Skip to main content
္ဘိ္ဘ
Ads Block

တီက်စ္ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ဓါတ္အားေပးစက္ရုံပိတ္သိမ္းေပးေရး ေဒသခံမ်ား ဆႏၵထုတ္ေဖာ္

ရွမ္းျပည္နယ္၊ ပင္ေလာင္းၿမိဳ႕နယ္အနီးတည္ရွိေသာ တီက်စ္ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ဓါတ္အားေပးစက္ရုံ ပိတ္သိမ္းေပးရန္ ေဒသခံမ်ားက ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္းသိရသည္။

ေဒသခံရွမ္းတုိင္းရင္းသားမ်ားက ယေန႔(ေအာက္တိုဘာလ ၃၀ ရက္)၌ ပင္ေလာင္းၿမိဳ႕နယ္ စုိက္ပ်ိဳးေရးရုံးေရွ႕မွ တီက်စ္စက္ရုံေရွ႕အထိ ဆႏၵထုတ္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း ရွမ္းျပည္နယ္ MATA ဗဟုိအလုပ္အမႈေဆာင္ ကုိစုိင္းတူးက အကုန္သိသတင္းဌာနသုိ႔ အတည္ျပဳေျဖၾကားေပးျခင္းျဖစ္သည္။

ေ်္ေ်္ခေ

“ ေဒသခံေတြ အားလုံး ၁၀၀၀ ၀န္းက်င္ေလာက္ေတာ့ရွိတယ္။ စက္ရုံဘက္ကထူးထူးျခားျခားတုံ႔ျပန္တာမရွိေပမဲ့ မေန႔ကသတင္းဌာနတစ္ခုနဲ႔ကြ်န္ေတာ္တုိ႔ ရုိက္ကူးေရးအတြက္သြားတာကို ဧဒင္ကုမဏီဘက္ကလူေတြ ၀ုိင္းလာတာေတာ့ရွိတယ္။ ဒီေန႔ကေတာ့ တီက်စ္ေဒသေက်ာက္မီးေသြးစက္ရုံပိတ္သိမ္းေပးေရး ၊ ကုမဏီေတြ၊ အစုိးရေတြတာ၀န္ခံမႈ၊ တာ၀န္ယူမႈေပါ့ေလ။ ဒါေတြေတာင္းဆုိဆႏၵျပတယ္’’ဟု ကုိစုိင္းတူးကေျပာသည္။

တီက်စ္ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ဓါတ္အားေပးစက္ရုံသည္ ရွမ္းျပည္နယ္ေတာင္ပုိင္းပင္ေလာင္းၿမိဳ႕နယ္တြင္ တည္ရွိၿပီး စက္ရုံ၀န္းက်င္ရွိ ေက်းရြာေပါင္း ၃၀ ေက်ာ္မွာ မုိင္းတြင္းဒဏ္ေၾကာင့္ေနအိမ္မ်ားတုန္ခါျခင္း၊ စက္ရုံမွ ျပာမ်ားေၾကာင့္ ေရမသန္႔ရွင္းျခင္းအပါအ၀င္ က်န္းမာေရးထိခုိက္ခံစားေနရေၾကာင္း သိရသည္။

ေခ

“ဧဒင္ကုမဏီကေတာ့ မုိင္းတြင္းဘက္ကုိတာ၀န္ယူလုပ္ကုိင္တယ္။ စက္ရုံဘက္ကေတာ့တရုတ္ကုမဏီေပါ့။ မုိင္းတြင္းကေန ေက်ာက္မီးေသြးေတြကုိတစ္တန္ ၄၈၀၀၀ က်ပ္နဲ႔အစုိးရကျပန္၀ယ္တယ္။ အဲဒါကုိအစုိးရက တရုတ္ကုမဏီကုိအလကားျပန္ေပးရတယ္။လွ်ပ္စစ္ထုတ္ဖုိ႔ေပါ့’’ဟု ကုိစုိင္းတူးကထပ္မံေျပာသည္။

ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္တြင္ တရုတ္ကုမၸဏီတစ္ခုျဖစ္သည့္ wuxiHuagaung Electric power Engineering က ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ဓါတ္အားစက္ရုံကုိ အဆင့္ျမွင့္တင္လုပ္ပုိင္ခြင့္ ၂၂ ႏွစ္လုိင္စင္သက္တမ္းရရွိခဲ့ၿပီး စီမံကိန္းလည္ပတ္ရန္ ပတ္၀န္းက်င္ထိခုိက္မႈဆန္းစစ္ခ်က္လုပ္ေဆာင္ပါမည္ဟု ကတိျပဳထားခဲ့သည္။

ိလိလ

လက္ရွိတြင္ လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီးဌာနမွ ၄င္းစက္ရုံကို စမ္းသပ္လည္ပတ္ႏုိင္ရန္ ၃ ႏွစ္သက္တမ္း ထပ္မံတုိးျမွင့္ေပးထားေၾကာင္း သိရသည္။

 မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံပိတ်သိမ်းပေးရေး ဒေသခံများ ဆန္ဒထုတ်ဖော်

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အနီးတည်ရှိသော တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ ပိတ်သိမ်းပေးရန် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

ဒေသခံရှမ်းတိုင်းရင်းသားများက ယနေ့(အောက်တိုဘာလ ၃၀ ရက်)၌ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးရုံးရှေ့မှ တီကျစ်စက်ရုံရှေ့အထိ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် MATA ဗဟိုအလုပ်အမှုဆောင် ကိုစိုင်းတူးက အကုန်သိသတင်းဌာနသို့ အတည်ပြုဖြေကြားပေးခြင်းဖြစ်သည်။

“ ဒေသခံတွေ အားလုံး ၁၀၀၀ ဝန်းကျင်လောက်တော့ရှိတယ်။ စက်ရုံဘက်ကထူးထူးခြားခြားတုံ့ပြန်တာမရှိပေမဲ့ မနေ့ကသတင်းဌာနတစ်ခုနဲ့ကျွန်တော်တို့ ရိုက်ကူးရေးအတွက်သွားတာကို ဧဒင်ကုမ္ပဏီဘက်ကလူတွေ ဝိုင်းလာတာတော့ရှိတယ်။ ဒီနေ့ကတော့ တီကျစ်ဒေသကျောက်မီးသွေးစက်ရုံပိတ်သိမ်းပေးရေး ၊ ကုမ္ပဏီတွေ၊ အစိုးရတွေတာဝန်ခံမှု၊ တာဝန်ယူမှုပေါ့လေ။ ဒါတွေတောင်းဆိုဆန္ဒပြတယ်’’ဟု ကိုစိုင်းတူးကပြောသည်။

တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်တွင် တည်ရှိပြီး စက်ရုံဝန်းကျင်ရှိ ကျေးရွာပေါင်း ၃၀ ကျော်မှာ မိုင်းတွင်းဒဏ်ကြောင့်နေအိမ်များတုန်ခါခြင်း၊ စက်ရုံမှ ပြာများကြောင့် ရေမသန့်ရှင်းခြင်းအပါအဝင် ကျန်းမာရေးထိခိုက်ခံစားနေရကြောင်း သိရသည်။

“ဧဒင်ကုမ္ပဏီကတော့ မိုင်းတွင်းဘက်ကိုတာဝန်ယူလုပ်ကိုင်တယ်။ စက်ရုံဘက်ကတော့တရုတ်ကုမ္ပဏီပေါ့။ မိုင်းတွင်းကနေ ကျောက်မီးသွေးတွေကိုတစ်တန် ၄၈၀၀၀ ကျပ်နဲ့အစိုးရကပြန်ဝယ်တယ်။ အဲဒါကိုအစိုးရက တရုတ်ကုမ္ပဏီကိုအလကားပြန်ပေးရတယ်။လျှပ်စစ်ထုတ်ဖို့ပေါ့’’ဟု ကိုစိုင်းတူးကထပ်မံပြောသည်။

ပြီးခဲ့သော ၂၀၁၅ ခုနှစ်တွင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် wuxiHuagaung Electric power Engineering က ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားစက်ရုံကို အဆင့်မြှင့်တင်လုပ်ပိုင်ခွင့် ၂၂ နှစ်လိုင်စင်သက်တမ်းရရှိခဲ့ပြီး စီမံကိန်းလည်ပတ်ရန် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်လုပ်ဆောင်ပါမည်ဟု ကတိပြုထားခဲ့သည်။

လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၎င်းစက်ရုံကို စမ်းသပ်လည်ပတ်နိုင်ရန် ၃ နှစ်သက်တမ်း ထပ်မံတိုးမြှင့်ပေးထားကြောင်း သိရသည်။

 မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။