Skip to main content
ထိအျမအျ့
Ads Block
ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး၊ အများနှင့်သက်ဆိုင်သောကုမဏီလိမိတက်(YUPT) မှ ရှယ်ယာဝင်များမှာ အမြတ်တစ်ပြားမှမရဘဲ ငါးပိရည်ဖြင့်ထမင်းစားနေရကြောင်း အစုရှယ်ယာရှင် ၁ ဦးဖြစ်သူ ဦးထွန်းဦးက ပြောသည်။
ညိ့ည
ါအပုအြပြ
မမြအကြ
YUPT ကုမဏီကိုစတင်ထူထောင်စဉ် ပါဝင်သူများအနေဖြင့် တစ်စုလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့်  ကုမဏီအစုရှယ်ယာရှင်ရင်းနှီးမြုပ်နှံမှုငွေ ၅.၆၃၄၄ ဘီလျံရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ယာဉ်သစ်များထည့်ဝင်သည့်ငွေကျပ်တန်ဖိုးမှာ  ၃၅ ဘီလျံဖြစ်ပြီး စုစုပေါင်းရင်းနှီးမြုပ်နှံငွေမှာ ၄၀.၆၃၄၄ ဘီလျံဖြစ်သည်။
“ကျွန်တော်တို့ကုမဏီဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာရှုံးတယ်လို့ပြောရပေမဲ့ တန်ဖိုးလျှော့နှုန်းထားကြောင့် အရှုံးပေါ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကုမဏီအနေနဲ့ ၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာဘတ်ဂျက်နှစ်ရေးဆွဲပြီးတော့ ဘတ်ဂျက်နဲ့အညီ ၀င်ငွေတွေမှန်ကန်စွာရရှိရေး ၊ အသုံးစရိတ်မှန်ကန်ရေးတို့ကိုစိစစ်နိုင်တဲ့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာအရှုံးမရှိအောင် ဦးစားပေးဆောင်ရွက်နေပါတယ်’’ဟု YUPT ဥက္ကဋ္ဌ ဦးဇော်ထွန်းက ပြောသည်။
ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး၊ အများနှင့်သက်ဆိုင်သောကုမဏီလိမိတက်(YUPT)၏ ဒါရိုက်တာရွေးချယ်မှုပုံစံမှာ အစိုးရမှ ၄ ဦး၊ အစုရှယ်ယာရှင်များဘက်မှတင်မြှောက်သော ဒါရိုက်တာ ၅ ဦး ဖြစ်သည်။
Unicode Version
YUPT ရှယ်ယာရှင်များမှာအမြတ်တစ်ပြားမှမရဘဲ ငါးပိရည်ဖြင့်ထမင်းစားနေရဟု ဆို
ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက်(YUPT) မှ ရှယ်ယာဝင်များမှာ အမြတ်တစ်ပြားမှမရဘဲ ငါးပိရည်ဖြင့်ထမင်းစားနေရကြောင်း အစုရှယ်ယာရှင် ၁ ဦးဖြစ်သူ ဦးထွန်းဦးက ပြောသည်။
ရန်ကုန်မြို့ရှိ ဂန္ဓာမာဟိုးဆေးခန်းမတွင် အောက်တိုဘာလ ၃၀ ရက်ကကျင်းပသော YUPT နှစ်ပတ်လည် အစည်းအဝေးနှင့်ဒါရိုက်တာသစ်ရွေးချယ်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ဒီကုမ္ပဏီဟာ မ.ထ.သကနေပြောင်းလာတဲ့အစုရှယ်ယာရှင်တွေကနေ စပြီးထူထောင်တဲ့ကုမ္ပဏီဖြစ်ပါတယ်။  ၂ နှစ်လောက်အကြာမှာ အစိုးရက ကားအစီး ၅၀၀ ၊ ဘီလျံ ၃၅ သိန်းတန်ပါတယ်ဆိုတာ တစ်စီးဘယ်လောက်ကျလဲတော့ မသိပါဘူး။ ဘယ်လောက်တန်မှန်းလည်းမသိဘူး။ အဲဒီမှာအစိုးရက ဘီလျံဘယ်လောက်ပါပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ဆီမှာဝင်လာတဲ့ရှယ်ယာရှင်တွေဖြစ်ပါတယ်။ ဒုတိယရှယ်ယာရှင်တွေဖြစ်ပါတယ်။ အခုကျွန်တော်တို့မူလရှယ်ယာရှင်တွေကအခွင့်အရေးအရမ်းဆုံးရှုံးပါတယ်။ နစ်နာပါတယ်။ အခု ၃ နှစ်တာကာလထဲရောက်တော့မယ်။ ကျွန်တော်တို့ရှယ်ယာရှင်တွေဟာ အမြတ်တစ်ပြားမှမရဘဲနဲ့ ငါးပိရည်နဲ့စားနေရပါတယ်’’ ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက်(YUPT) မှ အစုရှယ်ယာရှင် ဦးထွန်းဦးက ပြောသည်။
ထို့ကြောင့် ယနေ့(အောက်တိုဘာလ ၃၀ ရက်)ကကျင်းပသော YUPT နှစ်ပတ်လည် အစည်းအဝေးနှင့် ဒါရိုက်တာသစ်ရွေးချယ်ပွဲအခမ်းအနားတွင် ရှယ်ယာရှင်များက ရှယ်ယာများပြန်လည်ထုတ်ပေးရန် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည်။
“ အခု YUPT ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေတဲ့ ဦးဇော်ထွန်းအုပ်ချုပ်မှုဒါရိုက်တာတို့ကို ကျွန်တော်တို့က အရင်ကန့်ကွက်တာမဟုတ်ပါဘူး။ ဒီကနေ့တာဝန်ထမ်းဆောင်နေကြတဲ့ဒါရိုက်တာအဖွဲ့က ခင်ဗျားတို့ကို လက်မခံနိုင်ပါဘူးလို့တရားဝင်နှုတ်နဲ့ရော၊ စာနဲ့ပါတင်ပြထားပြီးဖြစ်ပါတယ်။ တကယ်တော့ အစိုးရခန့်ထားတဲ့ ဒါရိုက်တာရော၊ ကျွန်တော်တို့ရှယ်ယာရှင်တွေခန့်ထားတဲ့ဒါရိုက်တာရော အကုန်လုံးအတူတူပဲ။ရွေးကောက်ဖို့ လူထွက်ပေးပါဆိုရင် အကုန်အတူတူထွက်ပေးပါ။ ဟိုလူ့ထွက်ပေး၊ ဒီလူ့ထွက်ပေးတို့ကြတော့ စတေးအမြဲနေမယ်ဆိုတာတော့ ဒါအများပိုင်ကုမ္ပဏီမဟုတ်ဘူး။ ကိုယ်ပိုင်ကုမ္ပဏီဖြစ်ပါတယ်’’ဟု ရှယ်ယာရှင် ၁ ဦးဖြစ်သူ ဦးထိန်ဝင်းက ပြောသည်။
YUPT ကုမ္ပဏီကိုစတင်ထူထောင်စဉ် ပါဝင်သူများအနေဖြင့် တစ်စုလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့်  ကုမ္ပဏီအစုရှယ်ယာရှင်ရင်းနှီးမြုပ်နှံမှုငွေ ၅.၆၃၄၄ ဘီလျံရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ယာဉ်သစ်များထည့်ဝင်သည့်ငွေကျပ်တန်ဖိုးမှာ  ၃၅ ဘီလျံဖြစ်ပြီး စုစုပေါင်းရင်းနှီးမြုပ်နှံငွေမှာ ၄၀.၆၃၄၄ ဘီလျံဖြစ်သည်။
“ကျွန်တော်တို့ကုမ္ပဏီဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာရှုံးတယ်လို့ပြောရပေမဲ့ တန်ဖိုးလျှော့နှုန်းထားကြောင့် အရှုံးပေါ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာဘတ်ဂျက်နှစ်ရေးဆွဲပြီးတော့ ဘတ်ဂျက်နဲ့အညီ ဝင်ငွေတွေမှန်ကန်စွာရရှိရေး ၊ အသုံးစရိတ်မှန်ကန်ရေးတို့ကိုစိစစ်နိုင်တဲ့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာအရှုံးမရှိအောင် ဦးစားပေးဆောင်ရွက်နေပါတယ်’’ဟု YUPT ဥက္ကဋ္ဌ ဦးဇော်ထွန်းက ပြောသည်။
ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက်(YUPT)၏ ဒါရိုက်တာရွေးချယ်မှုပုံစံမှာ အစိုးရမှ ၄ ဦး၊ အစုရှယ်ယာရှင်များဘက်မှတင်မြှောက်သော ဒါရိုက်တာ ၅ ဦး ဖြစ်သည်။
 မင်းသီဟန်(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။