Skip to main content
့်နိ့
Ads Block





ျါတ




ဘျထ

 

Unicode Version

လေဖြတ်သူ ၃၅ ရာခိုင်နှုန်းတွင် အခြေခံလေဖြတ်မည့်အကြောင်းအရာများရှိပြီးသားဖြစ်ဟု ဆို

လေဖြတ်သူ ၃၅ ရာခိုင်နှုန်းတွင် အခြေခံလေဖြတ်မည့်အကြောင်းအရာများရှိပြီးသားဖြစ်သောကြောင့် ထပ်မံ လေဖြတ်နိုင်ကြောင်း အထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာဝင်းမင်းသစ်ကပြောသည်။

လေဖြတ်ရောဂါနှင့်ပတ်သက်၍ ဟောပြောရာတွင် လေဖြတ်ဖူးသူများထပ်မံလေဖြတ်နိုင်သည့် အကြောင်းအရာကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ လေဖြတ်တဲ့သူရဲ့ ၃၅ ရာခိုင်နှုန်းဟာ အခြေခံလေဖြတ်ရမဲ့အကြောင်းအရာတွေရှိပြီးသား ဖြစ်တဲ့အတွက်ကြောင့် ၉၅ ရာခိုင်နှုန်းဟာထပ်ပြီးတော့လေဖြတ်နိုင်ပါတယ်။ ၉၅ ရာခိုင်နှုန်းကတော့ ပထမအကြိမ်လေဖြတ်ခြင်းဖြစ်စဉ်မှာပဲအသက်သေဆုံးသွားနိုင်တယ်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းက သူကသေချာနလန်မထူနိုင်တော့ဘဲနဲ့ လူမသန်စွမ်းဖြစ်သွားနိုင်တယ်။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် ဒီလေဖြတ်ရောဂါဟာ တိုင်းပြည်အတွက်ရော၊ တစ်ဦးချင်းစီအတွက်ရော၊ မိသားစုအတွက်ရော ထိခိုက်နိုင်တယ်ပေါ့’’ ဟု အထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာဝင်းမင်းသစ်ကပြောသည်။

ကမ္ဘာပေါ်တွင် လူ ၆ ဦး၌ တစ်ဦးဦးသည် တစ်ချိန်ချိန်တွင်လေဖြတ်နိုင်ပြီး ၆ စက္ကန့်တိုင်းတွင် လူတစ်ဦးသည် လေဖြတ်ရောဂါဖြင့်သေဆုံးနေရကြောင်းသိရသည်။

လေဖြတ်မည့်ရှေ့ပြေးလက္ခဏာများအနေဖြင့် မျက်နှာ၊ လက်၊ ခြေတစ်ဖက်ရုတ်တရက်ထုံခြင်း၊ လေးလံခြင်း၊ ရုတ်တရက်စကားပြောမရခြင်း၊ အမြင် ၂ ထပ်ဖြစ်ခြင်း၊ ရုတ်တရက်မူးဝေခြင်း၊ ခေါင်းကိုက်လာခြင်း၊ လမ်းမလျှောက်နိုင်တို့ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

 မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။