Skip to main content
၂၀၁၈ ခုနှစ်တစ်နှစ်တာအတိုးတက်ဆုံးအားကစားသမားဆုကို သက်ထားသူဇာ ရရှိ 
Ads Block

၂၀၁၈ ခုနှစ်တစ်နှစ်တာအတိုးတက်ဆုံးအားကစားသမားဆုကို သက်ထားသူဇာ ရရှိ 

၂၀၁၈ ခုနှစ် တစ်နှစ်တာအကောင်းဆုံးဆုကို ဝူရူးကစားသမား ၂ ဦးက ရရှိခဲ့ပြီး အတိုးတက်ဆုံး အားကစားသမားအဖြစ် ကြက်တောင်အားကစားမယ်သက်ထားသူဇာကရရှိခဲ့ကြောင်း မြန်မာနိုင်ငံအားကစားမီဒီယာအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုအရှိဆုံးအားကစားများအနက် အောင်မြင်မှုအရှိဆုံး အားကစားသမားများအား အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့်အညီရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အကောင်းဆုံးအားကစားဆုများကို ဝူရူးမှ ငြိမ်းချမ်းကိုကိုနှင့်အေးသစ္စာမြင့်တို့ကရရှိခဲ့ပြီး အထူးဂုဏ်ပြုအားကစားဆုကို ကာယဗလမှ ထွန်းမင်း၊ အတိုးတက်ဆုံးအားကစားသမားဆုအဖြစ် ကြက်တောင်အားကစားမယ် သက်ထားသူဇာ၊ တက်သစ်စလူငယ်အားကစားသမားဆုကိုထွန်းလင်းအောင် (တိုက်ကွမ်ဒို)တို့ကရရှိခဲ့ပြီးလှုပ်ရှားတက်ကြွမှု အကောင်းဆုံးအဖွဲ့ချုပ်ဆုကို ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်နှင့် အကောင်းဆုံးအသင်းလိုက်ဆုကို မြန်မာ့လက်ရွေးစင်ရိုးရာလှေလှော်အသင်းကရရှိခဲ့ကြောင်းသိရသည်။

အဆိုပါဆုရရှိသူများအားဆုချီးမြှင့်ခြင်းကို ရန်ကုန်မြို့၊ကျိုက်က္ကဆံကွင်းအတွင်းရှိ အားကစားနှင့် ကာယပညာသိပ          ္ပံ(ရန်ကုန်)ရှိသင်တန်းခန်းမတွင် အောက်တိုဘာ ၃၁ ရက်၊ နံနက် ၉ နာရီ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

လှုပ်ရှားတက်ကြွမှုအကောင်းဆုံးအဖွဲ့ချုပ်ဆုကိုဂုဏ်ပြုတံဆိပ်ချီးမြှင့်မည်ဖြစ်ပြီး ကျန်ဆု ၆ဆုကို ဂုဏ်ပြုတံဆိပ်အပြင် ဆုကြေးငွေများပါချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာအားကစားမီဒီယာအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံအားကစားကလောင်အဖွဲ့ချုပ်အဖြစ်ရှိစဉ် ၂၀၁၂ ခုနှစ် ၂၀၁၆ ခုနှစ်တို့မှအပ ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်အထိ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

Zawgyi Version









အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။