Skip to main content
လုံခြုံရေးအရခက်ခဲသောနေရာများတွင် ဝက်သက်ကူးစက်ဖြစ်ပွားမှုများပြားလာဟု ဆို
Ads Block

လုံခြုံရေးအရခက်ခဲသောနေရာများတွင် ဝက်သက်ကူးစက်ဖြစ်ပွားမှုများပြားလာဟု ဆို

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကာကွယ်ဆေး ၁၁ မျိုး ထိုးနှံတိုက်ကျွေးပြီး ကာကွယ်ဆေးလွှမ်းခြုံမှု ၉၀ ရာခိုင်နှုန်းအထက်ရှိသော်လည်း လုံခြုံရေးအရခက်ခဲသောနေရာများတွင် ဝက်သက်ဖြစ်ပွားမှုများပြားလာခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံ့မြို့နယ်အတွင်း အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ကျင်းပသော ကာကွယ်ဆေးထိုးလုပ်ငန်းဖွင့်လှစ်ပွဲအခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဒေါက်တာသာထွန်းကျော်ပြောပြချက်အရ သိရခြင်းဖြစ်သည်။

“ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှ ကလေးငယ်များကိုပုံမှန် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာမှာ ကာကွယ်ဆေး ၁၁ မျိုးနဲ့ထိုးနှံတိုက်ကျွေးပေးလျက်ရှိပါတယ်။ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအားဖြင့် ၉၀ ရာခိုင်နှုန်းအထက်ရှိသော်လည်း ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များမှာ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးတဲ့လုပ်ငန်းလွှမ်းခြုံမှုနည်းပါးသော ဝေးလံခက်ခဲဒေသများနဲ့ လုံခြုံရေးအရ ခက်ခဲသောနေရာဒေသများမှာ ဝက်သက်ရောဂါကူးစက်ဖြစ်ပွားမှုများပြားလာခဲ့ပါတယ်။ အဓိကတေ့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်ပါတယ်’’ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က ပြောသည်။

လက်ရှိတွင်အောက်တိုဘာလနောက်ဆုံးအပတ်တွင်း မြို့နယ် ၉၆ မြို့နယ်၌ မွေးစမှအသက် ၅ နှစ်အထိ ကလေး ၁.၂ သန်းကို ပိုလီယိုအစက်ချကာကွယ်ဆေးများ တစ်ပြိုင်နက်တည်းတိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၁၈ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ဝက်သက်ရောဂါဖြစ်ပွားသူ ၁၂၇၆ ဦးရှိခဲ့ကြောင်း သိရသည်။


မင်းသီဟန်(အကုန်သိသတင်းဌာန) 

Zawgyi Version

လုံၿခဳံေရးအရခက္ခဲေသာေနရာမ်ားတြင္ ၀က္သက္ကူးစက္ျဖစ္ပြားမႈမ်ားျပားလာဟု ဆုိ

က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနအေနျဖင့္ ကာကြယ္ေဆး ၁၁ မ်ိဳး ထုိးႏွံတုိက္ေကၽြးၿပီး ကာကြယ္ေဆးလႊမ္းၿခဳံမႈ ၉၀ ရာခုိင္ႏႈန္းအထက္ရွိေသာ္လည္း လုံၿခံဳေရးအရခက္ခဲေသာေနရာမ်ားတြင္ ၀က္သက္ျဖစ္ပြားမႈမ်ားျပားလာခဲ့ေၾကာင္း သိရသည္။

ကရင္ျပည္နယ္၊ ဘားအံ့ၿမိဳ႕နယ္အတြင္း ေအာက္တုိဘာလေနာက္ဆုံးပတ္အတြင္း က်င္းပေသာ ကာကြယ္ေဆးထုိးလုပ္ငန္းဖြင့္လွစ္ပြဲအခမ္းအနားတြင္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ အၿမဲတမ္းအတြင္း၀န္ေဒါက္တာသာထြန္းေက်ာ္ေျပာျပခ်က္အရ သိရျခင္းျဖစ္သည္။

“ က်န္းမာေရးနဲ႔အားကစား၀န္ႀကီးဌာနမွ ကေလးငယ္မ်ားကုိပုံမွန္ ကာကြယ္ေဆးထုိးႏွံ၊ တုိက္ေကြ်းျခင္း လုပ္ငန္းမ်ားကုိေဆာင္ရြက္လ်က္ရွိရာမွာ ကာကြယ္ေဆး ၁၁ မ်ိဳးနဲ႔ထုိးနွံတုိက္ေကြ်းေပးလ်က္ရွိပါတယ္။ ကာကြယ္ေဆးထုိးလႊမ္းၿခဳံမႈအားျဖင့္ ၉၀ ရာခုိင္နႈန္းအထက္ရွိေသာ္လည္း ၂၀၁၈ ခုႏွစ္နွင့္ ၂၀၁၉ ခုႏွစ္မ်ားမွာ ပုံမွန္ကာကြယ္ေဆးထုိးႏွံေပးတဲ့လုပ္ငန္းလႊမ္းၿခဳံမႈနည္းပါးေသာ ေ၀းလံခက္ခဲေဒသမ်ားနဲ႔ လုံၿခဳံေရးအရ ခက္ခဲေသာေနရာေဒသမ်ားမွာ ၀က္သက္ေရာဂါကူးစက္ျဖစ္ပြားမႈမ်ားျပားလာခဲ့ပါတယ္။ အဓိကေတ့ ရွမ္းျပည္နယ္၊ ကရင္ျပည္နယ္တုိ႔မွာကူးစက္ျဖစ္ပြားမႈအမ်ားဆံုးျဖစ္ပါတယ္’’ဟု က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွအၿမဲတမ္းအတြင္း၀န္ ေဒါက္တာသာထြန္းေက်ာ္က ေျပာသည္။

လက္ရွိတြင္ေအာက္တုိဘာလေနာက္ဆုံးအပတ္တြင္း ၿမိဳ႕နယ္ ၉၆ ၿမိဳ႕နယ္၌ ေမြးစမွအသက္ ၅ ႏွစ္အထိ ကေလး ၁.၂ သန္းကုိ ပုိလီယုိအစက္ခ်ကာကြယ္ေဆးမ်ား တစ္ၿပိဳင္နက္တည္းတုိက္ေကြ်းသြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ၂၀၁၈ခုနွစ္အတြင္း ျမန္မာတစ္ႏုိင္ငံလုံး၌ ၀က္သက္ေရာဂါျဖစ္ပြားသူ ၁၂၇၆ ဦးရွိခဲ့ေၾကာင္း သိရသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။