုက္သည့္အတြက္ ေနာက္ဆံုးအယူခံရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။