Skip to main content
ဗီယက်နမ်တွင် မယားကြီးက မယားငယ်ဖြစ်သူကို လမ်းမပေါ်ဆွဲခေါ်ကာ ကိုယ်လုံးတီးချွတ်၍ ငံပြာရည်၊ ငရုပ်သီးမှုန့်များဖြင့်လောင်းချခဲ့ 
Ads Block

Akonthi Ads

ဗီယက်နမ်တွင် မယားကြီးက မယားငယ်ဖြစ်သူကို လမ်းမပေါ်ဆွဲခေါ်ကာ ကိုယ်လုံးတီးချွတ်၍ ငံပြာရည်၊ ငရုပ်သီးမှုန့်များဖြင့်လောင်းချခဲ့ 

အသက် ၃၀ အရွယ် ဂျီယန်းဂျွန် အမည်ရ အမျိုးသမီးသည်  ဗီယက်နမ်နိုင်ငံ တန့်ဟွာမြို့ ရှိ အလှပြင်ဆိုင် တွင် အလုပ်လုပ်နေသူဖြစ်သည်။ အင်္ဂါနေ့ ည ၁၀ နာရီခန့် တွင် သူအလုပ်လုပ်နေသော အလှပြင်ဆိုင်တွင်းသို့ အမျိုးသမီးတဦး ဒေါသတကြီးဝင်ရောက်လာပြီး သူမကို လမ်းမပေါ်သို့ ဆွဲထုတ်သွားကာ ကိုယ်လုံးတီးဆွဲချွတ်၍ ငံပြာရည်နှင့် ငရုပ်သီးမှုန့် များဖြင့် လောင်းချခဲ့ကြောင်းသိရသည်။

မျက်မြင်တွေ့ ရှိခဲ့သည့် ဒေးဗစ်ပန် ဆိုသူ၏ အပြောအရ ဂျွန်အား ထိုအမျိုးသမီးမှ Extra Hot ငရုပ်သီးမှုန့်များဖြင့် လောင်းချခဲ့သည်ဟု သိရသည်။ ဤကဲ့သို့ အရှက်ကွဲစေခြင်းလုပ်ရပ်သည် မယားကြီးများက မိမိယောက်ျား၏ မယားငယ်များကို ရင်ဆိုင်တွေ့နည်း ဖြစ်ပြီး ဗီယက်နမ်နိုင်ငံတွင် ပြန့်ပွားနေသည့် လုပ်ရပ်တစ်ခုဖြစ်နေကြောင်းသိရသည်။

ဗီယက်နမ်တွင် မယားကြီးက မယားငယ်ဖြစ်သူကို လမ်းမပေါ်ဆွဲခေါ်ကာ ကိုယ်လုံးတီးချွတ်၍ ငံပြာရည်၊ ငရုပ်သီးမှုန့်များဖြင့်လောင်းချခဲ့ 

ဓါတ်ပုံများကို ပန်က ရိုက်ကူးခဲ့ပြီးယခုအချိန်တွင် ယင်းဖြစ်စဉ်ကို ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ပန်၏ ပြောပြချက်အရ သူမ၏ ၁၀နှစ်တာ အိမ်ထောင်ရေးကို ဒီအလှပြင်ဆိုင်ပိုင်ရှင်က  ဖျက်ဆီးခဲ့သည်ဟု ဆိုကာ ထိုအမျိုးသမီးက ဆဲရေးတိုင်းထွာခဲ့ကြောင်းသိရသည်။ ထိုအမျိုးသမီးကို ကူညီသူများလည်းပါဝင်ကြောင်း၊ ဂျွန်သည် ဆံပင်ဆွဲကာ ပါးလည်းရိုက်ခံခဲ့ရကြောင်း လမ်းမထက်တွင် ထိုသို့ပြုမှုခံရသော်လည်း ဂျွန်က ဘာတခုမှပြန်မလုပ်ခဲ့ကြောင်းသိရသည်။ ငရုပ်သီးမှုန့်အပူလောင်သောကြောင့် ဂျွန်ကို ဆေးရုံသို့ ခေါ်သွားခဲ့ရကြောင်း ပန်က ပြောခဲ့သည်။

အမျိုးသမီးတစ်ဦးက အခြားအမျိုးသမီးကို  ငံပြာရည် ၊ ငရုပ်သီးမှုန့်များဖြင့် တိုက်ခိုက်နေသည်ဟု ည ၁၀ နာရီခန့် တွင် သတင်းရရှိခဲ့ကြောင်း တန့် ဟွာစခန်းမှူးက ဒေသခံ မီဒီယာကို ပြောခဲ့သည်။ အခင်းဖြစ်နေရာသို့ ရဲများရောက်သွားစဉ် ဖြစ်စဉ်၌ ပါဝင်သူများမရှိကြတော့ကြောင်း ၄င်းကပြောခဲ့သည်။ ယခုကိစ္စသည် အရှက်တကွဲဖြစ်စေရန် အကြမ်းဖက်ခြင်းဖြစ်သည့်အတွက် ပြစ်မှုမြောက်ကြောင်း ၄င်းက ပြောခဲ့သည်။

ကျူးလွန်းသူသည် အရှက်တကွဲဖြစ်စေရန် အကြမ်းဖက်မှုနှင့် လူတောမတိုးရဲသည့် အဖြစ်မျိုးရောက်အောင် လုပ်ဆောင်သည့်အတွက် ထောင်ကျနိုင်ကြောင်းသိရသည်။

  • မိုင် (အကုန်သိ သတင်းဌာန)

Ref: Daily Mail 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။