Skip to main content
့့်အ့မအ
Ads Block

YBS ကို ဆယ္စုႏွစ္တစ္ခုစာနီးပါးအားကိုးအားထားရဦးမည္ဟု ရန္ကုန္လမ္းပန္း၀န္ႀကီး မွတ္ခ်က္ျပဳ

လက္ရွိတြင္ ရထားစနစ္မ်ားမေကာင္းေသးသည့္အတြက္ YBS ကို ဆယ္စုႏွစ္တစ္ခုစာနီးပါး အားကိုးအားထားေနရဦးမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ေဒၚနီလာေက်ာ္က မွတ္ခ်က္ျပဳေျပာၾကားသည္။

ရန္ကုန္ၿမိဳ႕ရွိ ဂႏၶမာဟုိးေဆးခန္းမတြင္က်င္းပေသာ ဒုတိယအႀကိမ္ YUPT နွစ္ပတ္လည္အစည္းအေ၀းနွင့္ ဒါရုိက္တာေရြးေကာက္တင္ေျမွာက္ျခင္းအခမ္းအနားဖြင့္ပြဲတြင္ ေျပာၾကားျခင္းျဖစ္သည္။

့့မအ့မအ

“ႏုိင္ငံတကာမွာအမ်ားျပည္သူသယ္ယူပုိ႔ေဆာင္ေရးကအဓိကကရထားပါ။ ကြ်န္မတုိ႔ဆီမွာ ရထားစနစ္ မေကာင္းပါဘူး။ ေျမေအာက္ရထားလည္းမရွိ္ပါဘူး။ ၿမိဳ႕ပတ္ရထားဆုိတာလည္း လူေသာင္းဂဏန္းပဲ သယ္ေဆာင္ႏုိင္ေသးတဲ့အခ်ိန္မွာ ကြ်န္မတုိ႔ဟာ ေနာင္ဆယ္စုနွစ္တစ္စုနီးပါးေလာက္ အားကုိးအားထားရာသည္ YBS ပဲရွိပါလိမ့္မယ္’’ဟု ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ေဒၚနီလာေက်ာ္က ေျပာသည္။

ထို႔အျပင္ ရန္ကုန္ၿမိဳ႕တြင္း၌ လက္ရွိတြင္ ျပည္သူဦးေရ ၃၀ သိန္းနီးပါးအနက္ YBS ကို အားျပဳသြားလာေနသူမ်ားမွာ ၂၅ သိန္းခန္႔ရွိေၾကာင္းလည္း ၄င္းက ထည့္သြင္းေျပာၾကားခဲ့သည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအေနျဖင့္ ယခင္ မထသ စနစ္မွ YBS စနစ္သို႔ ၂၀၁၇ ခုႏွစ္၊ ဇန္န၀ါရီလ ၁၆ ရက္တြင္ စတင္ေျပာင္းလဲခဲ့ျခင္းျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႔မွတာ၀န္ယူကာ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားကို ႀကီးၾကပ္ေဆာင္ရြက္ေနျခင္းျဖစ္သည္။

လက္ရွိတြင္ YBS ယာဥ္လိုင္းေပါင္း ၁၀၀ ဝန္းက်င္ႏွင့္ ယာဥ္အစီးေရ ၆၀၀၀ ေက်ာ္ျဖင့္ ေန႔စဥ္ခရီးသည္ ၂ ဒႆမ ၈ သန္းခန္႔ကို ဝန္ေဆာင္မႈေပးေနေၾကာင္း သိရသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode Version

 

YBS ကို ဆယ်စုနှစ်တစ်ခုစာနီးပါးအားကိုးအားထားရဦးမည်ဟု ရန်ကုန်လမ်းပန်းဝန်ကြီး မှတ်ချက်ပြု

လက်ရှိတွင် ရထားစနစ်များမကောင်းသေးသည့်အတွက် YBS ကို ဆယ်စုနှစ်တစ်ခုစာနီးပါး အားကိုးအားထားနေရဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မှတ်ချက်ပြုပြောကြားသည်။

ရန်ကုန်မြို့ရှိ ဂန္ဓမာဟိုးဆေးခန်းမတွင်ကျင်းပသော ဒုတိယအကြိမ် YUPT နှစ်ပတ်လည်အစည်းအဝေးနှင့် ဒါရိုက်တာရွေးကောက်တင်မြှောက်ခြင်းအခမ်းအနားဖွင့်ပွဲတွင် ပြောကြားခြင်းဖြစ်သည်။

“နိုင်ငံတကာမှာအများပြည်သူသယ်ယူပို့ဆောင်ရေးကအဓိကကရထားပါ။ ကျွန်မတို့ဆီမှာ ရထားစနစ် မကောင်းပါဘူး။ မြေအောက်ရထားလည်းမရှိပါဘူး။ မြို့ပတ်ရထားဆိုတာလည်း လူသောင်းဂဏန်းပဲ သယ်ဆောင်နိုင်သေးတဲ့အချိန်မှာ ကျွန်မတို့ဟာ နောင်ဆယ်စုနှစ်တစ်စုနီးပါးလောက် အားကိုးအားထားရာသည် YBS ပဲရှိပါလိမ့်မယ်’’ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ထို့အပြင် ရန်ကုန်မြို့တွင်း၌ လက်ရှိတွင် ပြည်သူဦးရေ ၃၀ သိန်းနီးပါးအနက် YBS ကို အားပြုသွားလာနေသူများမှာ ၂၅ သိန်းခန့်ရှိကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ယခင် မထသ စနစ်မှ YBS စနစ်သို့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင် စတင်ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှတာဝန်ယူကာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၁၀၀ ဝန်းကျင်နှင့် ယာဉ်အစီးရေ ၆၀၀၀ ကျော်ဖြင့် နေ့စဉ်ခရီးသည် ၂ ဒဿမ ၈ သန်းခန့်ကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။