Skip to main content
အိမ္ၿခံေျမေစ်းကြက္ အတက္ဘက္သို႔ ဦးတည္လာေသာ္လည္း အေရာင္းအ၀ယ္ေအးလွ်က္ရိွ 
Ads Block

အိမ္ၿခံေျမေစ်းကြက္ အတက္ဘက္သို႔ ဦးတည္လာေသာ္လည္း အေရာင္းအ၀ယ္ေအးလွ်က္ရိွ 

ရန္ကုန္ အိမ္ၿခံေျမေစ်းကြက္အတြင္း ၂၀၁၅ ခုႏွစ္မွ စတင္၍ ေစ်းႏႈန္းအက်ဘက္သို႔ ဦးတည္ေနရာမွ လက္ရွိ အခ်ိန္တြင္ ေစ်းႏႈန္းအနည္းငယ္ ျပန္လည္ျမင့္တက္လာေနေၾကာင္း အိမ္ၿခံေျမ အက်ိဳးေဆာင္လုပ္ငန္း လုပ္ကိုင္ သူမ်ားထံမွ သိရသည္။
ယင္းကဲ့သို႔ ေစ်းႏႈန္းမ်ား တက္လာေသာ္လည္း အေရာင္းအ၀ယ္ပိုင္းတြင္ ေအးစက္ေနဆဲ ျဖစ္ေနေသးေၾကာင္းလည္း သိရသည္။
အိမ္ၿခံေျမေစ်းကြက္အတြင္း က်ပ္သိန္းတစ္ေထာင္ေအာက္ တိုက္ခန္းႏွင့္ ေျမကြက္မ်ားသာ အေရာင္းအ၀ယ္ျဖစ္ေပၚေနၿပီး စမ္းေခ်ာင္း၊ ၾကည့္ျမင္တိုင္၊ ေတာင္ဥကၠလာပ၊ မရမ္းကုန္း၊ သာေကတ၊ ဒဂံုဆိပ္ကမ္းစသည့္ ၿမိဳ႕နယ္မ်ားတြင္ အေရာင္းအ၀ယ္ျဖစ္ေပၚေနလွ်က္ရွိေၾကာင္းသိရသည္။
ေစ်းကြက္အတြင္း ယခုႏွစ္ အစပိုင္းအထိ ေစ်းႏႈန္းႏွင့္ အေရာင္းအ၀ယ္ပိုင္းက်ဆင္းေနခဲ့ၿပီး ဇူလိုင္လမွ စတင္ ကာ အေရာင္းအ၀ယ္ျပန္လည္ျဖစ္ေပၚလာခဲ့ေၾကာင္း ထိုကဲ့သို႔အေရာင္းအ၀ယ္ ျပန္လည္ျဖစ္ေပၚ လာရျခင္းမွာ လည္း အစိုးရပိုင္းမွ အခြန္ႏႈန္းထားမ်ားအား ေလွ်ာ့ခ်ေပးလိုက္သည့္အတြက္ အိမ္ၿခံေျမေစ်းကြက္အတြင္း အ ေရာင္းအ၀ယ္မ်ား ျပန္လည္အသက္၀င္လာျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ အိမ္ၿခံေျမ ၀န္ေဆာင္မႈ အသင္း ဒုတိယ ဥကၠ႒ ဦးသန္းဦးက ေျပာသည္။

အိမ္ၿခံေျမေစ်းကြက္ အတက္ဘက္သို႔ ဦးတည္လာေသာ္လည္း အေရာင္းအ၀ယ္ေအးလွ်က္ရိွ 


“ျပည္တြင္းေငြေၾကး လွည့္ပတ္မႈအား နည္းပါးေနတဲ့အတြက္ ျပည္သူေတြ စီးပြားေရးက်ဆင္းေနတာေတြေၾကာင့္ အိမ္ၿခံေျမေစ်းကြက္အတြင္းမွာ ေစ်းႏႈန္းအျမင့္ပိုင္းေတြအေရာင္းအ၀ယ္နည္းပါးေနၿပီးေတာ့ သိန္းရာ ဂဏန္းေလာက္ဘဲရွိတဲ့ ေနရာေတြမွာ အေရာင္းအ၀ယ္ျပန္လိုက္ေနတယ္” ဟု ဦးသန္းဦးက ေျပာသည္။
သီတင္းကၽြတ္ကာလေက်ာ္လြန္လာၿပီျဖစ္သည့္အတြက္ အိမ္ၿခံေျမေစ်းကြက္အတြင္း အေရာင္းအ၀ယ္ပိုင္း အနည္းငယ္ျပန္လည္လႈပ္ရွားလာျခင္းျဖစ္ၿပီး လက္ရွိေစ်းႏႈန္းပိုင္းအေနျဖင့္ ျပန္လည္ကာ က်ဆင္းသြားႏိုင္သည့္ အရိပ္အေရာင္မေတြ႕ရေၾကာင္း သိရသည္။
“ေစ်းႏႈန္းပိုင္းကေတာ့ က်သြားဖို႔ သိပ္မျမင္ဘူး။ မတက္ရင္သာ မတက္မွာ ျပန္က်ဖို႔ေတာ့ မျဖစ္ႏိုင္ဘူး။ အခု အေရာင္းအ၀ယ္ေတြကလည္း ျပန္ၿပီးေတာ့ ေကာင္းလာေနတယ္လို႔ ဆိုရမယ္။ ဘာျဖစ္လို႔ ေစ်းမက်ႏိုင္ ဘူးလဲ ဆိုရင္ အခြန္ႏႈန္းထားေတြ ေလွ်ာ့ခ်လိုက္တဲ့အတြက္ ေၾကာင့္ပါ။” လို႔ သစၥာအိမ္ၿခံေျမ ၀န္ေဆာင္မႈလုပ္ငန္းမွ ကိုမင္းေဇာ္က ေျပာသည္။

- ရဲေဇာ္ထိုက္ (အကုန္သိသင္းဌာန)

 

Unicode version

အိမ်ခြံမြေဈေးကွက် အတက်ဘက်သို့ ဦးတည်လာသော်လည်း အရောင်းအဝယ်အေးလျှက်ရှိ 

ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း ၂၀၁၅ ခုနှစ်မှ စတင်၍ ဈေးနှုန်းအကျဘက်သို့ ဦးတည်နေရာမှ လက်ရှိ အချိန်တွင် ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင် သူများထံမှ သိရသည်။
ယင်းကဲ့သို့ ဈေးနှုန်းများ တက်လာသော်လည်း အရောင်းအဝယ်ပိုင်းတွင် အေးစက်နေဆဲ ဖြစ်နေသေးကြောင်းလည်း သိရသည်။
အိမ်ခြံမြေဈေးကွက်အတွင်း ကျပ်သိန်းတစ်ထောင်အောက် တိုက်ခန်းနှင့် မြေကွက်များသာ အရောင်းအဝယ်ဖြစ်ပေါ်နေပြီး စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာပ၊ မရမ်းကုန်း၊ သာကေတ၊ ဒဂုံဆိပ်ကမ်းစသည့် မြို့နယ်များတွင် အရောင်းအဝယ်ဖြစ်ပေါ်နေလျှက်ရှိကြောင်းသိရသည်။
ဈေးကွက်အတွင်း ယခုနှစ် အစပိုင်းအထိ ဈေးနှုန်းနှင့် အရောင်းအဝယ်ပိုင်းကျဆင်းနေခဲ့ပြီး ဇူလိုင်လမှ စတင် ကာ အရောင်းအဝယ်ပြန်လည်ဖြစ်ပေါ်လာခဲ့ကြောင်း ထိုကဲ့သို့အရောင်းအဝယ် ပြန်လည်ဖြစ်ပေါ် လာရခြင်းမှာ လည်း အစိုးရပိုင်းမှ အခွန်နှုန်းထားများအား လျှော့ချပေးလိုက်သည့်အတွက် အိမ်ခြံမြေဈေးကွက်အတွင်း အ ရောင်းအဝယ်များ ပြန်လည်အသက်ဝင်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။

အိမ္ၿခံေျမေစ်းကြက္ အတက္ဘက္သို႔ ဦးတည္လာေသာ္လည္း အေရာင္းအ၀ယ္ေအးလွ်က္ရိွ 
“ပြည်တွင်းငွေကြေး လှည့်ပတ်မှုအား နည်းပါးနေတဲ့အတွက် ပြည်သူတွေ စီးပွားရေးကျဆင်းနေတာတွေကြောင့် အိမ်ခြံမြေဈေးကွက်အတွင်းမှာ ဈေးနှုန်းအမြင့်ပိုင်းတွေအရောင်းအဝယ်နည်းပါးနေပြီးတော့ သိန်းရာ ဂဏန်းလောက်ဘဲရှိတဲ့ နေရာတွေမှာ အရောင်းအဝယ်ပြန်လိုက်နေတယ်” ဟု ဦးသန်းဦးက ပြောသည်။
သီတင်းကျွတ်ကာလကျော်လွန်လာပြီဖြစ်သည့်အတွက် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ပိုင်း အနည်းငယ်ပြန်လည်လှုပ်ရှားလာခြင်းဖြစ်ပြီး လက်ရှိဈေးနှုန်းပိုင်းအနေဖြင့် ပြန်လည်ကာ ကျဆင်းသွားနိုင်သည့် အရိပ်အရောင်မတွေ့ရကြောင်း သိရသည်။
“ဈေးနှုန်းပိုင်းကတော့ ကျသွားဖို့ သိပ်မမြင်ဘူး။ မတက်ရင်သာ မတက်မှာ ပြန်ကျဖို့တော့ မဖြစ်နိုင်ဘူး။ အခု အရောင်းအဝယ်တွေကလည်း ပြန်ပြီးတော့ ကောင်းလာနေတယ်လို့ ဆိုရမယ်။ ဘာဖြစ်လို့ ဈေးမကျနိုင် ဘူးလဲ ဆိုရင် အခွန်နှုန်းထားတွေ လျှော့ချလိုက်တဲ့အတွက် ကြောင့်ပါ။” လို့ သစ္စာအိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းမှ ကိုမင်းဇော်က ပြောသည်။

- ရဲဇော်ထိုက် (အကုန်သိသင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။