Skip to main content
ရန္ကုန္ၿမိဳ႕ကို အျခားၿမိဳ႕မ်ားထက္ ျပည္တြင္းျပည္ပ ခရီးသြားဧည့္သည္မ်ား ပိုမိုစိတ္၀င္စားလာေစရန္ လုပ္ေဆာင္ေန
Ads Block

ရန္ကုန္ၿမိဳ႕ကို အျခားၿမိဳ႕မ်ားထက္ ျပည္တြင္းျပည္ပ ခရီးသြားဧည့္သည္မ်ား ပိုမိုစိတ္၀င္စားလာေစရန္ လုပ္ေဆာင္ေန

ရန္ကုန္ၿမိဳ႕ကို အျခားၿမိဳ႕မ်ားထက္ ျပည္တြင္း/ျပည္ပခရီးသြား ဧည့္သည္မ်ား ပိုမိုစိတ္၀င္စားစြာ လာေရာက္လည္ပတ္ႏိုင္ရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီး ညႊန္ၾကားေရးမွဴး ဦးႏိုင္၀င္းက ေျပာသည္။
ျပည္တြင္း/ျပည္ပ ခရီးသြားမ်ားအေနျဖင့္ ရန္ကုန္ၿမိဳ႕သို႔ေရာက္ရွိပါက သြားလာလည္ပတ္၍ ေလ့လာစရာ ေနရာ အမ်ားအျပားရွိ ေနေသာ္လည္း ၾကာရွည္စြာေနထိုင္ျခင္းမရွိဘဲ အျခားေသာၿမိဳ႕မ်ားသို႔သာ သြားလာလည္ပတ္ၾကသည့္အတြက္ ရန္ကုန္ၿမိဳ႕အား ခရီးသြားျမွင့္တင္ျခင္းလုပ္ငန္းမ်ားကို ပိုမိုလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ကို အျခားၿမိဳ႕မ်ားထက္ ျပည္တြင္းျပည္ပ ခရီးသြားဧည့္သည္မ်ား ပိုမိုစိတ္၀င္စားလာေစရန္ လုပ္ေဆာင္ေန


“ ျပည္ပဧည့္သည္ေတြလာရင္ ရန္ကုန္ကိုဘဲ အဓိကထားၿပီး လာၾကတယ္။ စီးပြားေရးေတြလာ လုပ္ၾကတယ္။ ၿပီးရင္ အျခားၿမိဳ႕ ေတြကို သြားေရာက္လည္ပတ္ၾကတယ္။ ရန္ကုန္မွာ စိတ္၀င္စားစရာ ေနရာေတြျဖစ္တဲ့ ကိုလိုနီေခတ္အေဆာက္အဦေတြ ၊ ေရွး ေဟာင္းသမိုင္း၀င္ေနရာေတြ၊ ဘာသာေရးအေဆာက္အဦေတြ အမ်ားႀကီးရွိပါတယ္။ ဒါေတြကို ေလ့လာႏိုင္တဲ့အျပင္ အျခားစိတ္ ၀င္းစားစရာ ေနရာေတြကိုလည္း ထပ္မံေဖာ္ေဆာင္ၿပီးေတာ့ ရန္ကုန္ၿမိဳ႕ရဲ႕ ခရီးသြားလုပ္ငန္းဆိုင္ရာ ပံုရိပ္နဲ႔ လုပ္ငန္းေတြကို ျမွင့္ တင္ပံ့ပိုးေပးသြားမွာပါ" ဟု ဟိုတယ္ႏွင့္ခရီးသြားညႊန္ၾကားမႈဦးစီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီး ညႊန္ၾကားေရးမွဴး ဦးႏိုင္၀င္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕ကို အျခားၿမိဳ႕မ်ားထက္ ျပည္တြင္းျပည္ပ ခရီးသြားဧည့္သည္မ်ား ပိုမိုစိတ္၀င္စားလာေစရန္ လုပ္ေဆာင္ေန


ရန္ကုန္ၿမိဳ႕တြင္ ဟိုတယ္လုပ္ငန္းရွင္မ်ားသာမက ျမန္မာႏိုင္ငံ ဟိုတယ္ႏွင့္ခရီးသြား က႑ထဲတြင္ ပါ၀င္သည့္ လုပ္ငန္းမ်ားအားလံုး မွ ပူးေပါင္းေဆာင္ရြက္မည္ဆိုပါက ခရီးသြားပံုရိပ္အား ပိုမိုျမွင့္တင္ႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဟိုတယ္ဆိုင္ရာ လုပ္ငန္းရွင္ မ်ားအသင္း (ရန္ကုန္ဇုန္) ဥကၠ႒ ဦးတင္ျမင့္ကလည္း ေျပာသည္။
"လက္ရွိမွာ ရန္ကုန္ေလဆိပ္ကေန ခရီးသြားေတြ အ၀င္မ်ားေပမယ့္ သူတို႔ေတြ ရန္ကုန္မွာ ၁ ရက္ ေလာက္ပဲ ေနၾကပါေတာ့ တယ္။ ဒါေၾကာင့္ ခရီးသြားေတြ ရန္ကုန္မွာ ၾကာၾကာေနေအာင္၊ လည္ပတ္ႏိုင္ေအာင္၊ ကၽြန္ေတာ္တို႔အေနနဲ႔ ရန္ကုန္ၿမိဳ႕ရဲ႕ သမိုင္း ၀င္အထင္ကရ ေနရာေတြ၊ လည္ပတ္စရာ ေနရာေတြ၊ ေစ်း၀ယ္ႏိုင္ မယ့္ေနရာေတြကို အားလံုးပူးေပါင္းၿပီးေတာ့ ျမွင့္တင္ေရး လုပ္ ငန္းေတြကို လုပ္ေဆာင္သြားမွာျဖစ္ပါတယ္" ဟု ဦးတင္ျမင့္က ေျပာသည္။

ရန္ကုန္ၿမိဳ႕ကို အျခားၿမိဳ႕မ်ားထက္ ျပည္တြင္းျပည္ပ ခရီးသြားဧည့္သည္မ်ား ပိုမိုစိတ္၀င္စားလာေစရန္ လုပ္ေဆာင္ေန


ရန္ကုန္ၿမိဳ႕တြင္း ခရီးသြားလုပ္ငန္းမ်ားအား အဆင့္ျမွင့္တင္လုပ္ေဆာင္သြားမည္ျဖစ္သကဲ့သို႔ ရန္ကုန္ၿမိဳ႕ႏွင့္ အနီးတ၀ိုက္ရွိ ေနရာ ေဒသမ်ားတြင္လည္း ျပည္သူမ်ား အလုပ္အကိုင္ရရွိေစရန္ႏွင့္ ခရီးသြားမ်ားေလ့လာလည္ ပတ္ႏိုင္ေစရန္အတြက္ ရပ္ရြာလူထု အေျချပဳ ခရီးသြားလုပ္ငန္းမ်ားအားလည္း ထပ္မံေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

- ရဲေဇာ္ထိုက္(အကုန္သိသတင္းဌာန)

 

Unicode version

 

ရန်ကုန်မြို့ကို အခြားမြို့များထက် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုစိတ်ဝင်စားလာစေရန် လုပ်ဆောင်နေ

ရန်ကုန်မြို့ကို အခြားမြို့များထက် ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုစိတ်ဝင်စားစွာ လာရောက်လည်ပတ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။
ပြည်တွင်း/ပြည်ပ ခရီးသွားများအနေဖြင့် ရန်ကုန်မြို့သို့ရောက်ရှိပါက သွားလာလည်ပတ်၍ လေ့လာစရာ နေရာ အများအပြားရှိ နေသော်လည်း ကြာရှည်စွာနေထိုင်ခြင်းမရှိဘဲ အခြားသောမြို့များသို့သာ သွားလာလည်ပတ်ကြသည့်အတွက် ရန်ကုန်မြို့အား ခရီးသွားမြှင့်တင်ခြင်းလုပ်ငန်းများကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ ပြည်ပဧည့်သည်တွေလာရင် ရန်ကုန်ကိုဘဲ အဓိကထားပြီး လာကြတယ်။ စီးပွားရေးတွေလာ လုပ်ကြတယ်။ ပြီးရင် အခြားမြို့ တွေကို သွားရောက်လည်ပတ်ကြတယ်။ ရန်ကုန်မှာ စိတ်ဝင်စားစရာ နေရာတွေဖြစ်တဲ့ ကိုလိုနီခေတ်အဆောက်အဦတွေ ၊ ရှေး ဟောင်းသမိုင်းဝင်နေရာတွေ၊ ဘာသာရေးအဆောက်အဦတွေ အများကြီးရှိပါတယ်။ ဒါတွေကို လေ့လာနိုင်တဲ့အပြင် အခြားစိတ် ဝင်းစားစရာ နေရာတွေကိုလည်း ထပ်မံဖော်ဆောင်ပြီးတော့ ရန်ကုန်မြို့ရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုံရိပ်နဲ့ လုပ်ငန်းတွေကို မြှင့် တင်ပံ့ပိုးပေးသွားမှာပါ" ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။
ရန်ကုန်မြို့တွင် ဟိုတယ်လုပ်ငန်းရှင်များသာမက မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍထဲတွင် ပါဝင်သည့် လုပ်ငန်းများအားလုံး မှ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ခရီးသွားပုံရိပ်အား ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင် များအသင်း (ရန်ကုန်ဇုန်) ဥက္ကဋ္ဌ ဦးတင်မြင့်ကလည်း ပြောသည်။
"လက်ရှိမှာ ရန်ကုန်လေဆိပ်ကနေ ခရီးသွားတွေ အဝင်များပေမယ့် သူတို့တွေ ရန်ကုန်မှာ ၁ ရက် လောက်ပဲ နေကြပါတော့ တယ်။ ဒါကြောင့် ခရီးသွားတွေ ရန်ကုန်မှာ ကြာကြာနေအောင်၊ လည်ပတ်နိုင်အောင်၊ ကျွန်တော်တို့အနေနဲ့ ရန်ကုန်မြို့ရဲ့ သမိုင်း ဝင်အထင်ကရ နေရာတွေ၊ လည်ပတ်စရာ နေရာတွေ၊ ဈေးဝယ်နိုင် မယ့်နေရာတွေကို အားလုံးပူးပေါင်းပြီးတော့ မြှင့်တင်ရေး လုပ် ငန်းတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟု ဦးတင်မြင့်က ပြောသည်။
ရန်ကုန်မြို့တွင်း ခရီးသွားလုပ်ငန်းများအား အဆင့်မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်သကဲ့သို့ ရန်ကုန်မြို့နှင့် အနီးတဝိုက်ရှိ နေရာ ဒေသများတွင်လည်း ပြည်သူများ အလုပ်အကိုင်ရရှိစေရန်နှင့် ခရီးသွားများလေ့လာလည် ပတ်နိုင်စေရန်အတွက် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းများအားလည်း ထပ်မံဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

- ရဲဇော်ထိုက်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။