Skip to main content
ကေမၻာဇဘဏ္မွ ေခ်းေငြ မရေတာ့သည့္အတြက္ အခက္အခဲမ်ားျဖစ္ေပၚေနေၾကာင္း Water Bus တာ၀န္ရိွသူဆို
Ads Block

ကေမၻာဇဘဏ္မွ ေခ်းေငြ မရေတာ့သည့္အတြက္ အခက္အခဲမ်ားျဖစ္ေပၚေနေၾကာင္း Water Bus တာ၀န္ရိွသူဆို

မူ၀ါဒတစ္ခုေၾကာင့္ Water Bus အေနျဖင့္ ကေမၻာဇဘဏ္မွ ေခ်းေငြထပ္မရေတာ့ေၾကာင္း ရန္ကုန္ျမစ္အတြင္း Water Bus ခရီး စဥ္မ်ားေျပးဆြဲေပးေသည့္ တင့္တင့္ျမန္မာ ကုမၸဏီ ဥကၠ႒ ေဒၚတင့္တင့္လြင္က ေျပာသည္။
ေအာက္တိုဘာလ ဒုတိယပတ္အတြင္း အကုန္သိသတင္းဌာနႏွင့္ သီးသန္႔ေတြ႔ဆံုျမန္းျမန္းရာတြင္ တင့္တင့္ျမန္မာကုမၸဏီ ဥကၠ႒ ကေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“အခုဆိုရင္ အစ္မ ၀န္ထမ္းေတြ အမ်ားႀကီးကို ေလွ်ာ့ခ်လိုက္ရတယ္။ အစ္မ စိတ္ေတာ့ ေတာ္ေတာ္မေကာင္းဘူး။ ဒါေပမဲ့လည္း အစ္မ လုပ္လိုက္ရတယ္။ ဘာျဖစ္သြားလဲဆို ေတာ့ KBZ Bank သည္ အစ္မတို႔ေတြကို အစပိုင္းက ေငြေၾကးဆိုင္ရာ ေထာက္ပံ့မႈ ေပးခဲ့တယ္။ လုပ္ေနတဲ့ အခ်ိန္အတြင္းမွာပဲ Policy တစ္ခုေၾကာင့္ သူတို႔ရဲ႕ဘဏ္နဲ႔ပတ္သက္တဲ့ Policy တစ္ခုေၾကာင့္ ဆိုၿပီးေတာ့ ေခ်းေငြကို ထပ္ၿပီးေတာ့ ခ်ေပးလို႔မရေတာ့ ဘူးျဖစ္ခဲ့တယ္။ အဲဒီကိစၥကေတာ့ အစ္မဘက္နဲ႔ေတာ့ မသက္ဆိုင္ဘူး။ ဒါကေတာ့ အ မ်ားနဲ႔ဆိုင္တဲ့ Policy တစ္ခုေၾကာင့္ စီမံကိန္းစၿပီးခ်င္း တစ္၀က္မွာတင္ပဲ အပိုင္းႏွစ္ကို ဆက္သြားလို႔မရေတာ့ဘူး။ အ့ဲဒါေၾကာင့္ လည္း အစ္မရဲ႕စီမံကိန္းမွာ ခ်ထားတဲ့ Plan A အတိုင္းသြားလို႔မရေတာ့ဘဲနဲ႔ Plan B အတိုင္းပဲသြားရတယ္” ဟု ၄င္းကေျပာသည္။
 ရန္ကုန္ျမစ္အတြင္း Water Bus  ေရယာဥ္မ်ား ေျပးဆြဲရန္ တင့္တင့္ျမန္မာ ကုမၸဏီႏွင့္ ရန္ကနု္တုိင္းေဒသႀကီးအစုိးရတုိ႔ ၂၀၁၇ ခုနွစ္ အတြင္းက လုပ္ငန္းလုပ္ကုိင္ခြင့္ သေဘာတူလက္မွတ္ေရးထုိးခဲ့ျခင္းျဖစ္ၿပီး စတင္ေျပးဆြဲစဥ္က ေရယာဥ္ ၁၆ စီးျဖင့္ စတင္ ခဲ့ကာ ၂၀၁၉ ခုနွစ္ ေအာက္တုိဘာလဆန္းတြင္ ေရယာဥ္ေျပးဆြဲမႈမ်ား ယာယီရပ္ဆုိင္းခဲ့သည္။
“Plan B အတိုင္းသြားတဲ့ အခါမွာေတာ့ အစ္မအေနနဲ႔ ႏိုင္ငံျခားက ရင္းႏွီးျမွဳပ္ႏွံမႈေတြကို ရွာရတယ္။ ကိုယ္ပိုင္၀င္ေငြနဲ႔ ကို္ယ္ပိုင္ ပိုက္ဆံနဲ႔ပဲ စီမံခန္႔ခြဲရတယ္။ အဲဒီလို အခ်ိန္မွာလည္း နွစ္အခ်က္ျဖစ္တဲ့ အစိုးရဘက္က ေထာက္ပံ့ဖို႔ လိုအပ္တဲ့ အခ်က္ေလးေတြရွိ သြားျပန္တယ္။ ဘာလဲဆိုေတာ့ အစိုးရကိုယ္တိုင္က  ၁၀၀ ရာခိုင္ႏႈန္း ပံ့ပိုးေပးပါတယ္။ အဲဒီဟာက ဘာလဲဆိုေတာ့ ႏိုင္ငံေတာ္ သမၼတ အဆင့္ထိ အစ္မတို႔ကို အားေပးခဲ့တယ္။ အခုခ်ိန္ထိလည္း အားေပးလ်က္ရွိတယ္။ ဒါေပမဲ့ အခက္အခဲရွိေနတာက ဘာလဲ ဆိုေတာ့ အစ္မတို႔ရဲ႕စီမံကိန္း Plan ဟာဆိုလို႔ရွိရင္ ေျခာက္လအတြင္းမွာ အစ္မတို႔လိုခ်င္တဲ့ ေျမေနရာေတြ အားလံုးဟာ လံု ေလာက္တဲ့ အတိုင္းအတာ ပမာဏ ရကို ရရွိရမယ္”ဟု ေဒၚတင့္တင့္လြင္က ေျပာသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

ကမ္ဘောဇဘဏ်မှ ချေးငွေ မရတော့သည့်အတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်း Water Bus တာဝန်ရှိသူဆို

မူဝါဒတစ်ခုကြောင့် Water Bus အနေဖြင့် ကမ္ဘောဇဘဏ်မှ ချေးငွေထပ်မရတော့ကြောင်း ရန်ကုန်မြစ်အတွင်း Water Bus ခရီး စဉ်များပြေးဆွဲပေးသေည့် တင့်တင့်မြန်မာ ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောသည်။
အောက်တိုဘာလ ဒုတိယပတ်အတွင်း အကုန်သိသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမြန်းမြန်းရာတွင် တင့်တင့်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌ ကပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုဆိုရင် အစ်မ ဝန်ထမ်းတွေ အများကြီးကို လျှော့ချလိုက်ရတယ်။ အစ်မ စိတ်တော့ တော်တော်မကောင်းဘူး။ ဒါပေမဲ့လည်း အစ်မ လုပ်လိုက်ရတယ်။ ဘာဖြစ်သွားလဲဆို တော့ KBZ Bank သည် အစ်မတို့တွေကို အစပိုင်းက ငွေကြေးဆိုင်ရာ ထောက်ပံ့မှု ပေးခဲ့တယ်။ လုပ်နေတဲ့ အချိန်အတွင်းမှာပဲ Policy တစ်ခုကြောင့် သူတို့ရဲ့ဘဏ်နဲ့ပတ်သက်တဲ့ Policy တစ်ခုကြောင့် ဆိုပြီးတော့ ချေးငွေကို ထပ်ပြီးတော့ ချပေးလို့မရတော့ ဘူးဖြစ်ခဲ့တယ်။ အဲဒီကိစ္စကတော့ အစ်မဘက်နဲ့တော့ မသက်ဆိုင်ဘူး။ ဒါကတော့ အ များနဲ့ဆိုင်တဲ့ Policy တစ်ခုကြောင့် စီမံကိန်းစပြီးချင်း တစ်ဝက်မှာတင်ပဲ အပိုင်းနှစ်ကို ဆက်သွားလို့မရတော့ဘူး။ အဲ့ဒါကြောင့် လည်း အစ်မရဲ့စီမံကိန်းမှာ ချထားတဲ့ Plan A အတိုင်းသွားလို့မရတော့ဘဲနဲ့ Plan B အတိုင်းပဲသွားရတယ်” ဟု ၎င်းကပြောသည်။
 ရန်ကုန်မြစ်အတွင်း Water Bus  ရေယာဉ်များ ပြေးဆွဲရန် တင့်တင့်မြန်မာ ကုမ္ပဏီနှင့် ရန်ကနု်တိုင်းဒေသကြီးအစိုးရတို့ ၂၀၁၇ ခုနှစ် အတွင်းက လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး စတင်ပြေးဆွဲစဉ်က ရေယာဉ် ၁၆ စီးဖြင့် စတင် ခဲ့ကာ ၂၀၁၉ ခုနှစ် အောက်တိုဘာလဆန်းတွင် ရေယာဉ်ပြေးဆွဲမှုများ ယာယီရပ်ဆိုင်းခဲ့သည်။
“Plan B အတိုင်းသွားတဲ့ အခါမှာတော့ အစ်မအနေနဲ့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေကို ရှာရတယ်။ ကိုယ်ပိုင်ဝင်ငွေနဲ့ ကိုယ်ပိုင် ပိုက်ဆံနဲ့ပဲ စီမံခန့်ခွဲရတယ်။ အဲဒီလို အချိန်မှာလည်း နှစ်အချက်ဖြစ်တဲ့ အစိုးရဘက်က ထောက်ပံ့ဖို့ လိုအပ်တဲ့ အချက်လေးတွေရှိ သွားပြန်တယ်။ ဘာလဲဆိုတော့ အစိုးရကိုယ်တိုင်က  ၁၀၀ ရာခိုင်နှုန်း ပံ့ပိုးပေးပါတယ်။ အဲဒီဟာက ဘာလဲဆိုတော့ နိုင်ငံတော် သမ္မတ အဆင့်ထိ အစ်မတို့ကို အားပေးခဲ့တယ်။ အခုချိန်ထိလည်း အားပေးလျက်ရှိတယ်။ ဒါပေမဲ့ အခက်အခဲရှိနေတာက ဘာလဲ ဆိုတော့ အစ်မတို့ရဲ့စီမံကိန်း Plan ဟာဆိုလို့ရှိရင် ခြောက်လအတွင်းမှာ အစ်မတို့လိုချင်တဲ့ မြေနေရာတွေ အားလုံးဟာ လုံ လောက်တဲ့ အတိုင်းအတာ ပမာဏ ရကို ရရှိရမယ်”ဟု ဒေါ်တင့်တင့်လွင်က ပြောသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။