Skip to main content
Ads Block







 

Unicode version

ယာဉ်မောင်းနှင်ခွင့် စမတ်ကတ်များ ယခုလအကုန် နောက်ဆုံးထားလျှောက်ထားရမည်

ယာဉ်လိုင်းကုမ္ပဏီများအနေဖြင့် ကျန်ရှိနေသည့် ယာဉ်မောင်းနှင်ခွင့် စမတ်ကတ်များအား အောက်တိုဘာလ ၃၁ ရက်နောက်ဆုံးထားကာ လာရောက်လျှောက်ထားရမည်ဖြစ်ပြီး အမြန်ဆုံးပြန်လည်ထုတ်ပေးနိုင်ရန် အတွက် လည်း စီစဉ်လုပ်ဆောင်ထားကြောင်း YRTA မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောသည်။



လက်ရှိ အချိန်တွင် ယာဉ်မောင်း ၄၉၅၀ ဦးကို စမတ်ကတ် ထုတ်ပေးထားပြီဖြစ်ပြီး ထိုအထဲတွင် အမျိုးသမီး ယာဉ်မောင်း ၅ ဦးပါရှိကြော င်း သိရသည်။
စမတ်ကတ်များကို  YBS ယာဉ်မောင်းများသာမကဘဲ ကျောင်းကြိုပို့ကားများမှ ယာဉ်မောင်းများကိုလည်း လုပ် ဆောင်ပေးထားကြောင်း သိရသည်။
စမတ်ကတ်အသုံးပြုခြင်းကြောင့် ကုမ္ပဏီအတွက် သာမကဘဲ ယာဉ်မောင်းများအတွက်လည်း အားသာချက်များ ရရှိနိုင်မည်ဖြစ်ပြီး YRTA အနေဖြင့် ယာဉ်မောင်းများ၏ မောင်းနှင်မှုအခြေအနေများနှင့် မည်သည့်ယာဉ်လိုင်းတွင် မောင်းနှင်ခဲ့သည်ဆိုသည့် အခြေအနေများအား မှတ်တမ်းထားရှိသွားမည်ဖြစ်သည့် အတွက် ID နံပတ်ဖြင့် ပြန် လည် စစ်ဆေးပါက ယာဉ်မောင်း၏ ကိုယ်ရေးအချက်အလက်များအား အ တည်ပြုရယူသွားနိုင်မည်ဖြစ်ကြောင်း ဦးညီညီမော်က ပြောကြားသည်။
နောက်ပိုင်းကာလများတွင် ယခုထက်ပိုမိုအဆင့်မြင့်သည့် စောင့်ကြည့်ထိန်းချုပ်ရေးစနစ်သို့ ထပ်မံကူး ပြောင်း လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြောင်းလဲလုပ်ဆောင်မည့် စနစ်တွင် လက်ရှိထုတ်ပေးထားသည့် ID ကတ် ပြားအား ယာဉ်မောင်းနှင်မှုမပြုခင် ယာဉ်ပေါ်တက်သည်နှင့် စက်ထဲသို့ ထည့်သွင်းရမည်ဖြစ်ကြောင်း ထိုကဲ့ သို့ လုပ်ဆောင်ရခြင်းမှာ ယာဉ်ပေါ်တွင် မည်သည့်ယာဉ်မောင်း မောင်းနှင်နေသည်ဆိုသည်အား သိရှိနိုင်ရန်ဖြစ် ကြောင်း သိရသည်။

- ရဲဇော်ထိုက်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။