Skip to main content
jjyjjrt
Ads Block

ရွယ္ယာရွင္မ်ားကို ၃ ႏွစ္ဆက္တိုက္ရွယ္ယာေငြမေပးခဲ့ဆိုျခင္းမွာမဟုတ္မွန္ဟု YUPT ဥကၠ႒ေျဖရွင္း

ရွယ္ယာရွင္မ်ားကို ၃ ႏွစ္ဆက္တိုက္ ရွယ္ယာေငြမ်ားမေပးခဲ့ဆိုျခင္းမွာမဟုတ္မွန္ဘဲ ၂ ႀကိမ္ေပးခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ျပအမ်ားျပည္သူသယ္ယူပုိ႔ေဆာင္ေရး၊ အမ်ားႏွင့္သက္ဆုိင္ေသာကုမဏီလိမိတက္(YUPT) မွ ဥကၠ႒ ဦးေဇာ္ထြန္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕ရွိ ဂႏၶာမာဟုိးေဆးခန္းမတြင္ ေအာက္တုိဘာလ ၃၀ ရက္ကက်င္းပေသာ YUPT ႏွစ္ပတ္လည္ အစည္းအေ၀းႏွင့္ဒါရုိက္တာသစ္ေရြးခ်ယ္ပြဲအခမ္းအနားတြင္ ေျပာၾကားျခင္းျဖစ္သည္။

“ ကြ်န္ေတာ့္ရွင္းလင္းခ်က္မွာလည္းပါပါတယ္။ ၂၀၁၇ တုန္းကတစ္ႀကိမ္၊ စုစုေပါင္းရွယ္ယာေငြ ၂ ႀကိမ္၊ သူတုိ႔ကုိ ကြ်န္ေတာ္ေပးခဲ့ပါတယ္။ ၃ ႏွစ္ဆက္တုိက္မေပးဘူးဆုိတာေတာ့မဟုတ္ပါဘူး။ ကြ်န္ေတာ္တုိ႔ ေျပာတဲ့စကားေတြကို “က”ကေန “ယ”လုိ႔ယူဆတာကုိပဲကြ်န္ေတာ္စိတ္မေကာင္းတာပါ။ “ယ”လုိ႔ယူဆၿပီး ကုိယ္ထင္ရာေတြကုိယ္ေျပာေနၾကတာကေတာ့ မသင့္ေတာ္ဘူးလုိ႔ ျမင္ပါတယ္။ ကုိယ့္ကုိယ္ကုိယ္ လူႀကီးလူေကာင္းဆုိရင္လည္း ကုိယ့္အရွိန္ေလးေတြသတ္ရမွာပါ။  ေစာ္ကားရင္ေတာ့ ေစာ္ကားတဲ့ဥပေဒေၾကာင္းအရ ကြ်န္ေတာ္သြားမွာပါ။’’ဟု ရန္ကုန္ၿမိဳ႕ျပအမ်ားျပည္သူသယ္ယူပုိ႔ေဆာင္ေရး၊ အမ်ားႏွင့္သက္ဆုိင္ေသာကုမဏီလိမိတက္(YUPT) မွ ဥကၠ႒ ဦးေဇာ္ထြန္းက ေျပာသည္။

YUPT ႏွစ္ပတ္လည္အစည္းအေ၀းတြင္ ရွယ္ယာရွင္မ်ားက ဒါရုိက္တာေရြးခ်ယ္ျခင္းအခမ္းအနားကုိ ေအာ္ဟစ္ကန္႔ကြက္ခဲ့ၿပီး ၄င္းတုိ႔တင္ေျမွာက္ေသာရွယ္ယာရွင္ဒါရုိက္တာမ်ားနည္းတူ အစုိးရခန္႔အပ္ေသာ လူႀကီးမ်ားလည္း ႏုတ္ထြက္ေပးရန္၊ အျမတ္ေငြ ၁ ႀကိမ္မွမရသည့္အေပၚရွင္းလင္းေပးရန္ ၊ ရွယ္ယာမ်ား ျပန္ထုတ္ေပးရန္ စသျဖင့္ေတာင္းဆုိခဲ့ၾကသည္။

အဆုိပါေတာင္းဆုိခ်က္မ်ားႏွင့္ပတ္သက္ၿပီး ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႕မွ ၀န္ႀကီးခ်ဳပ္ထံ ျပန္လည္တင္ျပထားေၾကာင္းလည္း ေဒါက္တာေမာင္ေအာင္က အခမ္းအနားတြင္ေျဖရွင္းခဲ့သည္။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

ရှယ်ယာရှင်များကို ၃ နှစ်ဆက်တိုက်ရှယ်ယာငွေမပေးခဲ့ဆိုခြင်းမှာမဟုတ်မှန်ဟု YUPT ဥက္ကဋ္ဌဖြေရှင်း

ရှယ်ယာရှင်များကို ၃ နှစ်ဆက်တိုက် ရှယ်ယာငွေများမပေးခဲ့ဆိုခြင်းမှာမဟုတ်မှန်ဘဲ ၂ ကြိမ်ပေးခဲ့ကြောင်း ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက်(YUPT) မှ ဥက္ကဋ္ဌ ဦးဇော်ထွန်းက ပြောသည်။

ရန်ကုန်မြို့ရှိ ဂန္ဓာမာဟိုးဆေးခန်းမတွင် အောက်တိုဘာလ ၃၀ ရက်ကကျင်းပသော YUPT နှစ်ပတ်လည် အစည်းအဝေးနှင့်ဒါရိုက်တာသစ်ရွေးချယ်ပွဲအခမ်းအနားတွင် ပြောကြားခြင်းဖြစ်သည်။

“ ကျွန်တော့်ရှင်းလင်းချက်မှာလည်းပါပါတယ်။ ၂၀၁၇ တုန်းကတစ်ကြိမ်၊ စုစုပေါင်းရှယ်ယာငွေ ၂ ကြိမ်၊ သူတို့ကို ကျွန်တော်ပေးခဲ့ပါတယ်။ ၃ နှစ်ဆက်တိုက်မပေးဘူးဆိုတာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြောတဲ့စကားတွေကို “က”ကနေ “ယ”လို့ယူဆတာကိုပဲကျွန်တော်စိတ်မကောင်းတာပါ။ “ယ”လို့ယူဆပြီး ကိုယ်ထင်ရာတွေကိုယ်ပြောနေကြတာကတော့ မသင့်တော်ဘူးလို့ မြင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လူကြီးလူကောင်းဆိုရင်လည်း ကိုယ့်အရှိန်လေးတွေသတ်ရမှာပါ။  စော်ကားရင်တော့ စော်ကားတဲ့ဥပဒေကြောင်းအရ ကျွန်တော်သွားမှာပါ။’’ဟု ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက်(YUPT) မှ ဥက္ကဋ္ဌ ဦးဇော်ထွန်းက ပြောသည်။

YUPT နှစ်ပတ်လည်အစည်းအဝေးတွင် ရှယ်ယာရှင်များက ဒါရိုက်တာရွေးချယ်ခြင်းအခမ်းအနားကို အော်ဟစ်ကန့်ကွက်ခဲ့ပြီး ၎င်းတို့တင်မြှောက်သောရှယ်ယာရှင်ဒါရိုက်တာများနည်းတူ အစိုးရခန့်အပ်သော လူကြီးများလည်း နုတ်ထွက်ပေးရန်၊ အမြတ်ငွေ ၁ ကြိမ်မှမရသည့်အပေါ်ရှင်းလင်းပေးရန် ၊ ရှယ်ယာများ ပြန်ထုတ်ပေးရန် စသဖြင့်တောင်းဆိုခဲ့ကြသည်။

အဆိုပါတောင်းဆိုချက်များနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ထံ ပြန်လည်တင်ပြထားကြောင်းလည်း ဒေါက်တာမောင်အောင်က အခမ်းအနားတွင်ဖြေရှင်းခဲ့သည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။