Skip to main content
Ads Block






Unicode Version

ထိုင်း-မြန်မာ အမှတ်(၂) တံတား စတင်ဖြတ်သန်းခွင့်ပြုလိုက်ပြီ
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ပေါ်မှာတည်ဆောက်ထားတဲ့ အမှတ် -၂ ချစ်ကြည်ရေး တံတားကို ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ 
ယနေ့အောက်တိုဘာလ ၃၀ ရက်၊ နံနက်ပိုင်းမှာ မြန်မာ/ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူတွေ တက်ရောက် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ၂ နိုင်ငံကုန်သွယ်မှုမှာ အောင်မြင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

တစ်နှစ်ကို ဘတ်သန်းရှစ်သောင်းလောက်ကုန်သွယ်နိုင်ခဲ့ပြီး ဒီနှစ်မှာတော့ဘတ်သန်း တစ်သိန်းလောက် ကုန်သွယ်မှုမြှင့်တက်လာနိုင်တယ်လို့ တာဒ်ခရိုင်ကုန်သည်ကြီးများအသင်းဥက္ကဌမစ္စတာ နိုင်ပဆွန်ကျစ်ကိစ်လွန်းလိုက တံတားဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

ရိုက်ကူး - ကိုကိုကြီး   တည်းဖြတ် - သူရိန်    တင်ဆက် - သိမ့်အေးချမ်း

    
 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။