Skip to main content
မႈခင္း
Ads Block

ဖခင္က သမီးျဖစ္သူအား ၿခိမ္းေျခာက္ၿပီးအႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈ ေပါက္ေခါင္းၿမိဳ႕နယ္တြင္ျဖစ္ပြား

ဖခင္က သမီးျဖစ္သူအား အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ၿပီး ျပန္ေျပာပါကသတ္ပစ္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုမႈ ေပါက္ေခါင္းၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ေပါက္ေခါင္းၿမိဳ႕နယ္၊ သစ္ေရာင္းျပန္ေက်းရြာေန မ------ ၊ (၁၈)ႏွစ္သည္ လြန္ခဲ့ေသာ(၆)ႏွစ္ခန္႔(ေန႔ရက္မမွတ္မိ) နံနက္ ၈ နာရီခန္႔က ေနအိမ္တြင္ မိခင္ႏွင့္ ဖခင္ျဖစ္သူဦးသိန္းဝင္းတို႔ႏွင့္အတူ ရွိေနစဥ္ မိခင္ျဖစ္သူမွာ ေကာက္စိုက္ရန္ထြက္သြားခဲ့ေၾကာင္း သိရသည္။

ထိုအခ်ိန္တြင္ ဖခင္ျဖစ္သူ ဦးသိန္းဝင္းမွ ၎အားအဓမၼျပဳက်င့္ခဲ့ၿပီး ျပန္လည္ေျပာျပပါက သတ္ပစ္မည္ဟု ႀကိမ္းေမာင္းၿခိမ္းေျခာက္ခဲ့ကာ တစ္ပတ္ခန္႔အၾကာ နံနက္ ၈ နာရီခြဲခန္႔တြင္ မိခင္ျဖစ္သူ ေနအိမ္တြင္မရွိခိုက္ ထပ္မံ၍ သားမယားအျဖစ္ျပဳက်င့္ခဲ့ၿပီး ျပန္ေျပာျပပါက သတ္ပစ္မည္ဟုေျပာဆိုခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ထို႔ေနာက္ မ----- တို႔မိသားစုသည္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ၊ ေန႔ရက္မမွတ္မိတြင္ ေပါက္ေခါင္းၿမိဳ႕နယ္၊ ကၽြဲေပါင္ပင္ေက်းရြာအေနာက္ဘက္ရွိ ၾကက္ၿခံတြင္အလုပ္လုပ္ရန္ ေျပာင္းေရႊ႕ေနထိုင္ခဲ့ၿပီး ေအာက္တိုဘာလ ၂၇ ရက္၊ နံနက္ ၇ နာရီခန္႔က မိခင္ျဖစ္သူသည္ အဖြားျဖစ္သူ က်န္းမာေရးမေကာင္းသျဖင့္ ညအိပ္သြားေရာက္ျပဳစုစဥ္ မ----- မွာ ေန႔လည္ ၁၂ နာရီခန္႔၌ ၾကက္ၿခံေပၚတြင္ ျခင္ေထာင္ေထာင္၍အိပ္ေနစဥ္ ဦးသိန္းဝင္းမွ အရက္မူးယစ္၍ သားမယားအျဖစ္ထပ္မံျပဳက်င့္ခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ မိခင္ျဖစ္သူသည္ ေအာက္တိုဘာလ ၂၈ ရက္၊ နံနက္ ၈ နာရီခြဲခန္႔တြင္ ၾကက္ၿခံသို႔ေရာက္ရွိလာစဥ္ အဆိုပါသားမယားအျဖစ္ ျပဳက်င့္မႈမ်ားအား မ------ က မိခင္ျဖစ္သူအား ျပန္လည္ေျပာျပခဲ့ၿပီး ေအာက္တိုဘာလ ၂၉ ရက္တြင္ ရဲစခန္း၌ တိုင္တန္းခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ဖခင္ျဖစ္သူ ဦးသိန္းဝင္း၊ (၄၀)ႏွစ္ကို ေပါက္ေခါင္းၿမိဳ႕မရဲစခန္း၌ (ပ)၂၀၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၆ ျဖင့္ ဖမ္းဆီးအမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)        ဓာတ္ပုံ-ပဲခူးရဲတပ္ဖြဲ႔     

 

Unicode Version

 

 

ဖခင်က သမီးဖြစ်သူအား ခြိမ်းခြောက်ပြီးအကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ပေါက်ခေါင်းမြို့နယ်တွင်ဖြစ်ပွား

 

ဖခင်က သမီးဖြစ်သူအား အကြိမ်ကြိမ်အဓမ္မပြုကျင့်ပြီး ပြန်ပြောပါကသတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှု ပေါက်ခေါင်းမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်ကျေးရွာနေ မ------ ၊ (၁၈)နှစ်သည် လွန်ခဲ့သော(၆)နှစ်ခန့်(နေ့ရက်မမှတ်မိ) နံနက် ၈ နာရီခန့်က နေအိမ်တွင် မိခင်နှင့် ဖခင်ဖြစ်သူဦးသိန်းဝင်းတို့နှင့်အတူ ရှိနေစဉ် မိခင်ဖြစ်သူမှာ ကောက်စိုက်ရန်ထွက်သွားခဲ့ကြောင်း သိရသည်။

ထိုအချိန်တွင် ဖခင်ဖြစ်သူ ဦးသိန်းဝင်းမှ ၎င်းအားအဓမ္မပြုကျင့်ခဲ့ပြီး ပြန်လည်ပြောပြပါက သတ်ပစ်မည်ဟု ကြိမ်းမောင်းခြိမ်းခြောက်ခဲ့ကာ တစ်ပတ်ခန့်အကြာ နံနက် ၈ နာရီခွဲခန့်တွင် မိခင်ဖြစ်သူ နေအိမ်တွင်မရှိခိုက် ထပ်မံ၍ သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး ပြန်ပြောပြပါက သတ်ပစ်မည်ဟုပြောဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထို့နောက် မ----- တို့မိသားစုသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ နေ့ရက်မမှတ်မိတွင် ပေါက်ခေါင်းမြို့နယ်၊ ကျွဲပေါင်ပင်ကျေးရွာအနောက်ဘက်ရှိ ကြက်ခြံတွင်အလုပ်လုပ်ရန် ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၇ နာရီခန့်က မိခင်ဖြစ်သူသည် အဖွားဖြစ်သူ ကျန်းမာရေးမကောင်းသဖြင့် ညအိပ်သွားရောက်ပြုစုစဉ် မ----- မှာ နေ့လည် ၁၂ နာရီခန့်၌ ကြက်ခြံပေါ်တွင် ခြင်ထောင်ထောင်၍အိပ်နေစဉ် ဦးသိန်းဝင်းမှ အရက်မူးယစ်၍ သားမယားအဖြစ်ထပ်မံပြုကျင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် မိခင်ဖြစ်သူသည် အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၈ နာရီခွဲခန့်တွင် ကြက်ခြံသို့ရောက်ရှိလာစဉ် အဆိုပါသားမယားအဖြစ် ပြုကျင့်မှုများအား မ------ က မိခင်ဖြစ်သူအား ပြန်လည်ပြောပြခဲ့ပြီး အောက်တိုဘာလ ၂၉ ရက်တွင် ရဲစခန်း၌ တိုင်တန်းခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖခင်ဖြစ်သူ ဦးသိန်းဝင်း၊ (၄၀)နှစ်ကို ပေါက်ခေါင်းမြို့မရဲစခန်း၌ (ပ)၂၀၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)        ဓာတ်ပုံ-ပဲခူးရဲတပ်ဖွဲ့     

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။